ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်ကြားတော်မူ၏။ နှုတ်ကပတ်တော်သည်ငါ၏နှုတ်ဖျားတွင် တည်လျက်ရှိ၏။
၂ ရာချုပ် 8:14 - Common Language Bible ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။- Garrad Bible ခ မည်း တော် ဒါ ဝိဒ် မင်း စီ မံ သည့် အ လိုက်၊ အ လှည့် ကျ ခွဲ ထား သော ပ ရော ဟိတ် တို့ တာ ဝန် ကို လည်း ကောင်း၊ နေ့ စဉ် ဝတ် အ တိုင်း၊ ဂုဏ် တော် ကို ချီး မွမ်း လျက် ပ ရော ဟိတ် တို့ ရှေ့ အ မှု ဆောင် ရွက် ရ သော လေ ဝိ ဂိုဏ်း သား တို့ တာ ဝန် ကိုလည်း ကောင်း၊ တံ ခါး တိုင်း တွင် ခွဲ ထား သော တံ ခါး စောင့် ဝန် ကို လည်း ကောင်း၊ အ သီး အ သီး အား ချ ထား သည် ကား၊ ဘု ရား သ ခင့် လူ ယုံ တော် ဒါ ဝိဒ် မင်း ထား ခဲ့ သည့် အ လျောက် တည်း။ Judson Bible ခမည်းတော်ဒါဝိဒ် စီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကိုလည်းကောင်း၊ လေဝိသားတို့သည် နေ့ရက်အစဉ် ဝတ်ပြုသင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထောမနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကိုလည်းကောင်း၊ တံခါးစောင့်တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်းအမှုကိုလည်းကောင်း၊ အသီးအ သီး ဆောင်ရွက်စေခြင်းငှာ ခန့်ထား၏။ ထိုသို့ ဘုရားသခင်၏လူ ဒါဝိဒ်မှာထားနှင့်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ခမည်းတော်ဒါဝိဒ်မင်းကြီး စီမံထားခဲ့သည့်အတိုင်း ယဇ်ပုရောဟိတ်တို့ကို အလှည့်ကျ တာဝန်ခွဲဝေပေး၏။ လေဝိအမျိုးသားတို့ကိုလည်း နေ့စဉ် ယဇ်ပုရောဟိတ်တို့ရှေ့တွင် အမှုတော်ထမ်းဆောင်ရမည့်တာဝန်နှင့် ကျေးဇူးတော်ချီးမွမ်းရမည့်တာဝန်ကို ခွဲဝေပေး၏။ တံခါးတိုင်းတွင် အလှည့်ကျတံခါးစောင့်များကိုလည်း ခန့်အပ်ထား၏။ ဤသည်မှာ ဘုရားသခင်၏လူ ဒါဝိဒ်မင်းကြီး၏အမိန့်တော်ဖြစ်၏။ |
ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်ကြားတော်မူ၏။ နှုတ်ကပတ်တော်သည်ငါ၏နှုတ်ဖျားတွင် တည်လျက်ရှိ၏။
ယုဒပြည်မှပရောဖက်တစ်ပါးသည် ထာဝရ ဘုရား၏အမိန့်တော်အရဗေသလမြို့သို့ သွားရာယဇ်ပူဇော်ရန် ယဇ်ပလ္လင်တွင်ယေရော ဗောင်ရပ်လျက်နေချိန်၌ရောက်ရှိလာလေသည်။-
ဒါဝိဒ်မင်းသည်အာသပ်နှင့်သူ၏သားချင်း လေဝိအနွယ်တို့အား ပဋိညာဉ်သေတ္တာတော် တည်ရာဌာနတွင်ကိုးကွယ်ဝတ်ပြုမှုအတွက် အမြဲတမ်းတာဝန်ပေးအပ်တော်မူ၏။ သူတို့ သည်နေ့စဉ်နေ့တိုင်းမိမိတို့၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရကြ၏။-
