မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
၂ ရာချုပ် 8:18 - Common Language Bible သူ၏ထံသို့ဟိရံမင်းသည်မိမိ၏ပင်လယ် သွားကျွမ်းကျင်သူများနှင့်အလုပ်ရည်ဝ သူသင်္ဘောသားများလိုက်ပါသည့်သင်္ဘော များကိုစေလွှတ်တော်မူ၏။ ထိုသူတို့သည် ရှောလမုန်၏ပင်လယ်သွားကျွမ်းကျင်သူ များနှင့်အတူသြဖိရမြို့သို့သင်္ဘောလွှင့် ကြပြီးလျှင်ရွှေတစ်ဆယ့်ခြောက်တန်နီး ပါးကိုရှောလမုန်ထံသို့ယူဆောင်ခဲ့ကြ ၏။ Garrad Bible ဟု ရံ မင်း လည်း ပင် လယ် သွား ကျွမ်း ကျင် သူ တို့ ပါ သင်္ဘော များ ကို ရှော လ မုန် မင်း ၏ သင်္ဘော သား တို့ နှင့် အ တူ သြ ဖိ ရ ပြည် သို့၊ စီး စေ သည့် အ တိုင်း ရွှေ ချိန် ခွက် တစ် သောင်း သုံး ထောင့် ငါး ရာ ကို ဆောင် ယူ ခဲ့ ပြီး လျှင် ရှော လ မုန် မင်း ထံ ဆက် သ ကြ လေ ၏။ Judson Bible ဟိရံသည်လည်း ပင်လယ်ကူးသောအမှုကို နားလည်သော မိမိလူများ၊ သင်္ဘောသားများကို မိမိကျွန်တို့နှင့်အတူ ရှောလမုန်ထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရှောလမုန်မင်း၏ကျွန်တို့နှင့်အတူ ဩဖိရမြို့သို့သွား၍ ရွှေအခွက် လေးရာငါးဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဟုရံမင်းကြီးသည် ပင်လယ်ပြင်အကြောင်းသိနားလည်သော မိမိအမှုထမ်းသင်္ဘောသားများနှင့်တကွ သင်္ဘောများကို ရှောလမုန်မင်းကြီးထံ စေလွှတ်၍ ရှောလမုန်မင်းကြီး၏အမှုထမ်းတို့နှင့်အတူ ဩဖိရမြို့သို့ ရွက်လွှင့်သွားကြပြီး ရွှေတာလန်လေးရာ့ငါးဆယ်ယူဆောင်လာ၍ ရှောလမုန်မင်းကြီးကို ဆက်သကြ၏။ |
မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
(သြဖိရမြို့မှရွှေကိုယူဆောင်လာသော ဟိရံမင်းနှင့်ရှောလမုန်မင်း၏လူတို့သည် ထင်းရှူးသားနှင့်ကျောက်မျက်ရတနာများ ကိုလည်းယူဆောင်လာကြ၏။-
ကုန်သည်တို့ပေးသွင်းသည့်အခွန်တော်များ အပြင်နှစ်စဉ်နှစ်တိုင်းရှောလမုန်မင်းထံဆက် သွင်းရသောရွှေချိန်မှာနှစ်ဆယ့်ငါးတန်ကျော် ကျော်ဖြစ်၏။ အာရပ်ဘုရင်များနှင့်ဣသရေလ နယ်မြေဘုရင်ခံများကလည်းမင်းကြီးထံ ရွှေ၊ နှင့်ငွေများကိုဆက်သွင်းရကြသည်။-
မင်းကြီး၌ဟိရံမင်း၏သင်္ဘောစုနှင့်အတူပင် လယ်သွားသင်္ဘောများရှိ၏။ သူ၏သင်္ဘောတို့ သည် ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များကို တင်ဆောင်၍သုံးနှစ်တစ်ကြိမ်ပြန်လည်ရောက် ရှိလေသည်။-
ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။