ဒါဝိဒ်၏သားတော်အဗရှလုံတွင် တာမာ နာမည်ရှိသောအဆင်းလှသူနှမတော်ရှိ ၏။ ဒါဝိဒ်၏သားတော်တစ်ပါးဖြစ်သူအာ မနုန်သည်ထိုနှမတော်ကိုအလွန်စုံမက်၏။-
၂ ရာ 3:3 - Common Language Bible ဒုတိယသားမှာခိလပ်ဖြစ်၍သူ၏မိခင်ကား ကရမေလမြို့မှနာဗလ၏မုဆိုးမအဘိ ဂဲလဖြစ်၏။ တတိယသားကားအဗရှလုံ ဖြစ်၏။ သူ၏မိခင်မှာဂေရှုရဘုရင်တာလမဲ ၏သမီးတော်မာခါဖြစ်၏။- Garrad Bible ဒု တိ ယ သား ကား က ရ မေ လ အ ရပ် နေ နာဗ လ၏ ခင် ပွန်း ဟောင်း အ ဘိ ဂဲ လ မြင် သော သား တော် ခိ လပ်၊ တ တိ ယ သား ကား၊ ဂေ ရှု ရ ဘု ရင် တာ လ မဲ မင်း၏ သ မီး တော် မာ ခါ မြင် သော သား တော် အ ဗ ရှ လုံ၊ Judson Bible ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း။ တတိယသားကား၊ ဂေရှုရိရှင်ဘုရင်တာလမဲသမီး မာခါ၏သား အဗရှလုံတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဒုတိယသားမှာ ကရမေလမြို့သူ နာဗလ၏မယားဖြစ်ဖူးခဲ့သောအဘိဂဲလနှင့်ရသောခိလပ်၊ တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော်မာခါနှင့်ရသောအဗရှလုံ၊ |
ဒါဝိဒ်၏သားတော်အဗရှလုံတွင် တာမာ နာမည်ရှိသောအဆင်းလှသူနှမတော်ရှိ ၏။ ဒါဝိဒ်၏သားတော်တစ်ပါးဖြစ်သူအာ မနုန်သည်ထိုနှမတော်ကိုအလွန်စုံမက်၏။-
ထိုနောက်သူသည်ထ၍ဂေရှုရမြို့သို့သွား၍ အဗရှလုံအားယေရုရှလင်မြို့သို့ပြန်လည် ခေါ်ခဲ့၏။-
သို့ရာတွင်မင်းကြီးသည်အဗရှလုံအား နန်းတော်တွင်း၌နေထိုင်ခွင့်မပြုရန်အမိန့် ထုတ်ဆင့်တော်မူ၏။ မင်းကြီးက``ငါသည်သူ့ ကိုမတွေ့မမြင်လို'' ဟုဆို၏။ ထို့ကြောင့် အဗရှလုံသည်ကိုယ်ပိုင်အိမ်တော်တွင်နေ ထိုင်ရသော်လည်းမင်းကြီး၏ရှေ့တော်သို့ ဝင်ရောက်ခွင့်မရချေ။
အဗရှလုံက``ငါ့အတွက်လျှောက်ထားပေးရန် သင့်အားဘုရင့်ထံသို့စေလွှတ်လိုသဖြင့် အခေါ် ခိုင်းခဲ့ပါ၏။ ငါသည်အဘယ်ကြောင့်ဂေရှုရမြို့ မှထွက်ခွာ၍ဤအရပ်သို့လာရောက်မိပါသ နည်း။ ထိုမြို့တွင်နေရသည်ကငါ့အတွက်ပို ၍ပင်ကောင်းမည်။ ဘုရင်နှင့်တွေ့ဆုံခွင့်ရရန် ငါ့အတွက်စီစဉ်ပေးစေလိုပါသည်။ အကယ် ၍ငါ့မှာအပြစ်ရှိခဲ့လျှင်မင်းကြီးသည်ငါ့ ကိုအဆုံးစီရင်တော်မူပါစေ'' ဟုယွာဘ အားပြော၏။
လေးနှစ်မျှကြာသောအခါအဗရှလုံ သည်ဒါဝိဒ်မင်းအား``အရှင်၊ အကျွန်ုပ်သည် ထာဝရဘုရားအားပြုခဲ့သည့်သစ္စာဝတ် ကိုဖြေရန်ဟေဗြုန်မြို့သို့သွားခွင့်ပြုတော် မူပါ။-
