အဒေါနိရံသည်ချွေးတပ်ကိုအုပ်ချုပ်ရ ၍အဟိလုပ်၏သားယောရှဖတ်သည်မော် ကွန်းထိန်းဖြစ်၏။-
၂ ရာချုပ် 34:8 - Common Language Bible ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်၌တိုင်းပြည်နှင့် ဗိမာန်တော်ကိုရုပ်တု ကိုးကွယ်ဝတ်ပြုမှုနှင့်ကင်းရှင်းသန့်စင် အောင်ပြုပြီးနောက်အာဇလိ၏သားရှာဖန်၊ ယေရုရှလင်ဘုရင်ခံမာသေယနှင့်ယော ခတ်၏သားအတွင်းဝန်ယောအာတို့အား ထာဝရအရှင်ဘုရားသခင်၏ဗိမာန် တော်ကိုမွမ်းမံပြင်ဆင်ရန်အတွက်စေ လွှတ်တော်မူ၏။- Garrad Bible ထို သို့ ပြည် တော် နှင့် ဗိ မာန် တော် ကို ရှင်း လင်း စေ သည့် အ တွင်း၊ ယော ရှိ မင်း သည် နန်း စံ ဆယ့် ရှစ် နှစ် တွင်၊ အာ ဇ လိ သား ရှာ ဖန်၊ ဝန် စု ရ မာ သေ ယ၊ ယော ခတ် သား အ တွင်း ဝန် ယေ အာ တို့ ကို၊ ကိုယ့် ဘု ရား သ ခင် ဗိ မာန် တော် ပြု ပြင် ရန် စေ လွှတ် သည့် အ တိုင်း၊ Judson Bible နန်းစံဆယ်ရှစ်နှစ်တွင်၊ နိုင်ငံတော်နှင့် ဗိမာန်တော်ကို စင်ကြယ်စေပြီးမှ၊ မိမိဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို ပြုပြင်လိုသောငှာ၊ အာဇလိ၏သားရှာဖန်၊ မြို့ဝန် မာသေယ၊ ယောခတ်သား အတွင်းဝန်ယောအာတို့ကို စေလွှတ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် ပြည်တော်နှင့်အိမ်တော်ကို စင်ကြယ်စေပြီးနောက် ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကိုပြုပြင်ရန်အတွက် အာဇလိ၏သားရှာဖန်၊ မြို့တော်ဝန်မာသေယ၊ ယောခတ်၏သားအတွင်းဝန်ယောအာတို့ကို စေလွှတ်လိုက်၏။ |
အဒေါနိရံသည်ချွေးတပ်ကိုအုပ်ချုပ်ရ ၍အဟိလုပ်၏သားယောရှဖတ်သည်မော် ကွန်းထိန်းဖြစ်၏။-
ဇေရုယာ၏သားယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုပ်၏သားယော ရှဖတ်မှာစာရင်းထိန်းဖြစ်၏။-
ဇေရုယာ၏ညီယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုဒ်၏သားယောရှဖတ် သည်မှတ်တမ်းထိမ်းမှူးဖြစ်၏။-
ထိုနောက်အာဟပ်သည်မိမိ၏နန်းတွင်းအရာ ရှိတစ်ယောက်အား``မိက္ခာကိုဖမ်းဆီး၍မြို့ဝန် အာမုန်နှင့်ယောရှမင်းသားထံသို့ခေါ်ဆောင် သွားလော့။-
မင်းကြီးနှင့်ယောယဒသည် ထိုငွေကိုဗိမာန် တော်မွမ်းမံပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူ များ၏လက်သို့ပေးအပ်ကြ၏။ ကြီးကြပ်သူ တို့သည်မွမ်းမံပြင်ဆင်မှုအတွက် ပန်းရန် သမား၊ လက်သမား၊ ပန်းပဲ၊ ပန်းတဉ်း သမားတို့ကိုငှားရမ်းကြ၏။-
သူသည်ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်များအားယုဒပြည်အမြို့မြို့သို့စေလွှတ် ၍ ဗိမာန်တော်ကိုနှစ်စဉ်မွမ်းမံပြင်ဆင်ရန် အတွက်ပြည်သူအပေါင်းတို့ထံမှ ငွေအလုံ အလောက်ကောက်ခံစေတော်မူ၏။ မင်းကြီး သည်ဤအမှုကိုဆောလျင်စွာဆောင်ရွက် ရန်အမိန့်ပေးခဲ့သော်လည်း လေဝိအနွယ် ဝင်တို့သည်ဖင့်နွဲလျက်နေကြ၏။-
