တမန်တော်ဝတ္ထု 1:20 - Garrad Bible ထို ဆာ လံ ကျမ်း ချက် ကား သူ့ နေ ရာ ကို လူ ဆိတ် ညံ ရာ ဖြစ် ပါ စေ၊ နေ ထိုင် သူ မ ရှိ ပါ စေ နှင့် ဟူ ၍ လည်း ကောင်း၊ သူ့ ရာ ထူး ကို လည်း အ ခြား သူ ယူ ပါ စေ ဟူ ၍ လည်း ကောင်း လာ ရှိ သ တည်း။ Common Language Bible ဆာလံကျမ်းတွင်၊ `သူ၏နေအိမ်သည်လူသူဆိတ်ညံရာဖြစ်ပါစေ၊ ထိုအိမ်တွင်အဘယ်သူမျှမနေပါစေနှင့်။ ထိုသူ၏ရာထူးကိုလည်းအခြားသူတစ်ဦးယူပါစေ' ဟူ၍ရေးသားပါရှိ၏။ Judson Bible ဆာလံကျမ်းစာ၌လာသည်ကား၊ သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ နေသောသူ မရှိပါစေနှင့်။ သူ၏အရာကိုလည်း အခြားသူရပါစေဟု ရေးမှတ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် ဆာလံကျမ်း၌ ‘သူ၏နေရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်ပါစေ။ ထိုအရပ်၌ နေထိုင်သောသူမရှိပါစေနှင့်။ သူ၏အရိုက်အရာကိုလည်း အခြားသူယူပါစေ’ဟု ရေးထား၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအကြောင်းကို ဆာလံကျမ်းတွင် ရေးထားသည်မှာ ‘သူ၏နေထိုင်သောအရပ်သည် လူသူကင်းမဲ့၍ ထိုနေရာတွင် မည်သူမျှ မနေပါစေနှင့်။ သူ၏တာဝန်ကိုလည်း အခြားသူတစ်ဦး ယူပါစေ’ ဟူ၍ ဖြစ်၏။ |
အ ထက် ကျောက် ရာ တွင် ကျောက် သစ် ယူ၍ အ စား ထိုး ခြင်း၊ အင်္ဂ တေ သစ် ကို လည်း ယူ၍ မွမ်း မံ ခြင်း များ ကို ပြု ကြ ရ မည်။
ထာ ဝ ရ ဘု ရား က သင်၏ ရန် သူ တို့ ကို သင့် ခြေ တင် ရာ ငါ မ ဖြစ် စေ မီ အ တွင်း ငါ့ လက်ျာ ဘက် မှာ စံ နေ လော့ ဟူ၍ ငါ့ အ ရှင် ဘု ရား အား မိန့် တော် မူ ကြောင်း ဆာ လံ ကျမ်း တွင် ဒါ ဝိဒ် ကိုယ် တိုင် မြွက် ဆို ၏။
ထို နောက် ကိုယ် တော် က သင် တို့ နှင့် အ တူ ရှိ နေ သေး စဉ် ငါ မိန့် ဆို ခဲ့ သည် မှာ မော ရှေ၏ ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း၊ ဆာ လံ ကျမ်း များ တွင် ငါ နှင့် စပ် လျဉ်း သော အ ချက် ချက် သည် ပြည့် စုံ ရ မည် ဟူ၍ တည်း ဟု မိန့် ဆို လျက်၊
ညီ အစ် ကို တို့၊ ယေ ရှု ကို ဖမ်း ဆီး သူ တို့ အား လမ်း ပြ သူ ယု ဒ နှင့် စပ်၍ ဒါ ဝိဒ် မင်း နှုတ် ဖြင့် သန့် ရှင်း သော ဝိ ညာဉ် တော် တင် ရင် ဆင့် ဆို သည့် ကျမ်း ချက် ပြည့် စုံ ရန် အ ကြောင်း ရှိ ခဲ့ သည်။