ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာအုပ်စိုးရလေ၏။
ယု ဒ နယ် မြို့ ရွာ များ တွင် နေ ထိုင် သော ဣ သ ရေ လ အ မျိုး သား တို့ ကို ကား ရော ဗောင် မင်း အုပ် စိုး ရ လေ ၏။
သို့ရာတွင် ယုဒမြို့ရွာတို့၌နေသော ဣသရေလလူတို့ကို၊ ရောဗောင်သည် အုပ်စိုးရသေး၏။
သို့သော် ယုဒမြို့ရွာများတွင်နေထိုင်သော အစ္စရေးအမျိုးသားတို့ကိုကား ရောဗောင်မင်းကြီးအုပ်စိုးရ၏။
ရှောလမုန်၏သားကိုမူကားဣသရေလတစ် နွယ်ကိုငါပေးမည်။ ဤသို့ပေးရခြင်းအကြောင်း မှာငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ်ဖြင့် ငါရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရုရှလင်မြို့၌ ငါ၏အစေခံဒါဝိဒ်၏ သားမြေးများအဆက်မပြတ်နန်းစံလျက် ရှိနေစေရန်ဖြစ်၏။-
ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာလျှင် အုပ်စိုးရလေသည်။
မိမိတို့၏စကားကို နားထောင်တော့မည်မ ဟုတ်ကြောင်းသိရှိကြသောအခါ လူတို့ သည်``ဒါဝိဒ်နှင့်သူ၏အိမ်ထောင်စုသားထံ မှငါတို့ဝေပုံမရ။ ယေရှဲ၏သား၌ငါတို့ အမွေမခံရ။ အို ဣသရေလပြည်သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ ရောဗောင် သည်မိမိအိမ်ထောင်ကိုကြည့်ရှုပါစေ'' ဟုဟစ်အော်ကြကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့ပုန်ကန်ကြ သဖြင့်၊-
ထိုအခါရောဗောင်မင်းသည်ချွေးတပ်တာဝန် ခံအဒေါနိရံအား ဣသရေလပြည်သူတို့ ထံစေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ ပြည်သူတို့ကထိုသူအားခဲနှင့်ပေါက်သတ် ကြသဖြင့် ရောဗောင်သည်မိမိရထားပေါ် သို့အဆောတလျင်တက်၍ယေရုရှလင် မြို့သို့ထွက်ပြေးလေ၏။-
ရောဗောင်မင်းသည်ယေရုရှလင်မြို့သို့ပြန် ရောက်လာသောအခါ ဗင်္ယာမိန်နှင့်ယုဒအနွယ် ဝင်လက်ရွေးစင်တပ်သားတစ်သိန်းရှစ်သောင်း ကိုစုရုံးစေတော်မူ၏။ မင်းကြီးသည်ဣသရေလ ပြည်မြောက်ပိုင်းနယ်မြေများကို ပြန်လည်သိမ်း ပိုက်နိုင်ရန်စစ်ဆင်မည်အကြံရှိတော်မူ၏။-
ဒိုင်းလွှားနှင့်လှံတံများကိုသိုလှောင်ထားတော် မူ၏။ ဤနည်းအားဖြင့်သူသည်ယုဒနှင့်ဗင်္ယာ မိန်နယ်မြေများကိုထိန်းသိမ်းအုပ်ချုပ်ထား တော်မူ၏။
ကိုယ်တော်က``အချင်းလူသား၊ တုတ်တစ်ချောင်း ကိုယူ၍`ယုဒနိုင်ငံနှင့်သူ၏မိတ်ဆွေဣသ ရေလနိုင်ငံအတွက်' ဟုရေးမှတ်လော့။ ထို နောက်အခြားတုတ်တစ်ချောင်းကိုယူ၍ `ဣသရေလနိုင်ငံနှင့်သူ၏မိတ်ဆွေ ယောသပ်နှင့်သက်ဆိုင်သည့်ဧဖရိမ်၏ တုတ်' ဟုရေးမှတ်လော့။-