ထောမနာသီချင်းများကိုသီဆိုချိန်၌ဟေမန် နှင့်ယေဒုသုန်တို့သည်တံပိုးခရာ၊ လင်းကွင်းနှင့် အခြားတူရိယာများကိုတီးမှုတ်ရာ၌လည်း တာဝန်ယူရကြ၏။ ယေဒုသုန်၏သားချင်းစု မှလူတို့သည် တံခါးများကိုတာဝန်ယူ၍ စောင့်ရသူများဖြစ်ကြ၏။
ဒါဝိဒ်သည်ကြီးရင့်အိုမင်းသောအခါ သား တော်ရှောလမုန်ကိုထီးနန်းလွှဲအပ်တော်မူ၏။
အာရုန်၏သားမြေးများမှဆင်းသက်လာ သောအုပ်စုများမှာ အောက်ပါအတိုင်းဖြစ်၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာနှင့် ဣသမာဟူ၍သားလေးယောက်ရှိ၏။-
ဒါဝိဒ်သည်အာရုန်၏သားမြေးတို့အားသူ တို့၏တာဝန်ဝတ္တရားများအလိုက် အုပ်စုများ ခွဲ၍ပေးတော်မူ၏။ ဤသို့တာဝန်ခွဲပေးရာ ၌မင်းကြီးအားဧလာဇာ၏သားမြေးဖြစ်သူ ဇာဒုတ်နှင့်ဣသမာ၏သားမြေးဖြစ်သူ အဟိမလက်တို့ကကူညီကြ၏။-
ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
ဗိမာန်တော်အစောင့်တပ်သားများအား ခွဲခန့် သတ်မှတ်ပေးသည့်တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်၏။ ကောရဟိဆွေမျိုး စုတွင်အာသပ်၏အိမ်ထောင်စုမှကောရ၏ သားမေရှလေမိဆိုသူရှိ၏။-
ဒါဝိဒ်မင်းက``ဤအရာအားလုံးတို့သည် ထာဝရဘုရားကိုယ်တော်တိုင် ငါ့အားဆောင် ရွက်ရန်ညွှန်ကြားတော်မူသည်အတိုင်းရေး ဆွဲထားခြင်းဖြစ်သည်'' ဟုမိန့်တော်မူ၏။
ယေရုရှလင်မြို့တွင်နေထိုင်သည့်ဗိမာန်တော် အစောင့်တပ်သားများမှာရှလ္လုံ၊ အက္ကုပ်၊ တာ လမုန်နှင့်အဟိမန်တို့ဖြစ်၏။ ရှလ္လုံသည်သူ တို့၏ခေါင်းဆောင်တည်း။-
ဗိမာန်တော်၏အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာတွင်တံခါးတစ်ပေါက် စီရှိ၏။ ထိုတံခါးတစ်ပေါက်စီတွင်တံခါး မှူးတစ်ယောက်စီရှိ၏။-
ယောယဒသည်ဗိမာန်တော်ထဲသို့ဘာသာရေး ထုံးနည်းအရ မသန့်စင်သူတစ်စုံတစ်ယောက် မျှမဝင်နိုင်စေရန်တံခါးဝတွင်အစောင့် များကိုချထားလေသည်။-
ငါတို့အဘယ်သို့ဆောင်ရွက်ရကြမည်ကို ဖော်ပြပါအံ့။ ဥပုသ်နေ့၌တာဝန်ကျ၍ ရောက်ရှိလာသောလေဝိအနွယ်ဝင်တို့ အနက်သုံးပုံတစ်ပုံမှာဗိမာန်တော်အဝင် တံခါးကိုစောင့်ကြပ်ရကြမည်။-
မင်းကြီးသည်ဒါဝိဒ်မင်းအား ဘုရင့်ပရော ဖက်ဂဒ်နှင့်ပရောဖက်နာသန်အားဖြင့် ထာဝရဘုရားပေးတော်မူသည့်ညွှန်ကြား ချက်များကိုလိုက်နာကာစောင်းများ၊ လင်း ကွင်းများကိုင်သူလေဝိအနွယ်ဝင်တို့ကို နေရာချထားတော်မူ၏။-
