သင် တို့ ကို လက် ခံ သော သူ သည် ငါ့ ကို လက် ခံ၏။ ငါ့ ကို လက် ခံ သော သူ လည်း ငါ့ ကို စေ လွှတ် တော် မူ သော အ ရှင် ကို လက် ခံ၏။
တမန်တော်ဝတ္ထု 15:4 - Garrad Bible ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ ပြီး နောက် အ သင်း တော် မှ စ၍ တ မန် တော် နှင့် ဥ က္က ဋ္ဌ တို့ လက် ခံ ကြ သည့် ကာ လ သူ တို့ အား ဖြင့် ဘု ရား သ ခင် ပြု တော် မူ သ မျှ ကို ပြန် ကြား ကြ ရာ၊ Common Language Bible ယေရုရှလင်မြို့သို့ဗာနဗတို့ရောက်ကြ သောအခါ အသင်းတော်နှင့်တကွတမန်တော် များ၊ အသင်းတော်လူကြီးများကသူတို့အား ကြိုဆိုလက်ခံသည့်အခါ မိမိတို့အားဘုရား သခင်အသုံးပြုတော်မူပုံအလုံးစုံကိုပြန် ကြားကြ၏။- Judson Bible ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြန်ကြားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျေရုဆလင်မြို့သို့ ရောက်သောအခါ အသင်းတော်၊ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများက လက်ခံကြိုဆိုကြ၏။ ပေါလုနှင့် ဗာနဗတို့သည် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသည့်အမှုအားလုံးကို ပြန်ပြောပြကြ၏။ |
သင် တို့ ကို လက် ခံ သော သူ သည် ငါ့ ကို လက် ခံ၏။ ငါ့ ကို လက် ခံ သော သူ လည်း ငါ့ ကို စေ လွှတ် တော် မူ သော အ ရှင် ကို လက် ခံ၏။
ဆိုက် လျှင် အ သင်း တော် ကို စု ရုံး စေ ပြီး သော် ဘု ရား သ ခင် သည် သူ တို့ အား ဖြင့် ပြု တော် မူ သ မျှ ကိုလည်း ကောင်း၊ လူ မျိုး ခြား တို့ အ ဖို့ ယုံ ကြည် ခြင်း တံ ခါး ဖွင့် တော် မူ ကြောင်း ကိုလည်း ကောင်း ပြန် ကြား ပြီး နောက်၊
ပ ရိ သတ် လုံး ဆိတ် ဆိတ် နေ ကြ ရာ ဗာ န ဗ နှင့် ပေါ လု တို့ လည်း သူ တို့ အား ဖြင့် လူ မျိုး ခြား တို့ ဘောင် တွင် ဘု ရား သ ခင် ပြု တော် မူ သ မျှ နိ မိတ် လ က္ခ ဏာ များ အံ့ ဖွယ် ရာ များ အ ကြောင်း ပြန် ကြား သည် ကို နား ထောင် ကြ ပြီး လျှင်၊
ပေါ လု နှင့် ဗာ န ဗ တို့ တစ် ဘက် ဆို ခဲ့ သူ တို့ တစ် ဘက် များ စွာ ဆွေး နွေး ငြင်း ခုန် ခြင်း ဖြစ် ပေါ် သ ဖြင့် ညီ အစ် ကို တို့ သည် ပေါ လု နှင့် ဗာ န ဗ ကို သူ တို့ အ နက် အ ချို့ ပါ ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် များ ဥ က္က ဋ္ဌများ ထံ သွား ကြ စေ ရန် စီ မံ ကြ၏။
ထို အ ခါ တ မန် တော် များ၊ ဥ က္က ဋ္ဌ များ မှ စ၍ တစ် သင်း လုံး သည် ပေါ လု နှင့် ဗာ န ဗ တို့ ပြင် ညီ အစ် ကို တို့ တွင် အ ကြီး အ မှူး ဖြစ် သူ ဗာ ရှ ဗ္ဗ ခေါ် ယု ဒ နှင့် သိ လ တို့ ကို အ သင်း တော် မှ ရွေး ကောက်၍ အ န္တိ အုတ် မြို့ သို့ စေ လွှတ် သင့် ကြောင်း သ ဘော တူ ကြ သည့် အ တိုင်း သူ တို့ လက် ဖြင့် ပေး လိုက် သော စာ မှာ၊
သို့ ဖြစ်၍ အ သင်း တော် ပို့ လိုက် သော ထို သူ တို့ သည် ဖိ နိတ် နယ်၊ ရှ မာ ရိ နယ် များ ကို ဖြတ် လျက် လူ မျိုး ခြား တို့ ပြောင်း လဲ ခြင်း အ ကြောင်း ကြား ပြော ကြ သ ဖြင့် ညီ အစ် ကို ရှိ သ မျှ တို့ အား ရ ဝမ်း မြောက် ကြ၏။
ထို အ ကြောင်း ကို စဉ်း စား ရန် တ မန် တော် တို့ နှင့် ဥ က္က ဋ္ဌ တို့ စည်း ဝေး လျက် ရှိ ကြ သည့် ကာ လ၊
