၂ ပေ 3:4 - Common Language Bible
`သခင်ဘုရားသည်မိမိတစ်ဖန်ကြွလာ တော်မူမည်ဟုကတိထားတော်မူခဲ့သည် မဟုတ်ပါလော။ ထိုကတိတော်သည်အဘယ် သို့ဖြစ်လေပြီနည်း။ ငါတို့မိဘများကား သေလွန်ကြလေပြီ။ သို့ရာတွင်ခပ်သိမ်း သောအမှုအရာတို့သည်ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်ကရှိ ခဲ့သည့်အတိုင်းပင်ရှိနေသေးပါသည် တကား' ဟုဆိုကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။
ကြွ လာ တော် မူ မည် ဟူ သော က တိ တော် ကား မည် သို့ နည်း။ ဘိုး ဘေး တို့ အိပ် ပျော် သည့် ကြ နေ့ ရက် က စ၍ ဖန် ဆင်း စ ကာ လ နည်း တူ အ ရာ ခပ် သိမ်း ရှိ မြဲ ရှိ နေ သည် ဟု သ ရော် ကြ မည့် အ ကြောင်း အ ထူး မှတ် သား ကြ လော့။
အခန်းကိုကြည့်ပါ။
သခင်ဘုရား ကြွလာမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည်နောက်၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။
“ကိုယ်တော်၏ကြွလာတော်မူခြင်းနှင့်ဆိုင်သောကတိတော်သည် အဘယ်မှာရှိသနည်း။ ရှေးဘိုးဘေးများအိပ်ပျော်ခဲ့သည့်အချိန်မှစ၍ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်း ဆက်၍တည်နေသည်မဟုတ်လော”ဟု ပြောဆိုကြလိမ့်မည်။
အခန်းကိုကြည့်ပါ။
ထိုသူတို့က “ယေရှုပြန်ကြွလာမည် ဟူသော ကတိတော်သည် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ဘိုးဘေးများ ကွယ်လွန်ပြီးကတည်းက အရာအားလုံးသည် ကမ္ဘာဦးအစ ဖန်ဆင်းခဲ့သည့်အချိန်ကအတိုင်း ဆက်လက်ရှိနေဆဲပင် ဖြစ်၏” ဟူ၍ ပြောကြလိမ့်မည်။
အခန်းကိုကြည့်ပါ။