မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
၂ ရာချုပ် 20:36 - Common Language Bible သူတို့နှစ်ဦးသည်ဧဇယုန်ဂါဗာသင်္ဘောဆိပ်တွင် တာရှုမြို့သို့ရွက်လွှင့်ရန်သင်္ဘောများကိုဆောက် လုပ်ကြ၏။- Judson Bible တာရှုမြို့သို့သွားရသော သင်္ဘောတို့ကိုတည်လုပ်ခြင်းငှာ၊ အလွန်အဓမ္မအမှုကို ပြုသော ဣသရေလရှင်ဘုရင် အာခဇိနှင့် ပေါင်းဖော်ပြီးလျှင်၊ ထိုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်လုပ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောရှဖတ်မင်းကြီးသည် တာရှုမြို့သို့ကုန်ကူးသောသင်္ဘောကိုဆောက်လုပ်ရန် အာခဇိမင်းကြီးနှင့် သဘောတူခဲ့ပြီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောများကို ဆောက်လုပ်ကြ၏။ |
မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
ယောရှဖတ်မင်းသည်သြဖိရပြည်မှရွှေကိုယူ ဆောင်ရန် ပင်လယ်ကူးသင်္ဘောများကိုတည်ဆောက် စေသော်လည်း ထိုသင်္ဘောတို့သည်ဧဇယုန်ဂါဗာ မြို့တွင်ပျက်သွားသဖြင့်သင်္ဘောမလွှင့်ရကြချေ။-
ရှောလမုန်မင်းသည်ဧဒုံပြည်၊ ဧလုတ်မြို့အနီး အကွာဗာပင်လယ်ကွေ့ကမ်းခြေပေါ်ရှိဧဇယုန် ဂါဗာမြို့တွင်သင်္ဘောများကိုလည်းတည်ဆောက် လေသည်။-
သို့ရာတွင်မရေရှမြို့နေဒေါဒဝ၏သား ဧလျေဇကယောရှဖတ်အား``အရှင်သည် အာခဇိနှင့်မဟာမိတ်ဖွဲ့သဖြင့် ထာဝရ ဘုရားသည်အရင်ဆောက်လုပ်ထားသည့် သင်္ဘောများကိုဖျက်ဆီးတော်မူလိမ့်မည်'' ဟုဆိုသည့်အတိုင်းထိုသင်္ဘောတို့သည် ပျက်၍တာရှုမြို့သို့မသွားရချေ။
ထိုနောက်ရှောလမုန်သည်ဧဒုံပြည်၊ အာကွဗာ ပင်လယ်ကွေ့ပေါ်ရှိသင်္ဘောဆိပ်မြို့များဖြစ် သောဧဇယုန်ဂါဗာမြို့နှင့်ဧလုတ်မြို့သို့ကြွ တော်မူ၏။-
မင်းကြီး၌ဟိရံမင်း၏သင်္ဘောစုနှင့်အတူပင် လယ်သွားသင်္ဘောများရှိ၏။ သူ၏သင်္ဘောတို့ သည် ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များကို တင်ဆောင်၍သုံးနှစ်တစ်ကြိမ်ပြန်လည်ရောက် ရှိလေသည်။-