ထို နောက် မြို့ ရွာ များ ကို လျှောက် သွား ကြ စဉ် ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် နှင့် ဥ က္က ဋ္ဌ တို့ ဆုံး ဖြတ် သော အ ချက် ချက်ကို စောင့် ရှောက် ကြ စေ ရန် ပေး အပ် သည့် အ တိုင်း၊
အာ ပေါ လု သည် အ ခါ ယ ပြည် သို့ ကူး သွား လို သည့် ကာ လ ညီ အစ် ကို တို့ တိုက် တွန်း၍ သူ့ ကို လက် ခံ ကြ စေ ရန် တ ပည့် တော် တို့ ထံ စာ ရေး လိုက် ကြ၏။ ရောက် ပြီး မှ ယေ ရှု သည် ခ ရစ် တော် မှန် ကြောင်း ကျမ်း ကိုး ၍ လူ ပ ရိ သတ် ရှေ့ ဖော် ပြ လျက် ယု ဒ လူ မျိုး တို့ ကို အား ကြီး စွာ ချေ ပ သည့် အ လျောက် ကျေး ဇူး တော် ကြောင့် ယုံ ကြည် သူ တို့ ကို အ ထူး သ ဖြင့် ထောက် မ လေ၏။
ကိုယ် တိုင် အ မှု တော် ဆောင် ရွက် ခြင်း ဖြင့် လူ မျိုး ခြား တို့ ဘောင် တွင် ဘု ရား သ ခင် ပြု တော် မူ ရာ များ ကို အ စဉ် လိုက် ပြန် ကြား သည့် အ တိုင်း၊
နိ မိတ် လ ဏ္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ၏ တန် ခိုး နှင့် လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး နှင့် လည်း ကောင်း၊ ငါ့ အ ပြော အ ဆို အ ပြု အ မူ များ အား ဖြင့် လူ မျိုး ခြား တို့ လိုက် နာ စေ အံ့ သော ငှါ ခ ရစ် တော် ပြု တော် မူ သော အ ရာ များ ကို သာ ငါ ပြော ဝံ့ သည့် အ တိုင်း ငါ သည် ယေ ရု ရှ လင် မြို့ က ဣ လု ရိ ပြည် တိုင် အောင် ဒေ သ စာ ရီ လှည့် လည် လျက် ခ ရစ် တော်၏ သ တင်း တော် မြတ် ကို အ ကုန် အ စင် ကြား ပြော ခဲ့ ပြီ။
သို့ ဖြစ်၍ ဘု ရား သ ခင်၏ ဘုန်း တော် ထင် ရှား စေ ရန် ခ ရစ် တော် သည် သင် တို့ ကို လက် ခံ တော် မူ သည့် နည်း တူ အ ချင်း ချင်း လက် ခံ ကြ လော့။
သို့ ရာ တွင် ဘု ရား သ ခင့် ကျေး ဇူး တော် ကြောင့် ယ ခု အ တိုင်း ငါ ဖြစ် လျက် ခံ ရ သော ကျေး ဇူး တော် အ ချည်း နှီး မ ဖြစ် ရ ဘဲ တ မန် တော် ရှိ သ မျှ ထက် ဆောင် ရွက် လေ၏။ ထို သို့ ဆို သော် ငါ ဆောင် ရွက် သည် မ ဟုတ်၊ ငါ နှင့် အ တူ ရှိ သော ဘု ရား သ ခင့် ကျေး ဇူး တော် တည်း။
ဤ လော က သား တို့ ကျူး လွန် မှု များ ကို မှတ် တော် မ မူ ဘဲ ခ ရစ် တော်၌ မိတ် သ ဟာ ယ ဖွဲ့ စေ တော် မူ သော ဘု ရား သ ခင် သည် ထို သို့ မိတ် သ ဟာ ရ ဖွဲ့ ခြင်း ဆိုင် ရာ တ ရား တော် ကို ငါ တို့ အား လွှဲ အပ် တော် မူ ပြီ။
၎င်း ပြင် လက် ခံ ဖွယ် အချိန် ၌ ငါ နား ညောင်း ၍ ကယ် တင် ရာ နေ့ ရက်၌ သင့် ကို မ စ ပြီ ဟူ သော ဗျာ ဒိတ် တော် ချက် အ ရ ယ ခု ပင် လက် ခံ ဖွယ် အ ချိန်၊ ယ ခု ပင် ကယ် တင် ရာ နေ့ ရက် ဖြစ် သည့် အ လျောက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ ကျိုး မဲ့ မ ခံ စေ မည့် အ ကြောင်း ကိုယ် တော် နှင့် လုပ် ဘော် ဆောင် ဘက် ဖြစ် သူ ငါ တို့ သည် သင် တို့ အား နှိုး ဆော် လျက်၊
ငါ နှင့် အ တူ အ ကျဉ်း ခံ ရ သူ အာ ရိ တ္တာ ခု၊ ယု တ္တု ခေါ် ယေ ရှု ပါ ရောက် လာ လျှင် လက် ခံ ကြ လော့ ဟု ငါ မှာ ဘူး သော ဗာ န ဗ၏ ညီ တော် သူ မာ ကု တို့ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။
မည် သူ မ ဆို ထို ဒေ သ နာ တော် မ ကြော် ငြာ ဘဲ သင် တို့ ထံ ရောက် လာ လျှင် ဧည့် မ ခံ နှင့်။ နှုတ် ခွန်း လည်း မ ဆက် နှင့်။