ဟေဇကိမင်းသည်ယဇ်ပုရောဟိတ်နှင့်လေဝိ အနွယ်ဝင်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းတော်မူ၍ သူတို့အသီးသီးအတွက်တိကျသောတာဝန် ဝတ္တရားများကိုသတ်မှတ်ပေးတော်မူ၏။ ထို တာဝန်ဝတ္တရားများတွင်မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုပူဇော်ခြင်း၊ ဗိမာန်တော်၌ဝတ်ပြုကိုးကွယ်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဗိမာန်တော်ဌာန အသီးသီးတွင်ဂုဏ်တော်နှင့်ကျေးဇူး တော်ချီးမွမ်းခြင်းတို့ပါဝင်လေသည်။-
ပသခါပွဲတော်ကျင်းပရန်လိုအပ်သည့်ပြင် ဆင်မှုများပြုလုပ်ပြီးသောအခါယဇ်ပုရော ဟိတ်များနှင့် လေဝိအနွယ်ဝင်တို့သည် မင်းကြီး ၏အမိန့်တော်အတိုင်းမိမိတို့၏နေရာများ ကိုယူကြ၏။-
အာသပ်သားချင်းစုမှဂီတပညာသည် များဖြစ်ကြသည့်အာသပ်၊ ဟေမန်နှင့်ဘုရင် ပရောဖက်ယေဒုသုန်တို့သည်ဒါဝိဒ်မင်း ညွှန်ကြားချက်အရ မိမိတို့နှင့်ဆိုင်ရာနေရာ များတွင်ရှိနေကြ၏။ ဗိမာန်တော်အစောင့် တပ်သားများသည်မိမိတို့အားသတ်မှတ် ချထားသည့်နေရာများမှထွက်ခွာကြရန် မလို။ အဘယ်ကြောင့်ဆိုသော်သူတို့အတွက် အခြားလေဝိအနွယ်ဝင်များက ပသခါ ညစာကိုပြင်ဆင်ပေးကြသောကြောင့် ဖြစ်၏။-
ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်မင်းပေး အပ်တော်မူခဲ့သည့်တာဝန်ဝတ္တရားများအရ သားချင်းစုအလိုက်ဗိမာန်တော်တွင်နေရာ ယူရကြမည်။-
ယဇ်ပုရောဟိတ်အပေါင်းတို့သည်မည်သည့် အဖွဲ့တွင်ပါဝင်သည်မဆို မိမိတို့ကိုယ် ကိုဆက်ကပ်ပြီးဖြစ်ကြ၏။ လေဝိအနွယ် ဝင်ဂီတဆရာများဖြစ်ကြသောအာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့်သူတို့၏တပည့်အပေါင်း တို့သည်ပိတ်ချောထည်ကိုဝတ်ဆင်၍လင်း ကွင်းများ၊ စောင်းများကိုကိုင်လျက်တံပိုး ခရာမှုတ်သူယဇ်ပုရောဟိတ်ပေါင်းတစ်ရာ့ နှစ်ဆယ်တို့သည်သူတို့နှင့်အတူယဇ်ပလ္လင် ၏အရှေ့ဘက်တွင်ရပ်နေကြလေသည်။ သီ ဆိုသူတို့သည်တံပိုးခရာသံ၊ လင်းကွင်း သံနှင့်အခြားတူရိယာသံများနှင့်စည်း လိုက်ဝါးလိုက်ညီညာစွာထာဝရဘုရား အားသီဆိုထောမနာပြုကြကုန်၏။ သူတို့က ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ သည်ဖြစ်၍ကိုယ်တော်အားထောမနာပြု ကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်တည် သတည်း'' ဟုသီဆိုကြလေသည်။ ယဇ်ပုရောဟိတ်တို့သည်ဗိမာန်တော်မှထွက်လာ စဉ်ဗိမာန်တော်သည်ရုတ်တရက်မိုးတိမ်ဖြင့် ပြည့်လာပြီးလျှင် ထာဝရဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်သည်ဖြစ်၍သူတို့သည်ဝတ် ပြုကိုးကွယ်ခြင်းကိုဆက်လက်၍မပြုနိုင်ကြ ချေ။
ပစ္စည်းသိုလှောင်ရုံများ၊ အခြားအမှုကိစ္စ များနှင့်ပတ်သက်၍ဒါဝိဒ်ပေးခဲ့သည့်ညွှန် ကြားချက်များကိုလည်းအသေးစိတ် လိုက်နာဆောင်ရွက်တော်မူ၏။
