အာမဇိသည်ထိုသူများအပြင်ဣသရေလ ပြည်မှ စစ်သည်တစ်သိန်းကိုလည်းငွေလေး တန်ပေး၍ငှားရမ်းလေသည်။-
ဣ သ ရေ လ စစ် ခေါင်း မာ သူ တစ် သိန်း ကို လည်း၊ ငွေ ချိန် ခွက် သုံး ထောင် နှင့် ငှား ရ၏။
ခွန်အားကြီးသော ဣသရေလသူရဲတစ်သိန်းကိုလည်း ငွေအခွက်တစ်ထောင်နှင့် ငှား၏။
ထို့ပြင် အစ္စရေးလူမျိုးထံမှ စစ်သူရဲတစ်သိန်းကိုလည်း ငွေတာလန်တစ်ရာဖြင့် ငှားသေး၏။
ဟာနုန်မင်းနှင့်အမ္မုန်အမျိုးသားတို့သည် ဒါဝိဒ်မင်းအား မိမိတို့ရန်ဖက်ပြုမိကြ ကြောင်းသိရှိလာကြသောအခါမေသော ပေါတာမိပြည်အထက်ပိုင်းနှင့် ရှုရိပြည် ဖြစ်ကြသောမာခါပြည်၊ ဇောဘပြည်တို့ မှစစ်တပ်တစ်တပ်ကိုငွေတန်ချိန်လေး ဆယ်မျှပေး၍ငှားရမ်းကြ၏။-
အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။-
သို့ရာတွင်ပရောဖက်သည်မင်းကြီးထံလာ ရောက်၍``ဤဣသရေလစစ်သည်များကိုမင်း ကြီးနှင့်အတူခေါ်ဆောင်မသွားပါနှင့်။ ထာဝရ ဘုရားသည်ဤမြောက်ပိုင်းနယ်မြေသား တို့နှင့်အတူရှိတော်မမူ။-