အကျွန်ုပ်သည်လည်းထိုအကြောင်းအရာအပေါင်း ကိုစတင်ဖြစ်ပျက်ချိန်မှစ၍ သေချာစွာလေ့လာ ခဲ့သူဖြစ်သည်အလျောက်၊-
၂ ယော 1:1 - Common Language Bible အသက်ကြီးသူထံမှဘုရားသခင်ရွေးကောက် တော်မူခြင်းခံရသူနှင့် အမှန်ပင်ငါချစ်မြတ် နိုးသူအမျိုးသမီးကြီးနှင့် သူ၏သားသမီး များထံသို့စာရေးလိုက်သည်။ သင့်အားငါတစ် ဦးတည်းသာမက သမ္မာတရားကိုသိရှိသူ အပေါင်းတို့သည်ချစ်ကြပေသည်။- Garrad Bible ငါ တို့၌ တည် လျက် ကာ လ အ စဉ် ပါ ရှိ မည့် သ မ္မာ တ ရား အ တွက် ကြောင့် ငါ သာ မ ဟုတ် သ မ္မာ တ ရား ကို သိ ကျွမ်း သူ ခပ် သိမ်း တို့ လည်း သ စ္စာ နှင့် ချစ် ခင် ကြ သော လက် ရွေး ခံ အ ရှင် မ နှင့် သား သ မီး တို့ ထံ ဥ က္က ဋ္ဌ ဖြစ် သူ ငါ ရေး လိုက် သည် မှာ၊ Judson Bible အသက်ကြီးသူသည် မြတ်သော သခင်မကိုလည်းကောင်း၊ သားသမီးတို့ကိုလည်းကောင်း ကြားလိုက်ပါ၏။ ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတ္တံ့သော သမ္မာတရားကြောင့်၊ ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်းတို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သောချစ်ခြင်းမေတ္တာ ရှိပါ၏။- မြန်မာ့စံမီသမ္မာကျမ်း သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ငါချစ်သည့် ရွေးကောက်ခံရသော ဂုဏ်သရေရှိအမျိုးသမီးနှင့် သူ၏သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ငါတစ်ဦးတည်းသာ ချစ်သည်မဟုတ်။ သမ္မာတရားကိုသိသောသူအပေါင်းတို့သည်လည်း သင်တို့ကိုချစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။ |
အကျွန်ုပ်သည်လည်းထိုအကြောင်းအရာအပေါင်း ကိုစတင်ဖြစ်ပျက်ချိန်မှစ၍ သေချာစွာလေ့လာ ခဲ့သူဖြစ်သည်အလျောက်၊-
သမ္မာတရားကိုလည်းသိသဖြင့်ထိုသမ္မာ တရားသည်သင်တို့အားလွတ်လပ်စေလိမ့် မည်'' ဟုမိန့်တော်မူ၏။
ဤသို့ဆုံးဖြတ်ကြပြီးနောက်ထောက်ပံ့ငွေ များကိုဗာနဗနှင့်ရှောလုမှတစ်ဆင့် ယေရု ရှလင်မြို့အသင်းတော်လူကြီးများထံသို့ ပေးပို့ကြ၏။
သခင်ဘုရား၏အမှုတော်ကိုထူးချွန်စွာ ဆောင်ရွက်သူရုဖုနှင့် ငါ၏အမိသဖွယ် ဖြစ်သောသူ၏အမိကိုနှုတ်ဆက်လိုက်၏။-
သို့ရာတွင်သူတို့၏အပြုအမူသည်သတင်း ကောင်းဆိုင်ရာသစ္စာတရားနှင့်ကိုက်ညီမှုမရှိ ကြောင်းကို ငါသိမြင်သောအခါ ပေတရုအား လူအပေါင်းတို့ရှေ့တွင်``သင်သည်ယုဒအမျိုး သားဖြစ်ပါလျက် ယုဒအမျိုးသားကဲ့သို့ မဟုတ်ဘဲ လူမျိုးခြားကဲ့သို့ပြုမူနေထိုင် လျက်ရှိရာ သင်သည်အဘယ်ကြောင့်လူမျိုး ခြားတို့အားယုဒအမျိုးသားတို့ကဲ့သို့ ပြုမူနေထိုင်စေရန်အနိုင်အထက်ပြုပါ သနည်း'' ဟုမေး၏။
