အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။ အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
၃ ယော 1:8 - Common Language Bible သို့ဖြစ်၍ငါတို့များသည်သမ္မာတရားပြန့် ပွားရေးလုပ်ငန်းတွင် ထိုသူတို့၏လုပ်ဖော် ဆောင်ဘက်များဖြစ်နိုင်ရန်သူတို့အားကူညီ မစရမည်။ Garrad Bible သ မ္မာ တ ရား အ ဖို့ လုပ် ဖော် ဆောင် ဖက် ဖြစ် အံ့ သော ငှာ ထို သို့ သော သူ တို့ ကို ငါ တို့ ထောက် ပံ့ သင့်၏။ Judson Bible ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှာ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါတို့သည် သမ္မာတရားအတွက် သူတို့နှင့်အတူလုပ်ဆောင်သောသူဖြစ်ကြရန် သူတို့ကိုကူညီထောက်ပံ့သင့်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာတရားအတွက် ထိုသူတို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်နိုင်ရန် ထိုသို့သောသူများကို ကူညီထောက်ပံ့သင့်၏။ |
အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။ အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
သင်တို့ကိုလက်မခံလို၊ သင်တို့ဟောပြောသည့် တရားကိုလည်းမနာယူလိုသည့်အိမ်၊ သို့မဟုတ် မြို့မှထွက်ခွာခဲ့ကြလော့။ ထိုနောက်သင်တို့ခြေ ဖဝါးမှမြေမှုန့်ကိုခါချခဲ့ကြလော့။-
``သင်တို့ကိုလက်ခံသောသူသည်ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်ငါ့ကိုစေလွှတ်တော်မူ သောအရှင်ကိုလက်ခံ၏။-
အိမ်ရှင်က `ကျွန်ုပ်ကိုမနှောင့်ယှက်ပါနှင့်။ အိမ် တံခါးကိုပိတ်ထားပြီးလေပြီ။ သားသမီး များနှင့်ကျွန်ုပ်သည်အိပ်ရာဝင်ကြပြီးဖြစ် ၏။ ထို့ကြောင့်ကျွန်ုပ်ထ၍သင့်အားဘာမျှ မပေးနိုင်ပါ' ဟုအိမ်တွင်းမှပြောလိမ့်မည်။-
သို့ဖြစ်၍ငါတို့သည်ဘုရားသခင်၏လုပ် ဖော်ဆောင်ဘက်များအနေဖြင့်သင်တို့အား တောင်းပန်လိုသည်ကား သင်တို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုခံယူရရှိသူများ ဖြစ်သည့်အားလျော်စွာ ထိုကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေကြနှင့်။-
တိတုနှင့်ပတ်သက်၍ဖော်ပြရမည်ဆိုသော် သူသည်သင်တို့၏အမှုကိစ္စများတွင် ငါနှင့် အတူဝိုင်းဝန်းကူညီသူငါ၏လုပ်ဖော်ကိုင် ဘက်ဖြစ်၏။ သူနှင့်အတူလိုက်ပါလာကြ သောအခြားညီအစ်ကိုများမှာအသင်း တော်တို့၏ကိုယ်စားလှယ်များဖြစ်ကြ၏။-
ငါ၏ရဲဘော်စစ်ဖြစ်သူ၊ သင်သည်လည်း ထို အမျိုးသမီးတို့ကိုကူညီမစပါလော့။ သူ တို့သည်သတင်းကောင်းကြေညာရာတွင်ငါ နှင့်အတူအထူးကြိုးစားအားထုတ်လုပ် ဆောင်သူများဖြစ်ကြ၏။ ထိုသို့လုပ်ဆောင် ခဲ့သူများတွင်ကလေမင်နှင့်တကွ ဘုရား သခင်၏အသက်စာစောင်စာရင်းတွင်ပါ ရှိသူ အခြားငါ၏လုပ်ဖော်ဆောင်ဘက်များ လည်းပါဝင်၏။
ခရစ်တော်အကြောင်းသတင်းကောင်းကို ကြေညာရာတွင် ငါတို့နှင့်အတူဘုရား သခင်၏အမှုကိုဆောင်ရွက်သူ၊ ငါတို့ညီ တိမောသေအားသင်တို့ထံသို့စေလွှတ် လိုက်ကြ၏။ သင်တို့တွင်အဘယ်သူမျှ မိမိတို့ခံရသည့်ညှဉ်းပန်းနှိပ်စက်မှုကြောင့် ယုံကြည်ခြင်းမယိမ်းမယိုင်ဘဲခိုင်မြဲစေ အံ့သောငှာ သင်တို့ကိုအားပေးတိုက်တွန်း နိုင်ရန်သူ့အားငါတို့ကိုစေလွှတ်လိုက်၏။ ညှဉ်းပန်းနှိပ်စက်မှုကိုငါတို့ခံရသည်မှာ ဘုရားသခင်၏အလိုတော်အရဖြစ် ကြောင်းသင်တို့ကိုယ်တိုင်သိကြ၏။-
ငါတို့နှမအပ္ပိ၊ ငါတို့၏ရဲဘော်စစ်သည်တော် အာခိပ္ပုနှင့် သင်၏အိမ်တွင်စုဝေးသည့်အသင်း တော်ဝင်တို့ထံသို့လည်းကောင်းစာရေးလိုက် ပါသည်။
ငါ၏လုပ်ဖော်ဆောင်ဘက်များဖြစ်ကြသည့် မာကု၊ အာရိတ္တခု၊ ဒေမနှင့်လုကာတို့က လည်းကောင်းသင့်ကိုနှုတ်ဆက်ကြ၏။-
သို့ဖြစ်၍ငါလာသောအခါမှသူပြုသမျှ သောအမှုတို့ကိုထုတ်ဖော်ပြောဆိုမည်။ သူ သည်ငါတို့အားမလိုမုန်းထားစွပ်စွဲပြော ဆို၏။ ဤမျှနှင့်မကျေနပ်သေးဘဲသူကိုယ် တိုင်ပင်လျှင် ညီအစ်ကိုများကိုလက်မခံ၊ လက်ခံလိုသူများအားလည်းတားမြစ် လျက်အသင်းတော်မှနှင်ထုတ်ရန်ကြိုး စား၏။
သူတို့သည်ယုံကြည်သူမဟုတ်သူများထံမှ အကူအညီကိုမယူဘဲ နာမတော်အကြောင်း ဟောပြောရန်ခရီးထွက်ကြသူများဖြစ်ပေ သည်။-
ငါသည်အသင်းတော်သို့စာရေးခဲ့သော် လည်း အသင်းတော်၏ခေါင်းဆောင်ဖြစ်လို သူဒယောတရပ်ကငါ့စကားကိုမနာ ခံ။-