အာသမင်းဆောင်ရွက်တော်မူခဲ့သည့် အခြား အမှုအရာရှိသမျှနှင့်သူ၏စွန့်စားခန်းများ၊ မြို့များကိုတံတိုင်းကာရံပုံအကြောင်းများကို ယုဒရာဇဝင်တွင်ရေးထားသတည်း။ သူသည် အိုမင်းချိန်တွင်အနာရောဂါစွဲသဖြင့်၊-
၂ ရာချုပ် 14:7 - Common Language Bible မင်းကြီးကယုဒပြည်သူတို့အား``မြို့ရိုး များ၊ ပြအိုးများ၊ ကန့်လန့်ကျင်များတပ်ဆင် ထားသည့်မြို့တံခါးများနှင့်ပြည့်စုံသော မြို့များကိုတည်ဆောက်ကြကုန်အံ့။ ငါတို့ သည်ဘုရားသခင်အလိုတော်ကိုလိုက် လျှောက်သည်ဖြစ်၍ ပြည်တော်ကိုထိန်းသိမ်း အုပ်ချုပ်နိုင်ကြပေသည်။ ထာဝရဘုရား ကလည်းငါတို့အားကာကွယ်စောင့်ရှောက် ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင်လုံခြုံမှုကို ပေးတော်မူပြီ'' ဟုမိန့်ဆိုသည့်အတိုင်းခံ တပ်မြို့များကိုတည်ဆောက်၍ထမြောက် အောင်မြင်ကြ၏။- Judson Bible ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကြိုးစားရှာ၍၊ ထိုဘုရားသည် အရပ်ရပ်၌ ငြိမ်သက်သောအခွင့်ကို ပေးတော်မူသောကြောင့်၊ တစ်ပြည်လုံးကို အစိုးရစဉ်အခါ၊ ဤမည်သောမြို့တို့ကို ပြုစု၍ မြို့ရိုး၊ ပြအိုး၊ တံခါး၊ ကန့်လန့်ကျင်တို့ကို လုပ်ကြကုန်အံ့ဟု ယုဒလူတို့အား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီးက ယုဒလူမျိုးတို့အား “ဤမြို့တို့ကို ငါတို့ တည်ဆောက်ကြစို့။ မြို့ကိုဝိုင်းရံထားသောမြို့ရိုး၊ ရဲတိုက်များ၊ တံခါးများနှင့် ကန့်လန့်ကျင်များကို ဆောက်လုပ်ကြစို့။ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားကိုရှာသောကြောင့် တိုင်းပြည်သည် ငါတို့ လက်ထဲ၌ရှိလေပြီ။ ကိုယ်တော်ကို ရှာသောကြောင့် ငါတို့ဝန်းကျင်၌ ငြိမ်းချမ်းခြင်းကို ပေးတော်မူပြီ”ဟု မိန့်ဆို၏။ ဤသို့ဖြင့် မြို့များကိုတည်ဆောက်အောင်မြင်လေ၏။ |
အာသမင်းဆောင်ရွက်တော်မူခဲ့သည့် အခြား အမှုအရာရှိသမျှနှင့်သူ၏စွန့်စားခန်းများ၊ မြို့များကိုတံတိုင်းကာရံပုံအကြောင်းများကို ယုဒရာဇဝင်တွင်ရေးထားသတည်း။ သူသည် အိုမင်းချိန်တွင်အနာရောဂါစွဲသဖြင့်၊-
ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
ယုဒပြည်သူတို့အားမိမိတို့ဘိုးဘေးများ ၏ ဘုရားသခင်ထာဝရဘုရားအလိုတော် ကိုလိုက်လျှောက်ကြရန်နှင့်ကိုယ်တော်၏ တရားတော်၊ ပညတ်တော်တို့ကိုစောင့်ထိန်း ကြရန်အမိန့်ပေးတော်မူ၏။-
