ယေရောဗောင်သည်နှစ်ဆယ့်နှစ်နှစ်တိုင်တိုင်နန်းစံ တော်မူခဲ့၏။ သူကွယ်လွန်သောအခါသားတော် နာဒဒ်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေ၏။
၂ ရာချုပ် 13:20 - Common Language Bible အဘိယလက်ထက်၌ယေရောဗောင်သည် တန်ခိုးအာဏာဆုတ်ယုတ်လျက်နေ၏။ နောက် ဆုံး၌ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ကွယ်လွန်လေသည်။ Garrad Bible အ ဘိ ယ မင်း လက် ထက် ကာ လ ပတ် လုံး၊ ယေ ရော ဗောင် မင်း သည် အာ ဗ လ ယုတ် လက်၊ ထာ ဝ ရ ဘု ရား ခတ် တော် မူ သော ဒဏ် ချက် နှင့် ကွယ် လွန် လေ ၏။ Judson Bible အဘိယလက်ထက် ကာလပတ်လုံး၊ ယေရောဗောင်သည် နောက်တစ်ဖန် ခွန်အားကိုမရပြန်။ ထာဝရဘုရား ဒဏ်ခတ်တော်မူသဖြင့် သေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း အဘိယမင်းကြီးလက်ထက်တွင် ယေရောဗောင်မင်းကြီးသည် တန်ခိုးအာဏာမဲ့ခဲ့ရ၏။ နောက်ဆုံး၌ သူ့အား ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် သူသည် အနိစ္စရောက်လေ၏။ |
ယေရောဗောင်သည်နှစ်ဆယ့်နှစ်နှစ်တိုင်တိုင်နန်းစံ တော်မူခဲ့၏။ သူကွယ်လွန်သောအခါသားတော် နာဒဒ်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေ၏။
ဣသရေလဘုရင်ယေရောဗောင်နန်းစံအနှစ် နှစ်ဆယ်မြောက်၌ အာသသည်ယုဒပြည်တွင် နန်းတက်၍၊-
အဘိယသည်ယေရောဗောင်၏တပ်မတော်ကို လိုက်လံတိုက်ခိုက်ပြီးလျှင်ဗေသလမြို့၊ ယေ ရှနမြို့၊ ဧဖရိမ်မြို့များနှင့်ထိုမြို့များအနီး ရှိကျေးရွာများကိုသိမ်းယူတော်မူသည်။-
အဘိယမူကားတိုး၍တန်ခိုးကြီးလာ၏။ သူ၌မိဖုရားတစ်ဆယ့်လေးယောက်၊ သားနှစ် ဆယ့်နှစ်ယောက်နှင့်သမီးတစ်ဆယ့်ခြောက် ယောက်ရှိ၏။-
ကိုယ်တော်က``အချင်းလူသား၊ သင်အချစ်ဆုံးသော သူကိုငါသည်ရုတ်တရက်ရုပ်သိမ်းမည်။ သင်သည် မညည်းညူရ။ မငိုရ။ မျက်ရည်မကျရ။-
ထိုအခါမင်းကြီးသည်ဘုရားသခင်၏ ဂုဏ်တော်ကိုမထောက်သည့်အတွက် ချက်ချင်း ပင်ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်သဖြင့် သန်ထိုး၍ကွယ်လွန် တော်မူလေသည်။
ထာဝရဘုရားကိုယ်တော်တိုင်ပင်လျှင်ရှောလု အား ဋ္ဌမ္မတာအလျောက်သေချိန်ရောက်သည့်အခါ ၌ဖြစ်စေ၊ စစ်ပွဲတွင်ကျဆုံးသောအခါ၌ဖြစ် စေဒဏ်စီရင်တော်မူမည်ဖြစ်ကြောင်း အသက် ရှင်တော်မူသောထာဝရဘုရားအားဖြင့် ငါသိ၏။-