အရေပြားရောဂါစွဲကပ်သူလူလေးယောက်တို့ သည် မြို့တံခါးပြင်တွင်ထိုင်လျက်``ငါတို့သည် မသေမချင်းဤအရပ်တွင်အဘယ်ကြောင့် စောင့်နေရကြမည်နည်း။-
၂ ရာချုပ် 26:21 - Common Language Bible သြဇိမင်းသည်ထိုအချိန်မှစ၍သေသည် တိုင်အောင် ဤရောဂါကြောင့်ဘာသာရေးထုံး နည်းအရမသန့်စင်သူဖြစ်လာလေသည်။ သူသည်ဗိမာန်တော်သို့နောက်တစ်ဖန်ပြန် လည်ဝင်ရောက်ခွင့်မရတော့သဖြင့် သားတော် ယောသံအားမိမိ၏တာဝန်ဝတ္တရားများ ကိုလွှဲပြောင်းပေးအပ်လိုက်ရ၏။ တိုင်းပြည် ကိုသားတော်အုပ်စိုးလျက်နေစဉ် သူသည် မိမိ၏အိမ်တော်၌သာနေထိုင်ရလေသည်။ Garrad Bible ဩ ဇိ မင်း သည်၊ အ သက် ထက် ဆုံး၊ နူ နာ စွဲ သည့် အ တွက်၊ ဗိ မာန် တော် ထဲ သို့ ဝင် ခွင့် မ ရ ဘဲ၊ စံ နန်း ဆောင် တွင် သီး ခြား စံ နေ ရ လျှင်၊ သား တော် ယော သံ သည်၊ နန်း တော်၊ နိုင် ငံ တော် ကို အုပ် စိုး စီ ရင် ရ ၏။ Judson Bible ထိုသို့ ဩဇိမင်းကြီးသည် သေသည်တိုင်အောင် နူနာစွဲ၍၊ ခြားနားသောနန်း၌ နေရ၏။ ဗိမာန်တော်သို့ ဝင်သောအခွင့်ကို မရ။ သားတော်ယောသံသည် နန်းတော်ကိုအုပ်စိုး၍ နိုင်ငံတော်မှုကိုစီရင်ရ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဩဇိမင်းကြီးသည် သေသည်အထိ အနာကြီးရောဂါစွဲကပ်လေ၏။ ထိုသို့ အနာကြီးရောဂါစွဲသောကြောင့်လည်း သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ ထာဝရဘုရား၏အိမ်တော်မှလည်း ဖယ်ထုတ်ခြင်းခံရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။ |
အရေပြားရောဂါစွဲကပ်သူလူလေးယောက်တို့ သည် မြို့တံခါးပြင်တွင်ထိုင်လျက်``ငါတို့သည် မသေမချင်းဤအရပ်တွင်အဘယ်ကြောင့် စောင့်နေရကြမည်နည်း။-
အာဇရိနှင့်အခြားယဇ်ပုရောဟိတ်တို့သည် ကြောက်ရွံ့သည့်အမူအရာဖြင့် မင်းကြီးနဖူး ကိုစိုက်၍ကြည့်ပြီးလျှင်သူ့အားဗိမာန်တော် မှနှင်ထုတ်ကြ၏။ မင်းကြီးသည်လည်းမိမိ အားဘုရားသခင်ဒဏ်ခတ်တော်မူပြီဖြစ် ကြောင်းကိုသိ၍ အဆောတလျင်ထွက်ခွာ သွားတော်မူ၏။
ယောသံသည်အသက်နှစ်ဆယ့်ငါးနှစ်၌နန်း တက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက် နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာ ဇာဒုတ်၏သမီးယေရုရှာဖြစ်၏။-
သူ၏ကိုယ်၌ထိုရောဂါစွဲနေသည့်ကာလ ပတ်လုံး သူသည်မသန့်ရှင်းသဖြင့် လူသူနှင့် ဝေးရာစခန်းအပြင်၌ထွက်၍နေထိုင်ရမည်။
ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
ထို့ကြောင့်မိရိအံကိုစခန်းအပြင်သို့ ခုနစ် ရက်မျှသီးခြားနေထိုင်ရန်ထုတ်ထားကြသည်။ သူစခန်းထဲသို့ပြန်ရောက်မှလူများတို့သည် ခရီးဆက်ကြလေသည်။-
ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်မသန့်စင် သူတို့ကိုစခန်းအပြင်သို့နှင်ထုတ်လိုက် ကြ၏။