ထိုမြို့တွင်လက်ဦးနေထိုင်ခဲ့ကြသောလူ တို့သည်ဂိတ္တိမ်မြို့သို့ထွက်ပြေးကာ ယနေ့တိုင် အောင်နေထိုင်လျက်ရှိသတည်း။)
ဗေရောသိလူတို့သည် ဂိတ္တိမ်မြို့သို့ပြေး၍ ယနေ့တိုင်အောင် တည်းခိုလျက်နေကြသတည်း။
ဗေရောသိလူမျိုးတို့သည် ဂိတ္တိမ်အရပ်သို့ထွက်ပြေးသွားကြပြီး ထိုအရပ်တွင် ယနေ့တိုင် တည်းခိုနေထိုင်ကြ၏။
ရှောလု၏သားယောနသန်တွင်မေဖိဗောရှက် ဟုနာမည်တွင်သောသားတစ်ယောက်ကျန်ရစ်၏။ အသက်ငါးနှစ်ရှိသောသားငယ်ကိုအထိန်း တော်သည်ယေဇရေလမြို့မှ ရှောလုနှင့်ယော နသန်တို့အသတ်ခံရကြောင်းသတင်းကို ကြားလျှင်သူ့အားချီပွေ့၍ထွက်ပြေးလေ သည်။ သို့ရာတွင်အလျင်အမြန်ပြေးရသည့် အတွက်ကလေးသည်အထိန်းတော်၏လက် မှလွတ်ကျသဖြင့်ခြေဆွံ့လေ၏။
ယေဇရေလချိုင့်ဝှမ်းတစ်ဘက်၊ ယော်ဒန်မြစ် အရှေ့ဘက်ရှိဣသရေလအမျိုးသားတို့ သည် ဣသရေလတပ်မတော်ထွက်ပြေးပြီ ဖြစ်ကြောင်းကြားသိကြသောအခါ မိမိ တို့မြို့များကိုစွန့်၍ထွက်ပြေးကြကုန်၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည်လာ ရောက်၍ထိုမြို့များတွင်နေထိုင်ကြ၏။