တမန်တော်ဝတ္ထု 11:5 - Garrad Bible ငါ သည် ယု ပ္ပေ မြို့ တွင် ပ ဌ နာ ပြု လျက် နေ စဉ် သ မ္မာ ပါတ် ဝင် စား ရာ ထောင့် လေး ထောင့် ဖြင့် ကောင်း ကင် ထဲ မှ စု ကိုင် ချ လိုက် သော ရွက် ထည် သ ဖွယ် အ သုံး အ ဆောင် ငါ့ ထံ ကျ လာ သည် ကို ရူ ပါ ရုံ တွင် မြင် ရ၍၊ Common Language Bible ပေတရုက ``ငါသည်ယုပ္ပေမြို့တွင်ဆုတောင်း ပတ္ထနာပြုလျက်နေစဉ် ဗျာဒိတ်ရူပါရုံကို မြင်ရ၏။ ရွက်ထည်ကြီးနှင့်တူသောအရာ တစ်ခုကိုထောင့်လေးထောင့်မှကိုင်၍ မိုး ကောင်းကင်မှချပေးသည်ကိုမြင်ရ၏။- Judson Bible ငါသည်ယုပ္ပေမြို့၌ ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သောခြုံထည်ကဲ့သို့သော တန်ဆာသည် ဆင်းသက်၍၊ ငါ့ထံသို့ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင်၏။- မြန်မာ့စံမီသမ္မာကျမ်း “ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နေစဉ် အာရုံမှုန်ဝါးတွေဝေ၍ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးခုမှထိန်းထားပြီး ကောင်းကင်မှလျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခုသည် နိမ့်ဆင်းလာ၍ ငါ့ထံသို့ရောက်လာ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “ကျွန်ုပ်သည် ယုပ္ပေမြို့တွင် ဆုတောင်းလျက်ရှိနေစဉ် ပီတိဘဝင်ဖြစ်၍ ရူပါရုံတစ်ခုကို မြင်ရ၏။ ကောင်းကင်မှ ထောင့်လေးထောင့်ဖြင့် ထိန်းလျက် လျှောချသည့် ပိတ်ထည်စကြီးကဲ့သို့သောအရာသည် ကျွန်ုပ်အနားသို့ တဖြည်းဖြည်းကျဆင်းလာ၏။ |
မည် သည့် အ ရာ ကို မြင် ရ သ နည်း ဟု မေး တော် မူ သော်၊ အ သီး ပြည့် သော တောင်း တစ် လုံး ကို မြင် ပါ သည် ဟု လျှောက် လျှင်၊ ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ လူ မျိုး တော် သည် အ ဆုံး တိုင် ရောက် ပြီ။ ငါ သည် နောင် ချမ်း သာ ပေး တော့ မည် မ ဟုတ်။
ထို့ နောက် ငါ သည် ယေ ရု ရှ လင် မြို့ သို့ ပြန် ရောက်၍ ဗိ မာန် တော် တွင် ပ ဌ နာ ပြု လျက် သ မ္မာ ပတ် ဝင် စား ရာ၊
ထို အ ခါ ဒ မာ သက် မြို့ တွင် အာ န နိ ဆို သူ တ ပည့် တော် တစ် ပါး ရှိ သ ဖြင့် အ ရှင် ဘု ရား သည် အာ န နိ ဟု မ နော အာ ရုံ ဖြင့် ခေါ် တော် မူ သော် အ ကျွန်ုပ် ရှိ ပါ သည် အ ရှင် ဘု ရား ဟု ထူး သည့် ကာ လ၊
ထို အ ခါ ယု ပ္ပေ မြို့ တွင် စွန့် ကြဲ ပေး ကမ်း ခြင်း မှ စ၍ ကောင်း သော အ ကျင့် အ မျိုး မျိုး နှင့် ပြည့် စုံ သူ ဒေါ် ကာ ဟု ဆို လို သော တ ဗိ သ ခေါ် တ ပည့် တော် မ တစ် ယောက် သည်၊
ယု ပ္ပေ မြို့ နှင့် နီး သော လု ဒ မြို့၌ ပေ တ ရု ရှိ ကြောင်း ကို တ ပည့် တော် တို့ ကြား သိ သည့် ကာ လ၊ ကျွန် တော် တို့ ထံ မ ဖင့် မ နွဲ့ ကြွ ခဲ့ တော် မူ ပါ ဟု လူ နှစ် ယောက် စေ လွှတ် ပင့် ခေါ် ကြ သည့် အ တိုင်း၊
ယု ပ္ပေ တစ် မြို့ လုံး ကြား သိ၍ အ များ သော သူ တို့ သည် အ ရှင် ဘု ရား ကို ယုံ ကြည် ကြ၏။