ကိုယ်တော်သည်ငါတို့ကိုချစ်တော်မမူတော့ ပြီလော။ ကတိတော်သည်လည်းပျက်လေပြီလော။
၂ ပေ 3:9 - Common Language Bible လူအချို့တို့ထင်မှတ်သကဲ့သို့ထာဝရ ဘုရားသည် မိမိ၏ကတိတော်ကိုအကောင် အထည်ဖော်ရန်နှောင့်နှေးလျက်နေတော်မူ သည်မဟုတ်။ မည်သူမျှမပျက်စီးဘဲလူတိုင်း နောင်တရစေရန်အလိုတော်ရှိ၍သင်တို့ ကိုသည်းခံတော်မူပေသည်။ Garrad Bible ထာ ဝ ရ ဘု ရား သည် နှောင့် နှေး တော် မူ သည် ဟု အ ချို့ တို့ မှတ် ယူ ကြ သည့် အ တိုင်း က တိ တော် ကို ဖြည့် ရန် နှောင့် နှေး တော် မူ သည် မ ဟုတ်။ မည် သူ မျှ မ ပျက် စီး ဘဲ ရှိ သ မျှ တို့ နောင် တ ရ ခွင့် ရှိ စေ ရန် သင် တို့ အ ပေါ် တွင် စိတ် ရှည် တော် မူ ၏။ Judson Bible လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း နှောင့်နှေးသည်ဟု အချို့တို့ကမှတ်ယူသကဲ့သို့ ထာဝရဘုရားသည် ကတိတော်ကို နှောင့်နှေးစေတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ လူတိုင်းနောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ်စိတ်ရှည်သည်းခံလျက်နေတော်မူခြင်းသာဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတချို့ ထင်မှတ်သကဲ့သို့ ထာဝရဘုရားသည် မိမိကတိတော်အတိုင်းပြုရန် နှောင့်နှေးတော်မူသည်မဟုတ်။ ကိုယ်တော်သည် မည်သူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ် စိတ်ရှည်တော်မူခြင်းသာဖြစ်၏။ |
ကိုယ်တော်သည်ငါတို့ကိုချစ်တော်မမူတော့ ပြီလော။ ကတိတော်သည်လည်းပျက်လေပြီလော။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
ထာဝရဘုရားမိန့်တော်မူသည်နှင့်အညီ ဤနည်းအတိုင်းဆောင်ရွက်လျှင် သင်သည်ပင် ပန်းနွမ်းရိလိမ့်မည်မဟုတ်။ ဤလူအပေါင်း တို့သည်လည်းအမှုအခင်းများပြီးပြတ် လျက် မိမိတို့နေအိမ်သို့ပြန်နိုင်ကြလိမ့် မည်'' ဟုအကြံပေးသည်။
သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့၏ အပြစ်ကိုလွှတ်တော်မမူလျှင်၊ ကိုယ်တော်၏လူ မျိုးတော်နာမည်စာရင်းမှအကျွန်ုပ်၏နာမည် ကိုပယ်ဖျက်တော်မူပါ'' ဟုတောင်းပန်လျှောက် ထားလေ၏။
မိတ်ဆွေချင်းစကားပြောသကဲ့သို့ထာဝရ ဘုရားသည် မောရှေနှင့်မျက်နှာချင်းဆိုင်စကား ပြောတော်မူ၏။ ထိုနောက်မောရှေသည်စခန်း သို့ပြန်လာ၏။ သို့သော်သူ၏လက်ထောက်ဖြစ် သူ၊ နုန်၏သား၊ လူငယ်ယောရှုသည်၊ တဲတော် တွင်း၌နေရစ်လေ၏။
ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။
သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
ငါသည်သင်တို့လွတ်မြောက်ရန်အချိန်ကာလ ကို နီးကပ်၍လာစေမည်။ ထိုကာလသည်လုံးဝမဝေးတော့ပြီ။ ငါသည်ကယ်တင်ခြင်းကျေးဇူးကိုလည်း ဆိုင်းငံ့၍ ထားလိမ့်မည်မဟုတ်။ ယေရုရှလင်မြို့ကိုငါကယ်တင်၍၊ ဣသရေလ အမျိုးသားတို့အားဂုဏ်အသရေရှိစေမည်။''
ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
တစ်ဆယ့်နှစ်လမျှကြာသော်မင်းကြီးသည် ဗာဗုလုန်နန်းတော်ပေါ်တွင်စင်္ကြံကြွနေစဉ်၊-
ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
သင်တို့သည်မိမိတို့အိပ်ရာမှနိုးထကြရမည့် နေ့ရက်ရောက်ရှိနေပြီဖြစ်ကြောင်းကိုသိသဖြင့် မေတ္တာတရားကိုကျင့်သုံးကြရမည်။ အဘယ် ကြောင့်ဆိုသော်ငါတို့ကယ်တင်ခြင်းခံရမည့် နေ့ရက်ကာလသည် သခင်ယေရှုကိုငါတို့ စတင်ယုံကြည်ချိန်ကထက်ပို၍နီးကပ် လာပြီဖြစ်သောကြောင့်တည်း။-
ညဥ့်အချိန်ကုန်လုပြီ။ နေ့အချိန်ရောက်တော့ မည်။ သို့ဖြစ်၍ငါတို့သည်အမှောင်နှင့်ဆိုင် သောအလေ့အကျင့်တို့ကိုမပြုတော့ဘဲ အလင်းတွင်တိုက်ခိုက်ရန်လက်နက်တို့ကို ယူဆောင်ကြရမည်။-
သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
ဘုရားသခင်သည်လည်းဤနည်းအတိုင်းပင်ပြု တော်မူသည်။ ကိုယ်တော်သည်အမျက်တော်ကိုပြ ရန်နှင့် တန်ခိုးတော်ကိုထင်ရှားစေရန်အလိုရှိ တော်မူ၏။ သို့ရာတွင်အမျက်တော်သင့်၍ပျက်စီး ဆုံးရှုံးထိုက်သူတို့အားအလွန်သည်းခံတော် မူ၏။-
သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကရုဏာ ထားတော်မူ၏။ ယင်းသို့ထားတော်မူခြင်းမှာ နောင်အခါ၌ခရစ်တော်ကိုယုံကြည်ကာ ထာဝရအသက်ရရှိကြမည့်သူတို့ အတွက်ပုံစံဖြစ်စေရန် ခရစ်တော်ယေရှု သည်ခပ်သိမ်းသောခန္တီတော်ကိုအပြစ်ကူး သူတို့တွင် အဆိုးဆုံးဖြစ်သူငါ့အား ပြတော်မူသောကြောင့်ပင်ဖြစ်သတည်း။-
လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။-
``ကြွလာတော်မူမည့်အရှင်သည်အချိန် အနည်းငယ်အတွင်း၌ကြွလာတော်မူလိမ့် မည်။ နှောင့်နှေးလျက်နေတော်မူလိမ့်မည်မဟုတ်။
ထိုဝိညာဉ်တို့ကားသင်္ဘောကိုနောဧတည်ဆောက် လျက်နေစဉ်တွင် သည်းခံစောင့်ဆိုင်းလျက်နေတော် မူသောဘုရားသခင်၏စကားကိုနားမထောင် ခဲ့သူတို့၏ဝိညာဉ်များပင်ဖြစ်သတည်း။ သို့ ရာတွင်ရေအားဖြင့်ကယ်ဆယ်ခြင်းခံရသူ များမှာသင်္ဘောပေါ်တွင်အနည်းငယ်သာရှိ ၍အရေအတွက်အားဖြင့်ရှစ်ယောက်မျှသာ ဖြစ်၏။-
ဤနည်းအားဖြင့်ကတိထားတော်မူသောအလွန် ကြီး၍ အဖိုးထိုက်သည့်ဆုကျေးဇူးများကို ကိုယ်တော်သည်ငါတို့အားပေးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့်သင်တို့သည် ဤလောက တွင်ဖောက်ပြန်ပျက်စီးတတ်သောကိလေသာ ဆိုးညစ်မှုများမှလွတ်မြောက်နိုင်ကြလျက် ဘုရားဇာတိတွင်ပါဝင်စေရန်ဖြစ်၏။-
ငါတို့ချစ်သောညီအစ်ကိုပေါလုသည်ဘုရား သခင်ပေးသနားတော်မူသည့်ဉာဏ်ပညာဖြင့် သင်တို့အားရေးသားဖော်ပြခဲ့သည့်အတိုင်း ငါတို့ထာဝရဘုရားသည်စောင့်ဆိုင်းသည်းခံ တော်မူသည်မှာ သင်တို့ကယ်တင်ခြင်းခံရရန် အတွက်အခါအခွင့်ပေးခြင်းပင်ဖြစ်ကြောင်း မှတ်ယူကြလော့။-
နောင်တရရန်သူ့အားငါအချိန်ပေးခဲ့၏။ သို့ရာတွင်သူသည်မိမိအကျင့်ပျက်မှု အတွက်နောင်တရလိုစိတ်မရှိ။-