ဣသခါသည်ကုန်းနှီးအိတ်များအကြားတွင် ခြေဆန့်၍ လဲနေသောမြည်း၏အဖြစ်ထက်မသာ။
၂ ရာချုပ် 32:28 - Common Language Bible စပါး၊ စပျစ်ရည်နှင့်သံလွင်ဆီအတွက်ကုန် လှောင်ရုံများ၊ မိမိ၏ကျွဲနွားများအတွက် တင်းကုပ်များ၊ သိုးများအတွက်ခြံများ ကိုလည်းတည်ဆောက်တော်မူ၏။- Garrad Bible ဆန်၊ စ ပျစ် ရည်၊ ဆီ သို ထား ရန် တိုက် များ ကို လည်း ကောင်း၊ တိ ရ စ္ဆာန် အ မျိုး မျိုး ထား ရန် တင်း ကုပ် နှင့် သိုး ခြံ များ ကို လည်း ကောင်း၊ စီ မံ လေ ၏။ Judson Bible စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကောက်ပဲသီးနှံများ၊ စပျစ်ဝိုင်အသစ်များနှင့် ဆီများအတွက် သိုလှောင်ရုံများ၊ ကျွဲနွားတိရစ္ဆာန်အပေါင်းတို့အတွက် တင်းကုပ်များ၊ သိုးများအတွက် သိုးခြံများကို တည်ဆောက်၏။ |
ဣသခါသည်ကုန်းနှီးအိတ်များအကြားတွင် ခြေဆန့်၍ လဲနေသောမြည်း၏အဖြစ်ထက်မသာ။
သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်မိမိ၏အစေခံဒါဝိဒ်အား`ငါသည်သင့် ကိုငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏ဘုရင်ဖြစ်စိမ့်သောငှာသိုးကျောင်းရာ ကွင်းထဲမှခေါ်ယူခဲ့၏။-
ရှောလမုန်မင်းတွင်ရထားမြင်းများအတွက် မြင်းဇောင်းလေးသောင်းနှင့်တိုက်မြင်းများ အတွက်မြင်းဇောင်းတစ်သောင်းနှစ်ထောင် ရှိလေသည်။-
မင်းကြီးသည်အနောက်ဘက်တောင်ခြေရင်းရှိ တောင်ပူစာများနှင့် လွင်ပြင်များတွင်နွားအုပ် ကြီးများမွေးမြူထားသဖြင့် တောကန္တာရရှိ မြို့များကိုမျှော်စင်များနှင့်တကွတံတိုင်း ကာ၍ရေလှောင်ကန်အမြောက်အမြားကိုတူး တော်မူ၏။ မင်းကြီးသည်လယ်ယာစိုက်ပျိုးမှု ကိုဝါသနာပါသဖြင့် တောင်ကုန်းဒေသများ တွင်စပျစ်ဥယျာဉ်များစိုက်ပျိုးမှု၊ မြေ ကောင်းမြေသန့်များတွင်လယ်ယာများ စိုက်ပျိုးမှုကိုအားပေးတော်မူလေသည်။
ဟေဇကိသည်လွန်စွာချမ်းသာကြွယ်ဝလာ ပြီးလျှင် လူအပေါင်းတို့၏ရှေ့တွင်ဂုဏ်အသ ရေကြီးမြင့်လေ၏။ သူသည် ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာများ၊ နံ့သာမျိုးများ၊ ဒိုင်းလွှားများ နှင့်အခြားအဖိုးတန်ပစ္စည်းများသိုလှောင် ရန်တိုက်များကိုတည်ဆောက်တော်မူ၏။-
ထာဝရဘုရားသည်သူ့အားဤအရာ များအပြင်သိုးနွားများနှင့်အခြားပစ္စည်း ဥစ္စာအမြောက်အမြားကိုလည်းပေးသနား တော်မူသဖြင့် သူသည်မြောက်မြားစွာသော မြို့တို့ကိုတည်ထောင်တော်မူ၏။-