အာရှုရိအမျိုးသားတစ်ဦးကသူတို့အား``အာ ရှုရိဘုရင်ကဟေဇကိမင်းအား`သင်သည်အဘယ် ကြောင့်မိမိကိုယ်ကို ဤမျှယုံကြည်ကိုးစားလျက် နေသနည်း။-
၂ ရာချုပ် 32:10 - Common Language Bible ``သင်တို့ယေရုရှလင်မြို့သားများသည်အဝိုင်း ခံလျက်နေရချိန်၌ပင်အဘယ်သို့လျှင် စိတ် ချလက်ချနေနိုင်ကြပါသနည်းဟုငါ အာရှုရိဧကရာဇ်မေးမြန်းလိုက်၏။- Garrad Bible ရာ ဇ သံ စေ လွှတ် ထုတ် ပြန် စေ သော၊ အာ ရှု ရိ ဘု ရင် သ နာ ခ ရိပ် မင်း ၏ အ မှာ တော် ကား၊ ဝိုင်း ထား ခြင်း ကို ခံ ရ သော ယေ ရု ရှ လင် မြို့ သား တို့၊ မည် သည့် အ ရာ ၌ ကိုး စား ကြ သ နည်း။ Judson Bible အာရှုရိရှင်ဘုရင်သနာခရိပ် မိန့်တော်မူသည်ကား၊ သင်တို့သည် ယေရုရှလင်မြို့၌ ဝိုင်းထားခြင်းကို ခံခြင်းငှာ၊ အဘယ်သို့ခိုလှုံကြသနည်း။ မြန်မာ့စံမီသမ္မာကျမ်း “အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးက ‘သင်တို့သည် ဝိုင်းထားခံရသောဂျေရုဆလင်မြို့တွင် မည်သူ့ကို ကိုးစား၍နေနေကြသနည်း။ |
အာရှုရိအမျိုးသားတစ်ဦးကသူတို့အား``အာ ရှုရိဘုရင်ကဟေဇကိမင်းအား`သင်သည်အဘယ် ကြောင့်မိမိကိုယ်ကို ဤမျှယုံကြည်ကိုးစားလျက် နေသနည်း။-
ဟေဇကိကသင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့အားငါ၏လက်မှကယ်တော် မူမည်ဟုဆိုချေသည်။ သို့ရာတွင်ဟေဇကိ သည်သင်တို့အစာရေစာငတ်မွတ်၍သေကြ စေရန်လှည့်စားပြောဆိုနေခြင်းဖြစ်၏။-
ကာလအနည်းငယ်ကြာသောအခါသနာ ခရိပ်သည် မိမိတပ်မတော်နှင့်အတူလာခိရှ မြို့၌ပင်ရှိနေစဉ် ဟေဇကိနှင့်ယေရုရှလင် မြို့တွင်ရှိနေကြသောယုဒပြည်သူတို့ထံ သို့စေတမန်လွှတ်၍၊-
အာရှုရိအရာရှိကသူတို့အား``ဟေဇကိ မင်းသည်အဘယ်ကြောင့် မိမိကိုယ်ကိုဤမျှ ယုံကြည်ကိုးစားလျက်နေကြောင်းဘုရင် ဧကရာဇ်သိရှိလိုပါသည်။-