ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ်မြို့ တော်ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ (သူ၏မိခင် မှာအမ္မုန်ပြည်သူနေမဖြစ်၏။) သူ၏သားတော် အဘိယသည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
၂ ရာချုပ် 14:1 - Common Language Bible အဘိယကွယ်လွန်သောအခါ ဒါဝိဒ်မြို့တော် ရှိဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာသသည်ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ ထိုမင်း၏လက်ထက်၌ပြည်တော် သည် ဆယ်နှစ်တိုင်တိုင်ငြိမ်းချမ်းသာယာလျက် နေ၏။- Garrad Bible အ ဘိ ယ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက်၊ ဒါ ဝိဒ် မြို့ တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ သား တော် အာ သ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ၏။ ထို မင်း လက် ထက်၊ ဆယ် နှစ် တိုင် တိုင် ပြည် ထဲ ရေး သာ ယာ ၏။ Judson Bible အဘိယသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ထိုမင်းလက်ထက်၊ ပြည်တော်သည် ဆယ်နှစ်ပတ်လုံး ငြိမ်းချမ်းသာယာ၏။ မြန်မာ့စံမီသမ္မာကျမ်း အဘိယမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်မြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာသသည် သူ့အရိုက်အရာကို ဆက်ခံ၏။ အာသမင်းကြီးလက်ထက်တွင် ဆယ်နှစ်ပတ်လုံး တိုင်းပြည်အေးချမ်းသာယာလေ၏။ |
ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ်မြို့ တော်ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ (သူ၏မိခင် မှာအမ္မုန်ပြည်သူနေမဖြစ်၏။) သူ၏သားတော် အဘိယသည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
အဖအမည်နှင့်သားအမည်မျိုးရိုးစဉ်ဆက်မှာ ရှောလမုန်၊ ရောဗောင်၊ အဘိယ၊ အာသံ၊ ယောရှဖတ်၊ ယောရံ၊ အာခဇိ၊ ယောရှ၊ အာမဇိ၊ သြဇိ၊ ယောသံ၊ အာခတ်၊ ဟေဇကိ၊ မနာရှေ၊ အာမုန်၊ ယောရှိတည်း။-
အာသသည်ကောင်းသောအမှု၊ ဖြောင့်မတ်သော အမှုတို့ကိုပြုကြသဖြင့် ထာဝရဘုရား ၏ရှေ့တော်တွင်မျက်နှာရတော်မူ၏။-
ပရောဖက်ဧလိယသည်ယဟောရံထံသို့စာ တစ်စောင်ပေးပို့လိုက်၏။ ထိုစာတွင်``သင်သည် ခမည်းတော်ယောရှဖတ်နှင့်ဘိုးတော်အာသ ၏လမ်းစဉ်ကိုမလိုက်ဘဲဣသရေလဘုရင် တို့၏လမ်းစဉ်ကိုလိုက်သဖြင့် သင့်ဘိုးဘေး ဒါဝိဒ်၏ဘုရားသခင်ထာဝရဘုရား သည်သင့်အားပြစ်ဒဏ်စီရင်တော်မူခဲ့ပြီ။-
ဟေဇကိမင်းသည်ယုဒပြည်တစ်လျှောက် လုံးတွင်ဖြောင့်မှန်သော၊ မိမိ၏ဘုရားသခင်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြုတော်မူ၏။-
သူကွယ်လွန်သောအခါသားတော်ရောဗောင် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။
ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။-