ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ငှာ ဖာ ရိ ရှဲ နှင့် ဇ ဒ္ဒု ကဲ အ များ လာ ကြ သည် ကို မြင် သော် ယော ဟန် က အ ချင်း မြွေ ဆိုး သား တို့၊ ရောက် လတ္တံ့ သော အ မျက် တော် ဒဏ် မှ ရှောင် ပြေး ကြ ရန် မည် သူ သ တိ ပေး ခဲ့ သ နည်း။
တမန်တော်ဝတ္ထု 15:5 - Garrad Bible ဖာ ရိ ရှဲ ဂိုဏ်း သား အ နက် ယုံ ကြည် သူ အ ချို့ သည် ထ၍ ထို သူ တို့ အား လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး ရ မည့် ပြင် မော ရှေ၏ ပ ညတ် တ ရား ကို စောင့် ရှောက် ရန် မှာ ထား ရ မည် ဟု ဆို ကြ၏။ Common Language Bible သို့ရာတွင်ဖာရိရှဲအဖွဲ့ဝင်များအနက် ယုံ ကြည်သူလူအချို့တို့သည်ထ၍ ``လူမျိုးခြား တို့သည်အရေဖျားလှီးမင်္ဂလာခံရမည်။ မောရှေ ၏ပညတ်တရားကိုစောင့်ထိန်းရမည်'' ဟုဆို ကြ၏။ Judson Bible ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် ထလျက်၊ တစ်ပါးအမျိုးသားတို့အား အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှာ ဆုံးမရမည်ဟုဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဖာရိရှဲဂိုဏ်းထဲမှ ယုံကြည်သူအချို့တို့သည်ထ၍ “လူမျိုးခြားတို့ကို အရေဖျားလှီးခြင်းပေးကြရန်နှင့် မောရှေ၏ပညတ်တရားကို စောင့်ထိန်းကြရန် ညွှန်ကြားရမည်”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဖာရိရှဲဂိုဏ်းဝင်ဖြစ်သော ယုံကြည်သူတချို့သည် ထ၍ “ထိုလူမျိုးခြားတို့အား အရေပြားလှီးခြင်းပြုပေးရမည်။ မောရှေ၏ပညတ်တရားကို လိုက်နာရန် ညွှန်ကြားရမည်” ဟု ပြောဆိုကြ၏။ |
ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ငှာ ဖာ ရိ ရှဲ နှင့် ဇ ဒ္ဒု ကဲ အ များ လာ ကြ သည် ကို မြင် သော် ယော ဟန် က အ ချင်း မြွေ ဆိုး သား တို့၊ ရောက် လတ္တံ့ သော အ မျက် တော် ဒဏ် မှ ရှောင် ပြေး ကြ ရန် မည် သူ သ တိ ပေး ခဲ့ သ နည်း။
ထို အ ခါ အ ချို့ သော သူ တို့ သည် ယု ဒ ပြည် မှ ရောက် လာ၍ ညီ အစ် ကို တို့ အား သင် တို့ သည် မော ရှေ၏ ထုံး နည်း အ တိုင်း လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ လျှင် ကယ် တင် တော် မူ ရာ သို့ မ ရောက် နိုင် ဟု သွန် သင် ကြ ရာ၊
ငါ တို့ ဘောင် မှ လူ အ ချို့ သည် အ ခွင့် မ ရ ဘဲ သူ တို့ သွန် သင် ခြင်း အား ဖြင့် သင် တို့ စိတ် ပျက် အောင် ဒု က္ခ ရှာ ကြောင်း၊
ထို သူ တို့ ကြား သော် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လျက် ပေါ လု အား ပြော ဆို ကြ သည် မှာ ယု ဒ လူ မျိုး အ နက် မည် မျှ အ ထောင် အ သောင်း ယုံ ကြည် ကြ ကြောင်း၊ ရှိ သ မျှ တို့ သည် ပ ညတ် တ ရား တော် ဘက် ၌ စိတ် အား ကြီး သူ ဖြစ် ကြောင်း ညီ မောင် သိ လေ ပြီ။
သို့ ရာ တွင် ကျွန် တော် သည် ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ၌ ရေး ထား သ မျှ ကို ယုံ ကြည် လျက် ဤ သူ တို့ စောင့် မြော် ကြ သည့် အ တိုင်း တ ရား သူ၊ မ တ ရား သူ တို့ ရှင် ပြန် ထ မြောက် ခြင်း ရှိ လိမ့် မည် ဟူ၍ ဘု ရား သ ခင် ကို အား ကိုး စောင့် မျှော် လျက် ပင် ဂိုဏ်း ခွဲ ဟု သူ တို့ ခေါ် ကြ သော မဂ် လမ်း တော် အ လိုက် မိ ရိုး ဖ လာ ဘု ရား သ ခင် အား ဝတ် ပြု ကြောင်း ဝန် ခံ ပါ သည်။
ဤ သူ သည် ဆိုး သွမ်း သူ၊ မြေ တစ် ပြင် လုံး ရှိ ယု ဒ လူ မျိုး တို့ ဘောင် တွင် သောင်း ကျန်း ထ ကြွ စေ သူ၊ နာ ဇ ရက် ဂိုဏ်း သား တို့ ဦး ဆောင် သူ ဖြစ် သည် ကို ကျွန် တော် တို့ တွေ့ မြင် ပါ သည်။
သို့ ရာ တွင် ဤ ဂိုဏ်း နှင့် စပ်၍ အ ရပ် ရပ် တွင် ငြင်း ဆို ကြ ကြောင်း၊ ငါ တို့ သိ ရ သ ဖြင့်၊ သင့် သ ဘော မြတ် ရာ ကို ကြား လို သည် ဟု ပြန် ဆို ကြ၏။
ထို့ ကြောင့် ပ ရော ဟိတ် မင်း နှင့် ဇ ဒ္ဒု ကဲ ဂိုဏ်း သား အ ပေါင်း အ ဖော် ရှိ သ မျှ တို့ ထ ရပ် လျက် များ စွာ မ ရှု စိမ့် သ ဖြင့်၊
လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ပြီး အ ဖြစ် အ နေ၌ ခေါ် ထား တော် မူ သ လော။ ထို မင်္ဂ လာ လ က္ခ ဏာ ကို မ ပျက် စေ နှင့်။ ထို မင်္ဂ လာ မဲ့ အ ဖြစ် အ နေ၌ ခေါ် ထား တော် မူ သ လော။ မ ခံ စေ နှင့်။
သို့ ရာ တွင် ကေ ဖ သည် အ န္တိ အုတ် မြို့ သို့ ရောက် လာ သော် အ ပြစ် ထင် ရှား ပြီး ဖြစ် သော ကြောင့် မျက် နှာ ချင်း ဆိုင် ငါ ခု ခံ ၏။
ထို သို့ သ တင်း တော် မြတ် အ လိုက် စုံ လင် စွာ မ လျောက် မ လိုက် ကြ ကြောင်း ငါ သိ မြင် သော် ရှိ သ မျှ တို့ ရှေ့ ကေ ဖ အား ငါ ဆို သည် မှာ ယု ဒ လူ မျိုး ဖြစ် သော အ ချင်း သည် ယု ဒ လူ မျိုး တို့ ထုံး တမ်း မ ဟုတ်၊ လူ မျိုး ခြား တို့ ထုံး တမ်း အ တိုင်း နေ ထိုင် လျှင် လူ မျိုး ခြား တို့ ကို ယု ဒ လူ မျိုး တို့ ထုံး တမ်း အ တိုင်း အ ဘယ့် ကြောင့် လိုက် စေ သ နည်း။