ပရောဖက်သည်မိမိ၏မျက်နှာကိုအဝတ် ဖြင့်စည်းပြီးလျှင် ရုပ်ဖျက်လျက်လမ်းနံဘေးတွင် အာဟပ်မင်းအလာကိုစောင့်ဆိုင်းလျက်နေ၏။-
၂ ရာချုပ် 18:29 - Common Language Bible အာဟပ်ကယောရှဖတ်အား``စစ်ပွဲသို့ဝင်ရောက် သောအခါကျွန်ုပ်သည်ကိုယ်ကိုရုပ်ဖျက်၍သွား ပါမည်။ အဆွေတော်မူကားမင်းမြောက်တန်ဆာ ကိုဝတ်ဆင်လျက်သွားပါလော့'' ဟုဆိုလေသည်။ ဤသို့ဆိုပြီးနောက်ဣသရေလဘုရင်သည် ရုပ်ဖျက်၍တိုက်ပွဲဝင်လေ၏။ Garrad Bible ဣ သ ရေ လ ဘု ရင် က၊ ကျွန်ုပ် သည် မင်း မြောက် တန် ဆာ မ ဆင် ဘဲ စစ် ပွဲ သို့ ဝင် မည်။ အ ကြည် တော် မူ ကား၊ မင်း မြောက် တန် ဆာ ကို ဆင် ယင် ပါ လော့ ဟု၊ ယော ရှ ဖတ် မင်း အား ဆို ပြီး မှ၊ ဣ သ ရေ လ ဘု ရင် သည်၊ မင်း မြောက် တန် ဆာ မ ဆင် ဘဲ စစ် ပွဲ သို့ ဝင် ကြ သ တည်း။ Judson Bible ဣသရေလရှင်ဘုရင်က၊ ငါသည် ခြားနားသောအယောင်ကို ဆောင်၍ စစ်ပွဲထဲသို့ဝင်မည်။ မင်းကြီးမူကား၊ မင်းမြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှဖတ်အား ဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည် ခြားနားသော အယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင်၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါသည် ရုပ်ဖျက်ပြီး တိုက်ပွဲဝင်မည်။ သင်မူကား သင်၏မင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်ပါလော့”ဟု ဆိုပြီး အစ္စရေးဘုရင်သည် ရုပ်ဖျက်၍ စစ်ပွဲထဲသို့ဝင်လေ၏။ |
ပရောဖက်သည်မိမိ၏မျက်နှာကိုအဝတ် ဖြင့်စည်းပြီးလျှင် ရုပ်ဖျက်လျက်လမ်းနံဘေးတွင် အာဟပ်မင်းအလာကိုစောင့်ဆိုင်းလျက်နေ၏။-
ထိုနောက်ဣသရေလဘုရင်အာဟပ်နှင့်ယုဒ ဘုရင်ယောရှဖတ်တို့သည်ဂိလဒ်ပြည်၊ ရာမုတ် မြို့သို့ချီတက်ကြ၏။-
ရှုရိဘုရင်သည်မိမိ၏ရထားတပ်မှူးတို့ အားဣသရေလဘုရင်မှတစ်ပါးအခြား အဘယ်သူကိုမျှမတိုက်ခိုက်ရန်အမိန့်ပေး ထားလေသည်။-
သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ်၏။
လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ၏။
ငါမတွေ့မမြင်နိုင်သောအရပ်တွင်အဘယ် သူမျှပုန်းကွယ်၍မနေနိုင်။ ``ငါသည်ကောင်း ကင်ဘုံနှင့်ကမ္ဘာမြေကြီးပေါ်ရှိအရပ် တကာတွင်ရှိတော်မူကြောင်းကိုသင်တို့ မသိကြသလော။-''
ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။