သို့ရာတွင်သတင်းကောင်းဆိုင်ရာသစ္စာတရား ကို သင်တို့အတွက်ထိန်းသိမ်းထားနိုင်ရန် ငါ တို့သည်သူတို့အားခေတ္တခဏမျှပင် အလျှော့မပေးခဲ့။
အချင်းမိုက်မဲသောဂလာတိအသင်းတော် သားတို့၊ အဘယ်သူသည်သင်တို့အားပြု စားသနည်း။ လက်ဝါးကပ်တိုင်ပေါ်တွင်သခင် ယေရှုအသေခံတော်မူပုံကို သင်တို့မျက် မှောက်၌ရှင်းလင်းစွာပြခဲ့၏။-
ယခင်ကသင်တို့ပြုကျင့်ကြပုံမှာ အလွန် လျောက်ပတ်ပေသည်။ သမ္မာတရားတော်ကို မလိုက်မနာစေရန်ယခုသင်တို့အား အဘယ် သူဆီးတားသနည်း။ ထိုသူသည်သင်တို့အား အဘယ်သို့သွေးဆောင်သနည်း။-
သမ္မာတရားတည်းဟူသောသတင်းကောင်းကို သင်တို့ပထမဆုံးအကြိမ်ကြားနာရသော အခါ မျှော်လင့်ရာအကြောင်းကိုသင်တို့ကြား သိရကြ၏။ သို့ဖြစ်၍သင်တို့၏ယုံကြည်ခြင်း နှင့်ချစ်ခြင်းသည်ကောင်းကင်ဘုံ၌ သင်တို့အဖို့ လုံခြုံစွာလျာထားသည့်မျှော်လင့်ရာအပေါ် တွင်မူတည်လျက်နေ၏။-
လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။-
ငါတို့သည်သမ္မာတရားကိုသိရှိကြပြီးမှ တမင်သက်သက်ဆက်လက်အပြစ်ကူးနေ ကြမည်ဆိုပါမူ၊ ငါတို့၏အပြစ်များ အတွက်ပူဇော်ရန်ယဇ်ရှိတော့မည်မဟုတ်။-
ငါကဲ့သို့အသင်းတော်ကိုအုပ်ထိန်းရသူများ ဖြစ်ကြသည့်သင်တို့အားမေတ္တာရပ်ခံလို၏။ ငါ သည်ခရစ်တော်ခံရသောဝေဒနာကိုတွေ့မြင် ရသူတစ်ဦးအနေနှင့်လည်းကောင်း၊ ပေါ်လွင် ထင်ရှားလတ္တံ့သောဘုန်းအသရေတော်ကို သင်တို့နှင့်အတူပါဝင်ခံယူရန်မျှော်လင့် သူတစ်ဦးအနေနှင့်လည်းကောင်းမေတ္တာ ရပ်ခံလို၏။-
ဘုရားသခင်ရွေးချယ်တော်မူခြင်းကို သင်တို့ နည်းတူခံရသည့်ဗာဗုလုန်မြို့အသင်းတော် ဝင်တို့ကသင်တို့အားနှုတ်ဆက်လိုက်၏။ ငါ့ သားမာကုကလည်းနှုတ်ဆက်လိုက်၏။-
သင်တို့ထံငါစာရေးရခြင်းအကြောင်းမှာ သမ္မာတရားကိုသင်တို့မသိကြ၍မဟုတ်။ သမ္မာတရားကိုလည်းကောင်း၊ မုသားစကား သည် သမ္မာတရားနှင့်မည်သို့မျှမသက်ဆိုင် သည်ကိုလည်းကောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။
သားသမီးတို့၊ ငါတို့၏မေတ္တာသည်နှုတ်ဖျား ၌သာတည်သောမေတ္တာမဖြစ်သင့်။ လက်တွေ့အား ဖြင့်ဖော်ပြထားသောမေတ္တာစစ်မေတ္တာမှန်ဖြစ် ရမည်။
ဘုရားသခင်ရွေးကောက်တော်မူခြင်းခံရသူ သင့်ညီမ၏သားသမီးများကသင့်အား နှုတ်ဆက်ကြ၏။ ရှင်ယောဟန်သြဝါဒစာဒုတိယစောင်ပြီး၏။
သို့ဖြစ်၍ချစ်သောအမျိုးသမီးကြီး၊ ငါတို့ အချင်းချင်းချစ်ကြရန်သင့်အားငါတောင်း ပန်၏။ ဤပညတ်ကားအသစ်အဆန်းမဟုတ်။ အစကတည်းကပင်လျှင်ငါတို့ရရှိသည့် ပညတ်ဖြစ်ပေသည်။-
အသက်ကြီးသူထံမှအမှန်ပင်သမ္မာတရား တော်အားဖြင့် ငါချစ်မြတ်နိုးသူဂါယုထံ သို့စာရေးလိုက်သည်။