၂ သက် 3:7 - Common Language Bible သင်တို့သည်ငါတို့အလုပ်လုပ်ခဲ့သည့်စံ နမူနာကိုလိုက်၍ပြုကျင့်သင့်သည်ကို သင် တို့ကိုယ်တိုင်ကောင်းစွာသိရှိကြပေသည်။ သင်တို့နှင့်အတူရှိစဉ်အခါကငါတို့သည် အလုပ်မလုပ်ဘဲမနေခဲ့ကြ။- Garrad Bible ငါ တို့ သည် သင် တို့ ဘောင် တွင် လေ လွင့် လျက် မ နေ ခဲ့ သည် ဖြစ်၍ ငါ တို့ ပုံ စံ ကို မည် သို့ လိုက် သင့် ကြောင်း သင် တို့ ကိုယ် တိုင် သိ ကြ၏။ Judson Bible အကြောင်းမူကား၊ ငါတို့ပေးသော ပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့ကို မည်ကဲ့သို့အတုယူရမည်ကို သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့အလယ်၌ စည်းမဲ့ကမ်းမဲ့နေကြသည်မဟုတ်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ စံနမူနာကို သင်တို့မည်သို့ ယူသင့်သည်ကို သိကြ၏။ ကျွန်ုပ်တို့သည် သင်တို့နှင့် အတူနေထိုင်စဉ်က ပျင်းရိလေလွင့်၍ မနေခဲ့ကြ။ |
သို့ဖြစ်၍ငါသည်ခရစ်တော်ထံမှအတု ယူသကဲ့သို့ သင်တို့သည်ငါ့ထံမှအတု ယူကြလော့။
ညီအစ်ကိုတို့၊ သင်တို့အပေါင်းသည် ငါ့ထံမှအတု ယူကြလော့။ ငါတို့ပြသောစံနမူနာကောင်းကို လိုက်ကြသူတို့အားရှုမှတ်ကြလော့။-
ငါ၏ထံတွင်သင်ကြားမြင်ခဲ့သမျှကိုပြု ကျင့်ကြလော့။ သို့ပြုလျှင်ငါတို့အားငြိမ် သက်ခြင်းကိုပေးတော်မူသောဘုရားသခင် သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ငါတို့သည်ယုံကြည်သူသင်တို့နှင့်ဆက်ဆံ ရာတွင်အပြစ်ဆိုဖွယ်မရှိအောင်ဖြူစင် ဖြောင့်မှန်စွာပြုမူကျင့်ကြံခဲ့သည်ကို သင် တို့သက်သေဖြစ်ကြ၏။ ဘုရားသခင်သည် လည်းသက်သေဖြစ်တော်မူ၏။-
ညီအစ်ကိုတို့၊ အပျင်းကြီးသူတို့ကိုသတိပေး ကြလော့။ ကြောက်တတ်သူတို့ကိုအားပေးကြ လော့။ အားနည်းသူတို့ကိုကူညီကြလော့။ လူ ခပ်သိမ်းတို့အပေါ်တွင်စိတ်ရှည်ကြလော့။-
ညီအစ်ကိုတို့၊ အပျင်းကြီးသူညီအစ်ကို အပေါင်းတို့နှင့်လည်းကောင်း၊ ငါတို့ပေးအပ် သည့်ညွှန်ကြားချက်များကိုမလိုက်နာသူ တို့နှင့်လည်းကောင်း မပေါင်းဖော်ကြရန်အရှင် ယေရှုခရစ်၏နာမတော်ကိုအမှီပြုလျက် သင်တို့ကိုငါတို့ပညတ်၏။-
ယင်းသို့ပြုကြခြင်းမှာငါတို့တွင်သင်တို့ ၏အထောက်အပံ့ကိုတောင်းပိုင်ခွင့်မရှိကြ ၍မဟုတ်။ သင်တို့လိုက်လျှောက်ရန်စံနမူနာ ရရှိကြစေရန်သာဖြစ်၏။-
အသက်ငယ်ရွယ်သူဖြစ်သည့်အတွက်သင့် အားအဘယ်သူမျှအထင်မသေးစေနှင့်။ သင် ၏အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်း၊ သစ္စာ ရှိခြင်း၊ စိတ်နှလုံးစင်ကြယ်ခြင်းတို့သည် ယုံကြည်သူတို့အတွက်စံနမူနာဖြစ်စေ လော့။-
ကိစ္စအဝဝ၌သင်ကိုယ်တိုင်ပင်လျှင်စံနမူ နာကောင်းကိုပြလော့။ တည်ကြည်လေးနက်စွာ သြဝါဒပေးလော့။-
သင်တို့လက်ဝယ်အပ်ထားသည့်သူတို့အပေါ် တွင်အစိုးတရမပြုကြနှင့်။ သိုးစု၏ရှေ့၌ စံနမူနာကောင်းကိုပြကြလော့။-