သူသည်မိမိနန်းစံနေချိန်၌ယုဒမြို့များ ကို တံတိုင်းကာရံစေတော်မူ၏။ ထာဝရ ဘုရားသည်သူ့အားငြိမ်းချမ်းသာယာရေး ကိုပေးတော်မူသဖြင့် နှစ်ပေါင်းများစွာစစ် ဖြစ်ပွားမှုမရှိချေ။-
ယုဒပြည်သူအပေါင်းတို့သည်စိတ်စွမ်းကိုယ် စွမ်းရှိသမျှဖြင့် ပဋိညာဉ်ပြုရကြသဖြင့် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်ထာဝရ ဘုရားအားဆန္ဒအပြည့်အဝဖြင့်ဆည်းကပ် ကြသဖြင့် ထာဝရဘုရားသည်သူတို့၏ ဆည်းကပ်မှုကိုလက်ခံ၍အရပ်ရပ်၌ငြိမ်း ချမ်းသာယာစေတော်မူ၏။
ရိက္ခာအမြောက်အမြားသိုလှောင်ရာမြို့ များကိုလည်းကောင်းတည်ဆောက်တော်မူ၏။ မင်းကြီးသည်ယေရုရှလင်မြို့တွင်ထူးချွန် သည့်တပ်မှူးများကို၊-
ဗင်္ယာမိန်အနွယ်ဝင်တို့၏တပ်မှူးသည်ဧလျာဒ ဖြစ်၏။ သူသည်လေးနှင့်ဒိုင်းလွှားကိုင်စစ်သည် တော်နှစ်သိန်းကိုအုပ်ချုပ်ရသူ၊ ထူးချွန်သည့် စစ်သူရဲတစ်ဦးဖြစ်လေသည်။-
သို့ဖြစ်၍ယောရှဖတ်သည်ငြိမ်းချမ်းစွာနန်းစံ တော်မူရ၏။ ဘုရားသခင်သည်သူ၏နိုင်ငံ အရပ်ရပ်တွင်လုံခြုံမှုရှိစေတော်မူ၏။
အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။-
သူတို့၏လက်အောက်တွင်မင်းကြီး၏ရန်သူ များကို ရဲစွမ်းသတ္တိနှင့်တိုက်ခိုက်နိုင်သော တပ်သားသုံးသိန်းခုနစ်ထောင့်ငါးရာရှိ၏။-
မင်းကြီးသည်မြို့တော်ကာကွယ်ရေးအတွက် ခိုင်ခံ့စေရန် မြို့ရိုးများကိုပြန်လည်ပြုပြင် ခြင်း၊ ပြအိုးများကိုဆောက်လုပ်ခြင်း၊ အပြင် မြို့ရိုးတစ်ထပ်ကိုတည်ဆောက်ခြင်းတို့ကို ပြုတော်မူ၏။ ထို့ပြင်ယေရုရှလင်မြို့ဟောင်း အရှေ့ပိုင်း၌ရှိသောမြေကတုတ်များကို ပြုပြင်၍ လှံနှင့်ဒိုင်းလွှားအမြောက်အမြား ကိုပြုလုပ်စေတော်မူ၏။-
ရှောလမုန်သည်အောက်ပါမြို့များကိုပြန်လည် တည်ဆောက်တော်မူ၏။ (တံခါးကန့်လန့်ကျင် များနှင့်တကွတံတိုင်းကာရံထားသော) အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊-
ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှု တော်မြတ်ကိုနေ့အချိန်၌ငါတို့လုပ်ဆောင် ကြရမည်။ အဘယ်သူမျှမလုပ်ဆောင်နိုင် သည့်ညဥ့်အချိန်ကျရောက်လာလိမ့်မည်။-
ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။-
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် ဖြောင့်မတ်သူတို့အား၊ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏ဆုတောင်းပတ္ထနာများကို၊ နားညောင်းတော်မူသောကြောင့်တည်း။ သို့ရာတွင်ဒုစရိုက်ပြုသူတို့ထံမှ မျက်နှာလွှဲတော်မူ၏။''