ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
၂ ပေ 2:9 - Common Language Bible သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။- Garrad Bible လော ဘ ဆိုင် ရာ တ ဏှာ အား ဖြင့် ဇာ တိ သ ဘော နောက် သို့ လျှောက် လိုက် သူ အာ ဏာ ပိုင် များ ကို မ ထီ လေး စား ပြု သူ တို့ မှ စ၍ မ တ ရား သူ တို့ အား စီ ရင် ဆုံး ဖြတ် ချိန် မ တိုင် မ ချင်း ဒဏ် ခတ် လျက် အ ကျဉ်း ထား ခြင်း၊ ဘု ရား တ ရား ကြည် ညို သူ တို့ ကို စုံ စမ်း ရာ မှ ကယ် နှုတ် ခြင်း ကို ထာ ဝ ရ ဘု ရား ပြု တော် မူ တတ်၏။ ဘုန်း ရှင် များ ကို ခွန် အား တန် ခိုး ကြီး သော စေ တ မန် တော် တို့ ပင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ ကဲ့ ရဲ၍ စွဲ ဆို ချက် ကို မ ထား ဝံ့ ကြ ဘဲ လျက် ဆို ခဲ့ သည့် ရဲ ဝံ့ စော် ကား သော လူ ယုတ် တို့ သည် ကဲ့ ရဲ့ ဝံ ကြ သည် တ ကား။ Judson Bible ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့်တကွ၊ ကာမဂုဏ်အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူးသဖြင့် ဒဏ်ခံစေမည်အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဖို့ ချုပ်ထားခြင်းငှာလည်းကောင်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့ လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ထာဝရဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့ရက်၌ အပြစ်ဒဏ်ခံစေရန်ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။ |
ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ သူတော်ကောင်းတစ်ယောက်မျှမကျန်မရှိ တော့ပါ။ ရိုးသားဖြောင့်မတ်သူများကိုလည်းရှာ၍ မတွေ့နိုင်တော့ပါ။
သို့ဖြစ်၍ကိုယ်တော်ရှင်အားသစ္စာစောင့်သူတို့သည် အရေးကြုံသည့်အခါများ၌ အထံတော်သို့ဆုတောင်းပတ္ထနာပြုသင့်ကြ ပါသည်။ အဟုန်ပြင်းစွာလွှမ်းမိုး၍လာသောရေသည် သူတို့ထံသို့ရောက်ရှိလိမ့်မည်မဟုတ်ပါ။
သို့ရာတွင်ထာဝရဘုရားသည် သူတော်ကောင်းအားရန်သူ၏လက်တွင်စွန့်ပစ်၍ ထားတော်မူလိမ့်မည်မဟုတ်။ သူသည်တရားရုံးသို့ရောက်၍အစစ်ခံရသော် သူ့အား အပြစ်ဒဏ်သင့်စေတော်မူလိမ့်မည်မဟုတ်။
ထာဝရဘုရားသည်မိမိ၏အဖို့အလို့ငှာ သူတော်ကောင်းအားရွေးချယ်ထားတော်မူသည်ကို သိမှတ်ကြလော့။ ငါခေါ်သောအခါကိုယ်တော်ကြားတော်မူ၏။
စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကား တရားစီရင်တော်မူရာနေ့၌ထိုမြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ထက်ပို၍ အပြစ်ဒဏ်ခံရလိမ့်မည်။
အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။-
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက် ဘုရားဝတ်၌မွေ့လျော်လိုသူတိုင်းနှိပ်စက် ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။-
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ဘုရားသခင်သည်အပြစ်ကူးသူကောင်းကင် တမန်များကိုချမ်းသာပေးတော်မမူဘဲ မှောင် မိုက်သောငရဲထဲသို့ချထားတော်မူ၏။ ထို နေရာတွင်သူတို့ကိုသံကြိုးများဖြင့်ချည် နှောင်ကာ တရားစီရင်တော်မူရာနေ့ကို စောင့်မျှော်စေတော်မူ၏။-
သို့ရာတွင်ဘုရားသခင်သည်ယခုလက်ရှိ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုမီးဖြင့် ဖျက်ဆီးရာနေ့တိုင်အောင် ထိုအမိန့်တော် အားဖြင့်ပင်လျှင်ဆက်လက်တည်ရှိစေ တော်မူပေသည်။ ထိုနေ့၌ဘုရားတရား မဲ့သောသူတို့သည်တရားစီရင်ဖျက်ဆီး ခြင်းကိုခံရကြလိမ့်မည်။
မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။-
သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-
ဒါဝိဒ်၊ သင်နှင့်တကွရှောလုထံမှငါ့ထံသို့ ပြောင်းရွှေ့လာကြသူအပေါင်းတို့သည် နက်ဖြန် နံနက်စောစောထ၍မိုးလင်းလျှင်လင်းချင်း ထွက်ခွာသွားကြလော့'' ဟုပြန်ပြော၏။