ယဟောရံကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သားတော်အာခဇိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
၂ ရာချုပ် 21:20 - Common Language Bible သူသည်သက်တော်သုံးဆယ့်နှစ်နှစ်၌နန်း တက်၍ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်းစံ တော်မူ၏။ ကွယ်လွန်သောအခါသူ၏အတွက် အဘယ်သူမျှဝမ်းမနည်းကြ။ သူ့အလောင်း ကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်တို့၏သင်္ချိုင်းတွင်မသင်္ဂြိုဟ်ကြ။ Judson Bible ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံပြီးမှ၊ အဘယ်သူမျှမနှမြောဘဲ သေသွား၏။ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။ မြန်မာ့စံမီသမ္မာကျမ်း သူသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ ရှစ်နှစ်စိုးစံ၏။ သူအနိစ္စရောက်သောအခါ မည်သူမျှဝမ်းမနည်း။ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်တို့သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။ |
ယဟောရံကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သားတော်အာခဇိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
အာသလိကိုကွပ်မျက်နှင့်ပြီးဖြစ်၍ပြည်သူ အပေါင်းတို့သည် ဝမ်းမြောက်လျက်မြို့တော် သည်ငြိမ်းချမ်းလေ၏။
ဣသရေလပြည်သူတို့အတွက်၊ ဘုရားသခင် အတွက်နှင့် ဗိမာန်တော်အတွက်ဆောင်ရွက်ခဲ့ သည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ပြည်သူတို့သည်သူ၏အလောင်းကို ဒါဝိဒ် မြို့ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။
သူသည်ပြင်းစွာဒဏ်ရာရလျက်ကျန်ရစ်ခဲ့၏။ ရန်သူများဆုတ်ခွာသွားသောအခါအမတ် နှစ်ယောက်သည်ယဇ်ပုရောဟိတ်ယောယဒ၏ သားကိုသတ်သည့်အတွက် လက်စားချေသည့် အနေဖြင့်လျှို့ဝှက်ကြံစည်ကာသူ့အား သလွန်ပေါ်တွင်လုပ်ကြံကြ၏။ သူ၏ အလောင်းကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ သော်လည်းဘုရင်တို့၏သင်္ချိုင်းတော်၌ မသင်္ဂြိုဟ်ကြချေ။-
သြဇိမင်းကွယ်လွန်သောအခါသူ့အား ဒါဝိဒ်မြို့တော်တွင်သင်္ဂြိုဟ်ကြသော်လည်း သူ၏ရောဂါကြောင့်ရာဇဂူ၌မသင်္ဂြိုဟ် ကြ။ သူ၏သားတော်ယောသံသည်ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။
နန်းသက်အစမှအဆုံးအာခတ်ပြုသော အခြားအမှုအရာတို့ကို ယုဒရာဇဝင် နှင့်ဣသရေလရာဇဝင်တွင်ရေးထား သတည်း။-
အာခတ်ကွယ်လွန်သောအခါသူ၏အလောင်း ကို ယေရုရှလင်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်များ၏သင်္ချိုင်းတော်တွင်မသင်္ဂြိုဟ်ကြ။ သူ၏သားတော်ဟေဇကိသည်ခမည်းတော် ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
မနာရှေကွယ်လွန်သောအခါသူ့အားနန်း တော်ထဲတွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သားတော် အာမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။
ယေရမိက``ယေခေါနိသည် အဘယ်သူမျှ အလိုမရှိ၍စွန့်ပစ်လိုက်သော အိုးကွဲကဲ့ သို့ဖြစ်၍နေပါပြီလော။ ထိုကြောင့်သူနှင့် သူ၏သားသမီးများသည် မိမိတို့မသိ ဘူးသည့်ပြည်သို့အနှင်ခံရကြပါ သလော။''