ရှုရိပြည်ဂေရှုရမြို့တွင်နေထိုင်စဉ်အခါက အကယ်၍ထာဝရဘုရားသည် အကျွန်ုပ်အား ယေရုရှလင်မြို့သို့ပြန်လည်ပို့ဆောင်ပေး တော်မူပါလျှင် ကိုယ်တော်အားဟေဗြုန်မြို့ တွင်ဝတ်ပြုကိုးကွယ်ပါမည်ဟုအကျွန်ုပ် ကတိထားခဲ့ပါ၏'' ဟုလျှောက်၏။-
မင်းကြီးသည်လွန်စွာဝမ်းနည်းကြေကွဲလျက် မြို့တံခါးအမိုးထက်၌ရှိသောအခန်းသို့ တက်သွား၍ငိုကြွေးတော်မူ၏။ ယင်းသို့ တက်သွားစဉ်``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား၊ သင့်ကိုယ်စားငါသေ ချင်ပါဘိ။ ငါ့သားအဗရှလုံ၊ ငါ့သား'' ဟု ငိုကြွေးမြည်တမ်းလေ၏။
ဒါဝိဒ်သည်မိမိဇနီးနှစ်ယောက်ဖြစ်ကြသော ယေဇရေလမြို့သူ အဟိနောင်နှင့်ကရမေလ မြို့မှနာဗလ၏မုဆိုးမအဘိဂဲလကို ခေါ်၍ဟေဗြုန်မြို့သို့သွားလေသည်။-
အဒေါနိယက``အကျွန်ုပ်သည်ဘုရင်ဖြစ် သင့်သည်။ ယင်းသို့ဖြစ်လိမ့်မည်ဟုလည်း ဣသရေလအမျိုးသားတိုင်းမျှော်လင့်ခဲ့ သည်ကိုမယ်တော်သိပါ၏။ သို့ရာတွင် ထာဝရဘုရား၏အလိုတော်အရ အကျွန်ုပ် သည်ဘုရင်မဖြစ်ဘဲအကျွန်ုပ်၏ညီတော် ကဘုရင်ဖြစ်လာပါ၏။-
ဟေဗြုန်မြို့တွင်ဒါဝိဒ်မင်းနန်းစံစဉ်အခါ ရရှိသောသားများကား ကြီးစဉ်ငယ်လိုက် အောက်ပါအတိုင်းဖြစ်၏။ ယေဇရေလမြို့သူအဟိနောင်ကမွေးသော သားအာမနုန်၊ ကရမေလမြို့သူအဘိဂဲလကမွေးသော သားဒံယေလ၊ ဂေရှုရဘုရင်တာလမဲ၏သမီးမာခါက မွေးသောသားအဗရှလုံ၊ ဟ္ဂိတ်ကမွေးသောသားအဒေါနိယ၊ အဘိ တလကမွေးသောသားရှေဖတိ၊ ဧဂလမွေးသောသားဣသရံ။
မနာရှေအနွယ်ဝင်ယာဣရသည် ဂေရှုရနှင့် မာခါနယ်စပ်အထိကျယ်ဝန်းသောဗာရှန် ပြည်၊ တစ်နည်းအားဖြင့်အာဂေါဘဒေသ တစ်ခုလုံးကိုသိမ်းယူသည်။ သူသည်ကျေးရွာ များကို သူ၏နာမည်ဖြင့်မှည့်ခေါ်ရာ၌ ယနေ့ တိုင်အောင်ယာဣရ၏ကျေးရွာများဟုခေါ် တွင်သတည်း။)
သို့ရာတွင်ဣသရေလအမျိုးသားတို့ သည်ဂေရှုရိအမျိုးသားနှင့်မာခါအမျိုး သားတို့ကိုနှင်မထုတ်ကြသဖြင့် သူတို့ သည်ယနေ့တိုင်အောင်ဣသရေလနိုင်ငံ တွင်နေထိုင်လျက်ရှိကြသည်။
လျင်မြန်စွာထ၍မြည်းကိုစီးလေ၏။ ထို နောက်အမျိုးသမီးအစေခံငါးယောက် ကိုခေါ်၍ ဒါဝိဒ်၏စေတမန်များနှင့်အတူ လိုက်သွားပြီးလျှင် ဒါဝိဒ်၏ဇနီးအဖြစ် ခံယူလေသည်။
ထိုကာလအတောအတွင်း၌ဒါဝိဒ်တို့လူစု သည်ဂေရှုရိအမျိုးသား၊ ဂေရဇိအမျိုးသား နှင့်အာမလက်အမျိုးသားတို့၏နယ်မြေများ ကို အီဂျစ်ပြည်အနီးရှုရမြို့တိုင်အောင်သွား ရောက်တိုက်ခိုက်လေ့ရှိ၏။ ထိုအမျိုးသားတို့ သည်ယင်း၏နယ်မြေများတွင်နှစ်ပေါင်းများ စွာနေထိုင်ခဲ့ကြသူများဖြစ်၏။-