သူတို့သည်မောရှေ၏ကျမ်းတွင်ပါရှိသည့်ညွှန်ကြားချက်များအတိုင်း ယေရုရှလင်မြို့ဗိမာန်တော်တွင်ကိုးကွယ်ဝတ်ပြုမှုအတွက် ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များအားအလှည့်ကျခွဲထားသောတာဝန်ကိုပေးအပ်ကြလေသည်။
ဟာရှဘိ၊ ရှေရဘိ၊ ယောရှု၊ ဗိနွိ နှင့်ကပ်မျေလတို့၏ညွှန်ကြားအုပ်ချုပ်မှုကိုခံယူကာ လေဝိအနွယ်ဝင်တို့သည်အစုများခွဲ၍တာဝန်ယူရကြ၏။ သူတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်ပေးအပ်သည့်ညွှန်ကြားချက်များနှင့်အညီ တစ်ကြိမ်လျှင်နှစ်စုကျအတုန့်အပြန်ဘုရားသခင်အားထောမနာပြုလျက်ကျေးဇူးတော်ကိုချီးမွမ်းရကြလေသည်။
ဗိမာန်တော်အဝင်တံခါးအနီးရှိပစ္စည်းသိုလှောင်ခန်းများကိုတာဝန်ယူစောင့်ထိန်းရသောဗိမာန်တော်အစောင့်တပ်သားများမှာမဿနိ၊ ဗာကဗုကိ၊ သြဗဒိ၊ မေရှုလံ၊ တာလမုန်နှင့်အက္ကုပ်တို့ဖြစ်ကြ၏။
သူ၏နောက်၌သူ့သားချင်းစုဝင်များဖြစ်ကြသောရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒနှင့်ဟာနနိတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်မင်းတီးမှုတ်သည့်တူရိယာမျိုးတို့ကိုကိုင်ဆောင်လျက်လိုက်ကြ၏။ ကျမ်းတတ်မြောက်သူဧဇရကဤလူစုတို့လှည့်လည်ရာတွင်ဦးစီးခေါင်းဆောင်ပြုလေသည်။-
ယုဒရှင်ဘုရင်ဟေရုဒ်မင်းလက်ထက်၌ ဇာခရိ နာမည်ရှိသောယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ သည်အဘိယယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်၏။ သူ၏ဇနီးကားဧလိရှဗက်ဟုနာမည်တွင်၏။ ဧလိရှဗက်သည်လည်းယဇ်ပုရောဟိတ်အနွယ် ဝင်ဖြစ်၏။-
တစ်နေ့သ၌ဇာခရိသည်မိမိ၏အဖွဲ့တာဝန် အလှည့်ကျသဖြင့် ဗိမာန်တော်တွင်ယဇ်ပုရော ဟိတ်ဝတ္တရားကိုဆောင်ရွက်စဉ်၊-
ထိုနောက်ဘုရားသခင်သည်ရှောလုကိုဖယ် ရှားပြီးလျှင် ဒါဝိဒ်အားဣသရေလဘုရင် အဖြစ်ချီးမြှောက်တော်မူ၏။ ဘုရားသခင်က `ယေရှဲ၏သားဒါဝိဒ်သည်ငါ၏စိတ်တော်နှင့် တွေ့သူ၊ ငါဆောင်ရွက်စေလိုသမျှတို့ကိုဆောင် ရွက်မည့်သူဖြစ်ကြောင်းငါတွေ့ရှိရပြီ' ဟု ဒါဝိဒ်နှင့်ပတ်သက်၍မိန့်တော်မူ၏။-
ဒါဝိဒ်သည်မိမိအသက်ရှင်စဉ်ကာလ၌ ဘုရား သခင်အကြံအစည်တော်ရှိသည်အတိုင်း လိုက်လျှောက်ဆောင်ရွက်ပြီးနောက်သေလွန်၍ ဘိုးဘေးများ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းကို ခံရ၏။ သူ၏ကိုယ်ခန္ဓာသည်သင်္ချိုင်းတွင်ပုပ် ပျက်သွားရ၏။-
ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။