ယောယဒသည်ဗိမာန်တော်ထဲသို့ဘာသာရေး ထုံးနည်းအရ မသန့်စင်သူတစ်စုံတစ်ယောက် မျှမဝင်နိုင်စေရန်တံခါးဝတွင်အစောင့် များကိုချထားလေသည်။-
လုံး လုံး မ သန့် ရှင်း သူ တစ် ဦး တစ် ယောက် မျှ၊ ဗိ မာန် တော် တွင်း သို့ မ ဝင် စေ ခြင်း ငှာ၊ တံ ခါး စောင့် တို့ ကို လည်း ခန့် ထား ပြီး လျှင်၊
မသန့်ရှင်းသောလက္ခဏာ တစ်စုံတစ်ခုရှိသောသူကို မဝင်စေခြင်းငှာ၊ ဗိမာန်တော် တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ၏။
တစ်စုံတစ်ရာကြောင့် ညစ်ညူးသောသူတို့ မဝင်ရောက်နိုင်စေရန် ထာဝရဘုရား၏အိမ်တော်တံခါးများတွင် တံခါးစောင့်များကို ချထား၏။
ထိုနောက်သူတို့သည်ရှုရိတပ်စခန်းမှထွက် ခွာ၍မြို့သို့သွားပြီးလျှင် မြို့တံခါးရှိအစောင့် တပ်သားတို့အား``ငါတို့သည်ရှုရိတပ်စခန်း သို့သွားရောက်ရာလူတစ်စုံတစ်ယောက်ကိုမျှ မမြင်ခဲ့ပါ။ လူသံကိုလည်းမကြားခဲ့ပါ။ မြင်းများနှင့်မြည်းများသည်ချည်လျက်ပင် ရှိပါသည်။ တဲများမှာလည်းရှုရိအမျိုးသား တို့ထားခဲ့သည့်အတိုင်းပင်ရှိနေပါသည်'' ဟု အော်ဟစ်၍ပြောကြားကြ၏။
ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။-