ဗာဗုလုန်အမျိုးသားတို့သည်ဗိမာန်တော်ရှိ ကြေးဝါတိုင်ကြီးများ၊ ကြေးဝါလှည်းများ၊ ကြေးဝါရေကန်ကြီးကိုအစိတ်စိတ်အမြွှာ မြွှာချိုးဖဲ့ပြီးလျှင် ကြေးဝါမှန်သမျှကို ဗာဗုလုန်ပြည်သို့ယူဆောင်သွားကြ၏။-
၂ ရာချုပ် 4:2 - Common Language Bible အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့်ငါးပေ၊ လုံးပတ်လေးဆယ့်ငါးပေရှိသောကြေးဝါ ရေကန်ကိုလည်းပြုလုပ်စေတော်မူ၏။- Garrad Bible အ ကျယ် ဆယ် တောင်၊ စောက် ငါး တောင်၊ လုံး ပတ် သုံး ဆယ် ရှိ သော ကြေး ရေ ကန် ကို သွန်း လုပ် ရာ၊ Judson Bible အချင်း ဆယ်တောင်၊ အဝန်း အတောင်သုံးဆယ်၊ အဇောက် ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း အချင်းအတောင်တစ်ဆယ်၊ အမြင့်ငါးတောင်၊ လုံးပတ်အတောင်သုံးဆယ်ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။ |
ဗာဗုလုန်အမျိုးသားတို့သည်ဗိမာန်တော်ရှိ ကြေးဝါတိုင်ကြီးများ၊ ကြေးဝါလှည်းများ၊ ကြေးဝါရေကန်ကြီးကိုအစိတ်စိတ်အမြွှာ မြွှာချိုးဖဲ့ပြီးလျှင် ကြေးဝါမှန်သမျှကို ဗာဗုလုန်ပြည်သို့ယူဆောင်သွားကြ၏။-
သူသည်ဟာဒဒေဇာအစိုးရသည့်တိဗဟတ် မြို့နှင့် ခုန်မြို့တို့မှကြေးဝါအမြောက်အမြား ကိုလည်းသိမ်းယူ၍သွားလေသည်။ (နောင်အခါ ၌ရှောလမုန်မင်းသည်ထိုကြေးဝါတို့ဖြင့်ရေ ကန်တိုင်ကြီးများ၊ ဗိမာန်တော်အတွက်အိုး ခွက်များကိုပြုလုပ်သတည်း။)
ရေကန်၏အပြင်အနားပတ်လည်ကိုနွားရုပ် များဖြင့်တန်ဆာဆင်ထား၏။ ထိုနွားရုပ်များ အထက်အောက်အတန်းနှစ်တန်းကိုရေကန်နှင့် တစ်စပ်တည်းသွန်းလုပ်ထားသတည်း။-
ပလ္လင်နှင့်ဆိုင်သည့်ပစ္စည်းများဖြစ်သောပြာနှင့် အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီးကျီးခံ အိုးတို့ကိုကြေးဝါဖြင့်ပြုလုပ်၏။-
သူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝတွင် တာဝန်ကျသောအမျိုး သမီးတို့၏ကြေးမုံများဖြင့်၊ ကြေးဝါ အင်တုံနှင့်အောက်ခံကိုပြုလုပ်၏။
ထာဝရဘုရားက``ထိုအချိန်ကျရောက် လာသောအခါ ဒါဝိဒ်၏သားစဉ်မြေးဆက် များနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား မိမိတို့၏အပြစ်များနှင့်ရုပ်တု ကိုးကွယ်မှုမှသန့်စင်စိမ့်သောငှာစမ်း ရေပေါက်ဖွင့်လျက်လာလိမ့်မည်။-
ငါတို့သည်ကယ်တင်ခြင်းကိုခံရကြပေ သည်။ ဤသို့ကယ်တင်ခြင်းခံရသည်မှာငါ တို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည်မိမိ၏ ကရုဏာတော်နှင့်အညီသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ငါတို့အားအသစ်သောမွေး ခြင်းနှင့်ဘဝသစ်ကိုဆေးကြောခြင်းဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။-
ငါက``အရှင်၊ အရှင်သိပါ၏'' ဟုပြန်၍ဖြေ၏။ ထိုသူက``သူတို့သည်ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကိုသိုးသူငယ်တော် ၏သွေးဖြင့်ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြ လေပြီ။-