ငါတို့အဘယ်သို့ဆောင်ရွက်ရကြမည်ကို ဖော်ပြပါအံ့။ ဥပုသ်နေ့၌တာဝန်ကျ၍ ရောက်ရှိလာသောလေဝိအနွယ်ဝင်တို့ အနက်သုံးပုံတစ်ပုံမှာဗိမာန်တော်အဝင် တံခါးကိုစောင့်ကြပ်ရကြမည်။-
သင် တို့ ဆောင် ရွက် ကြ ရ မည် မှာ၊ ဥ ပုသ် နေ့ တွင် ဝင် စောင့် ရ သော ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ အ နက်၊ ဗိ မာန် တော် တံ ခါး တော် ကို တစ် စု၊
သင်တို့ပြုရသောအမှုဟူမူကား၊ ဥပုသ်နေ့၌ဝင်သော ယဇ်ပုရောဟိတ် လေဝိသားသုံးစုတစ်စုသည် တံခါးစောင့်လုပ်ရမည်။
သင်တို့ ဤသို့ပြုရမည်။ ဥပုသ်နေ့တွင် တာဝန်ကျသောယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့ကို သုံးစုခွဲပြီး တစ်စုသည် တံခါးစောင့်ရမည်။
ထိုနောက်သူတို့သည်ရှုရိတပ်စခန်းမှထွက် ခွာ၍မြို့သို့သွားပြီးလျှင် မြို့တံခါးရှိအစောင့် တပ်သားတို့အား``ငါတို့သည်ရှုရိတပ်စခန်း သို့သွားရောက်ရာလူတစ်စုံတစ်ယောက်ကိုမျှ မမြင်ခဲ့ပါ။ လူသံကိုလည်းမကြားခဲ့ပါ။ မြင်းများနှင့်မြည်းများသည်ချည်လျက်ပင် ရှိပါသည်။ တဲများမှာလည်းရှုရိအမျိုးသား တို့ထားခဲ့သည့်အတိုင်းပင်ရှိနေပါသည်'' ဟု အော်ဟစ်၍ပြောကြားကြ၏။
သူတို့၏အလုပ်ဝတ္တရားများမှာဗိမာန်တော် တွင် ဝတ်ပြုကိုးကွယ်မှု၌အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့အားကူညီရန်၊ ဗိမာန် တော်ဝင်းနှင့်အခန်းများကိုကြည့်ရှုစောင့် ထိန်းရန်၊ အမွန်အမြတ်ထားသည့်အရာ ဟူသမျှကိုသန့်စင်စွာထားရှိရန်တို့ဖြစ်၏။-
ယင်းတံခါးမှူးတို့အားရွာများတွင်နေထိုင် ကြသူဆွေမျိုးသားချင်းတို့က တစ်ကြိမ် လျှင်ခုနစ်ရက်အလှည့်ကျတံခါးစောင့် အလုပ်တွင်ကူညီရကြလေသည်။-
အခြားသုံးပုံတစ်ပုံသည်နန်းတော်ကို လည်းကောင်း၊ ကျန်သုံးပုံတစ်ပုံသည်မြင်း တံခါးကိုလည်းကောင်းစောင့်ကြပ်ရမည်။ လူအပေါင်းတို့ကဗိမာန်တော်ဝင်းအတွင်း ၌စုရုံးရကြမည်။-