ဇေဒကိမင်းသည်မေလခိ၏သားပါရှုရ နှင့် မာသေယ၏သားဇေဖနိတို့ကိုငါ့ထံ သို့စေလွှတ်ပြီးလျှင်၊-
``ထာဝရဘုရားသည်အာမုန်၏သားယုဒ ဘုရင်ယောရှိနန်းစံတစ်ဆယ့်သုံးနှစ်မြောက် မှအစပြု၍ ယနေ့တိုင်အောင်နှစ်ဆယ့်သုံး နှစ်ပတ်လုံးငါ့အားဗျာဒိတ်ပေးလျက်နေ တော်မူခဲ့၏။ ငါသည်လည်းကိုယ်တော်၏ ဗျာဒိတ်တော်များကို သင်တို့အားပြန်ကြား ခဲ့၏။ သို့ရာတွင်သင်တို့သည်ပမာဏမပြု ခဲ့ကြ။-
သို့ရာတွင်ငါသည်ရှာဖန်၏သား အဟိကံ ၏ထောက်ခံမှုကိုရရှိသဖြင့် လူတို့လက် သို့အပ်၍အသတ်မခံရခြင်းဖြစ်၏။
``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် သင်တို့ အားကိုယ်တော်၏နာမတော်ကိုအမှီပြု၍ လိမ်လည်ဟောပြောနေသူ ကောလာယ၏သား အာဟပ်နှင့် မာသေယ၏သားဇေဒကိတို့ကို ရည်မှတ်၍ဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော် ကမိမိသည်ထိုသူတို့အားဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ၏လက်သို့ပေးအပ်မည်ဖြစ် ၍ ထိုဘုရင်သည်လည်းသူတို့အားသင်တို့ ၏မျက်မှောက်၌ပင်ကွပ်မျက်လိမ့်မည်ဟု မိန့်တော်မူလေပြီ။-
ငါသည်စာကိုယုဒဘုရင်ဇေဒကိက နေဗုခဒ်နေဇာထံစေလွှတ်သော ရှာဖန်၏သား ဧလာသာနှင့်ဟိလခိ၏သားဂေမရိတို့ အားဖြင့်ပေးပို့လိုက်၏။ စာတွင်၊
ထိုအခါဗာရုတ်သည်စာလိပ်ပါငါနှုတ် တိုက်ချပေးသမျှသောစကားတို့ကို ဗိမာန် တော်တွင်းရှိလူတို့ကြားနိုင်လောက်သောအရပ် မှဖတ်ပြလေသည်။ သူသည်ဂေမရိ၏သား ဘုရင်၏အတိုင်ပင်ခံအမတ်ရှာဖန်၏အခန်း မှနေ၍ထိုစာလိပ်ကိုဖတ်သတည်း။ ထိုအခန်း သည်ဗိမာန်တော်အဝင်ဝတံခါးသစ်အနီး အထက်တံတိုင်းအတွင်း၌တည်ရှိလေသည်။
ငါ့အားနန်းတော်ဝင်းအတွင်းမှခေါ်ယူကြ၏။ ထိုနောက်သူတို့သည်ငါ့အားဘေးမဲ့လုံခြုံ စွာအိမ်သို့ပြန်လည်ပို့ဆောင်စေရန်ရှာဖန် ၏မြေး၊ အဟိတံ၏သားဂေဒလိ၏လက်သို့ ပေးအပ်ကြ၏။ သို့ဖြစ်၍ငါသည်မိမိ၏ အမျိုးသားများနှင့်အတူတစ်ဖန်နေထိုင် ရလေသည်။
ဤအတောအတွင်း၌ဗာဗုလုန်ဘုရင်သည် ဣသရေလအမျိုးသားအချို့ကို ယုဒပြည် တွင်နေထိုင်ခွင့်ပြု၍ရှာဖန်၏မြေး၊ အဟိကံ ၏သားဂေဒလိကိုဘုရင်ခံအဖြစ်ခန့်ထား တော်မူကြောင်းမောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံ ပြည်နှင့်အခြားတိုင်းပြည်များရှိဟေဗြဲ အမျိုးသားအပေါင်းတို့ကြားသိကြလေ သည်။-
ထိုအရပ်တွင်ရှာဖန်၏သားယာဇညာအပါအဝင် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ်ဆယ်ရှိ၏။ သူတို့သည်ကိုယ်စီကိုယ်ငှနံ့သာပေါင်းကို မီးရှို့ရာလင်ပန်းတစ်ချပ်စီကိုင်ထားကြ၏။ နံ့သာပေါင်းမှမီးခိုးတို့သည်လည်းအထက်သို့တက်၍နေ၏။-