ယခုအခါလေဝိအနွယ်ဝင်တို့သည်တဲတော် ကိုလည်းကောင်း၊ ကိုးကွယ်ဝတ်ပြုရာ၌အသုံး ပြုသည့်ပစ္စည်းတန်ဆာပလာများကိုလည်း ကောင်းသယ်ဆောင်ကြရန်လိုတော့မည် မဟုတ်'' ဟုမိန့်တော်မူ၏။-
၂ ရာချုပ် 35:3 - Common Language Bible ဣသရေလအမျိုးသားတို့ကိုသြဝါဒပေး ရသော၊ မိမိတို့ကိုယ်ကို ထာဝရဘုရားအား ဆက်ကပ်ပူဇော်ထားသူများဖြစ်သောလေဝိ အနွယ်ဝင်တို့အားမင်းကြီးက``ဒါဝိဒ်၏သား တော်ရှောလမုန်မင်းတည်ဆောက်တော်မူခဲ့ သည့်ဗိမာန်တော်တွင် ပဋိညာဉ်သေတ္တာတော် ကိုထားရှိကြလော့။ သင်တို့သည်ထိုသေတ္တာ တော်ကိုတစ်နေရာမှတစ်နေရာသို့ပြောင်း ရွှေ့မှုမပြုကြတော့ဘဲ သင်တို့ဘုရားသခင် ထာဝရဘုရားနှင့်ကိုယ်တော်၏လူမျိုးတော် အတွက်အမှုတော်ကိုထမ်းဆောင်ရကြ မည်။- Garrad Bible ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ၍၊ ဣ သ ရေ လ တစ် မျိုး လုံး ကို ဩ ဝါ ဒ ပေး ရ သော လေ ဝိ ဂိုဏ်း သား တို့ အား လည်း၊ သင် တို့ ပ ခုံး ပေါ် တွင် ဝန် မ ဖြစ် စေ ရန်၊ သန့် ရှင်း သော သေ တ္တာ တော် ကို၊ ဒါ ဝိဒ် မင်း သား တော် ဣ သ ရေ လ ဘု ရင် ရှော လ မုန် မင်း တည် ဆောက် ခဲ့ သော ဗိ မာန် တော် တွင်း သို့ ပြန် သွင်း ကြ လော့။ ယ ခု မှ စ၍ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ မှု တော် နှင့် လူ မျိုး တော် ဣ သ ရေ လ အ မှု ကို ဆောင် ရွက် လျက်၊ Judson Bible ဣသရေလအမျိုး ရှိသမျှကိုသွန်သင်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းသော လေဝိသားတို့ကိုခေါ်၍၊ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန်တည်ဆောက်သောအိမ်၌ သန့်ရှင်းသောသေတ္တာတော်ကို သွင်းထားကြလော့။ နောက်တစ်ဖန် သေတ္တာတော်ကိုမထမ်းဘဲ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏အမှု၊ ဘုရားသခင်၏လူ ဣသရေလအမျိုး၏အမှုကို ထမ်းကြလော့။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးတစ်မျိုးနွယ်လုံးကို သွန်သင်သောသူများဖြစ်၍ ထာဝရဘုရားအဖို့ သန့်ရှင်းသူများဖြစ်သောလေဝိအမျိုးသားတို့ကိုလည်း “သန့်ရှင်းသောသေတ္တာတော်ကို ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော အိမ်တော်တွင် ထားကြလော့။ သင်တို့ပခုံးဖြင့် ထမ်းသွားစရာမလိုတော့ပေ။ ယခုမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သူ၏လူမျိုးတော်အစ္စရေးတို့အဖို့ အမှုတော်ကိုထမ်းကြပါလော့။ |
