သူတို့သည်သိုးထိန်းစခန်းအချို့ကိုလည်း တိုက်ခိုက်၍ သိုးနှင့်ကုလားအုတ်အမြောက် အမြားကိုသိမ်းယူကြပြီးနောက်ယေရု ရှလင်မြို့သို့ပြန်သွားကြ၏။
တင်း ကုပ် များ ပါ ဖြို ဖျက် လျက်၊ သိုး၊ ဆိတ်၊ ကု လား အုပ် များ ကို ယူ၍၊ ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ကြ ကုန် ၏။
တိရစ္ဆာန်တင်းကုပ်များကိုလည်း တိုက်ဖျက်လျက်၊ သိုးနှင့် ကုလားအုတ်အများတို့ကို သိမ်းယူ၍ ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။
တိရစ္ဆာန်ထိန်းကျောင်းသူတို့၏တဲများကိုလည်း တိုက်ခိုက်၍ သိုးနှင့်ကုလားအုတ်မြောက်မြားစွာကိုလည်း သိမ်းယူနိုင်ခဲ့၏။ ထို့နောက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြလေ၏။
ယုဒဘုရင်၊ ဟေဇကိမင်းလက်ထက်၌ အထက်ဖော်ပြပါလူတို့သည် ဂေရာမြို့ သို့သွား၍ဟာမအမျိုးသားတို့ကိုသူ တို့၏တဲအိမ်များနှင့်တကွသုတ်သင် ဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်တွင် အတည်တကျအခြေစိုက်၍နေထိုင် ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိမိတို့၏သိုးများအတွက် စားကျက်အလုံအလောက်ကိုရရှိကြ သောကြောင့်ဖြစ်၏။-
သူတို့သည်ရန်သူများဘက်မှကုလားအုတ် ငါးသောင်း၊ သိုးနှစ်သိန်းငါးသောင်းနှင့်မြည်း နှစ်ထောင်ကိုလက်ရဖမ်းမိကြ၏။ သုံ့ပန်း တစ်သိန်းကိုလည်းရရှိကြ၏။-
ထိုနောက်ဂေရာမြို့အနီးတစ်ဝိုက်ရှိမြို့တို့ သည်ထာဝရဘုရားအားကြောက်လန့်လျက် နေကြသဖြင့် ယုဒတပ်မတော်သားတို့သည် ထိုမြို့များကိုဖြိုဖျက်နိုင်ကြလေသည်။ သူ တို့သည်ထိုမြို့အပေါင်းကိုတိုက်ခိုက်ကြရာ လက်ရပစ္စည်းအမြောက်အမြားကိုသိမ်းယူ ရရှိကြ၏။-
ဘုရားသခင်၏ဝိညာဉ်တော်သည် သြဒက် ၏သားအာဇရိအပေါ်သို့သက်ရောက်၍၊-
ဣသရေလအမျိုးသားတို့သည် မိဒျန် အမျိုးသမီးနှင့် ကလေးများကိုသုံ့ပန်း အဖြစ်ဖမ်းဆီး၍သူတို့၏သိုး၊ နွား တိရစ္ဆာန်တို့နှင့်တကွပစ္စည်းဥစ္စာရှိသမျှ ကိုသိမ်းယူလေ၏။-
သူတို့လူစုသည် သိုးအုပ်နွားအုပ်တို့ကိုလည်းပြန်လည်ရရှိသ ဖြင့် မိမိတို့ရှေ့တွင်မောင်းနှင်ကာ``ဤသိုးနွားများ ကားဒါဝိဒ်ပိုင်ပစ္စည်းများဖြစ်သည်'' ဟုဆိုကြ၏။