၂ ရာချုပ် 25:16 - Common Language Bible
ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
အခန်းကိုကြည့်ပါ။
အ ဘယ့် ကြောင့် သေ ဒဏ် ခံ လို သ နည်း ဟု ဘု ရင် မင်း မိန့် ဆို သော်၊ ပ ရော ဖက် က၊ အ ကျွန်ုပ် ပေး သော အ ကြံ ကို ဘု ရင် မင်း မ လိုက် မ နာ ဘဲ၊ ဤ အ မှု ကို ပြု သော ကြောင့်၊ ဘု ရင် မင်း ကို ဖျက် ဆီး ရန်၊ ဘု ရား သ ခင် ကြံ ရွယ် တော် မူ ကြောင်း ကို၊ အ ကျွန်ုပ် ရိပ် မိ သည် ဟု ပြန် ဆို ပြီး လျှင်၊ ဆိတ် ဆိတ် နေ လေ ၏။
အခန်းကိုကြည့်ပါ။
ရှင်ဘုရင်က၊ သင်သည် တိုင်ပင်မှူးမတ် ဖြစ်သလော။ တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟု ဆိုသော်၊ ပရောဖက်က၊ မင်းကြီးသည် ငါပေးသောသတိစကားကို နားမထောင်၊ ဤအမှုကို ပြုမိသောကြောင့်၊ ဘုရားသခင်သည် မင်းကြီးကိုဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင် တိတ်ဆိတ်စွာနေလေ၏။
အခန်းကိုကြည့်ပါ။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
အခန်းကိုကြည့်ပါ။