ယခုအခါလေဝိအနွယ်ဝင်တို့သည်တဲတော် ကိုလည်းကောင်း၊ ကိုးကွယ်ဝတ်ပြုရာ၌အသုံး ပြုသည့်ပစ္စည်းတန်ဆာပလာများကိုလည်း ကောင်းသယ်ဆောင်ကြရန်လိုတော့မည် မဟုတ်'' ဟုမိန့်တော်မူ၏။-
နန်းစံတတိယနှစ်၌ယောရှဖတ်သည် မှူးမတ်များဖြစ်ကြသောဗင်ဟဲလ၊ သြဗဒိ၊ ဇာခရိ၊ နာသနေလနှင့်မိက္ခာယတို့အား ယုဒပြည်အမြို့မြို့သို့သြဝါဒပေးရန် စေလွှတ်တော်မူ၏။-
ထာဝရဘုရားအားဝတ်ပြုကိုးကွယ်မှုကို ကျွမ်းကျင်စွာစီစဉ်ဆောင်ရွက်ပေးသည့် အတွက် ဟေဇကိမင်းသည်လေဝိအနွယ် ဝင်တို့ကိုချီးကူးတော်မူ၏။ သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု၍ ခုနစ်ရက်တိုင်တိုင်ယဇ်ပူဇော်ကြပြီးသော အခါ၊-
ပစ္စည်းသိုလှောင်ခန်းမှငွေကိုထုတ်ယူနေစဉ် ဟိလခိသည်မောရှေအား ဘုရားသခင်ပေး အပ်တော်မူခဲ့သည့်ပညတ်တရားတည်းဟူ သော ထာဝရဘုရား၏ပညတ်ကျမ်းကို တွေ့ရှိရ၏။-
ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုဗိမာန်တော်ထဲသို့ပင့်ဆောင် လာပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ၌ခေရုဗိမ်များ၏အကြားတွင်ထားကြ၏။-
ရှောလမုန်သည်မိမိ၏မိဖုရားဖြစ်သူအီဂျစ် ဘုရင်၏သမီးတော်ကိုဒါဝိဒ်မြို့တော်မှသူ ၏အတွက်ဆောက်လုပ်ထားသောစံနန်းသို့ခေါ် ဆောင်လာတော်မူ၏။ မင်းကြီးက``ပဋိညာဉ်သေတ္တာ တော်ကိန်းဝပ်ဖူးရာအရပ်သည်သန့်ရှင်းမြင့် မြတ်သည်ဖြစ်၍ ထိုအမျိုးသမီးသည်ဣသ ရေလဘုရင်ဒါဝိဒ်၏နန်းတော်တွင်နေထိုင် ရန်မသင့်'' ဟုမိန့်တော်မူ၏။
ထိုနောက်မောရှေကလေဝိအမျိုးသားတို့ အား``ယနေ့တွင်သင်တို့သည်မိမိ၏သား ရင်းညီအစ်ကိုရင်းတို့ကိုသတ်ခြင်းအား ဖြင့်၊ ထာဝရဘုရား၏အမှုတော်ကိုဆောင် ရန်ယဇ်ပုရောဟိတ်များအဖြစ်မိမိတို့ ကိုယ်ကိုဆက်ကပ်ကြပြီ။ ထို့ကြောင့်ထာဝရ ဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပြီ'' ဟုဆို၏။
ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။
ဣသရေလအမျိုးသားတို့ထံမှပူဇော် သကာအဖြစ် အာရုန်နှင့်သူ၏သားများ လက်သို့အပ်နှံ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုယ်စားတဲတော်တွင်အမှု ထမ်းရမည်။ ဣသရေလအမျိုးသားတို့ သန့်ရှင်းရာဌာနတော်အနီးသို့ချဉ်းကပ်၍ ဘေးဒဏ်မသင့်စေရန်သူတို့ကကာကွယ် စောင့်ရှောက်ပေးရမည်'' ဟုမိန့်တော်မူ၏။
ငါတို့သည်မိမိတို့၏အကြောင်းကိုဟော ပြောကြသည်မဟုတ်။ ယေရှုခရစ်သည်အရှင် သခင်ဖြစ်တော်မူကြောင်း၊ ငါတို့သည်သခင် ယေရှု၏အတွက်သင်တို့၏အစေခံများ ဖြစ်ကြကြောင်းကိုဟောပြောကြ၏။-
သူတို့သည်ကိုယ်တော်၏လူမျိုးတော်အား ပညတ်တရားတော်ကိုလိုက်နာရန် သွန်သင်ကြပါမည်။ ပလ္လင်ပေါ်တွင်ယဇ်ပူဇော်ကြပါမည်။