ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
၂ ပေ 2:4 - Common Language Bible ဘုရားသခင်သည်အပြစ်ကူးသူကောင်းကင် တမန်များကိုချမ်းသာပေးတော်မမူဘဲ မှောင် မိုက်သောငရဲထဲသို့ချထားတော်မူ၏။ ထို နေရာတွင်သူတို့ကိုသံကြိုးများဖြင့်ချည် နှောင်ကာ တရားစီရင်တော်မူရာနေ့ကို စောင့်မျှော်စေတော်မူ၏။- Garrad Bible ဘု ရား သ ခင် သည် ပြစ် မှား သော စေ တ မန် တော် များ ကို ပင် မ ညှာ ဘဲ စီ ရင် ဆုံး ဖြတ် ချိန် မ တိုင် မ ချင်း အ ပါယ် မှောင် မိုက် တွင်း များ၌ သွင်း ထား တော် မူ လျှင် လည်း ကောင်း၊ Judson Bible အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှာ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် အပြစ်ကျူးလွန်သောကောင်းကင်တမန်များကိုပင်လျှင် ချမ်းသာပေးတော်မမူဘဲ ငရဲထဲသို့ ပစ်ချ၍ တရားစီရင်မည့်နေ့တိုင်အောင် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။ |
ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
ကိုယ်တော်သည်အမျက်တော်ကိုချုပ်တည်းတော်မမူ။ ထိုသူတို့၏အသက်ကိုလည်းချမ်းသာပေး တော်မမူ။ သူတို့အားကပ်ရောဂါအားဖြင့်သေကြေပျက်စီး စေတော်မူ၏။
အို နံနက်အရုဏ်၏သား၊ ဗာဗုလုန်ဘုရင်၊ ထွန်း လင်းတောက်ပသည့်မိုးသောက်ကြယ်၊ သင်သည် မိုးကောင်းကင်မှပြုတ်ကျရလေပြီ။ အတိတ် ကာလကသင်သည်လူမျိုးတကာကိုနှိမ် နင်းခဲ့၏။ သို့ရာတွင်ယခုအခါ၌မြေ ပေါ်သို့ပစ်ချခြင်းကိုခံရလေပြီ။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
``ထိုနောက်ဘုရင်မင်းမြတ်ကလက်ဝဲတော်ဘက် ၌ရှိသောသူတို့အား `အမင်္ဂလာရှိသူတို့၊ ငါ့ထံ မှထွက်သွားကြလော့။ မာရ်နတ်နှင့်သူ့စေတမန် များအတွက်ပြင်ဆင်ထားသည့်ထာဝရမီး ထဲသို့သက်ဆင်းကြလော့။-
ထိုသူတို့က ``ဘုရားသခင်၏သားတော်၊ အရှင် သည်အကျွန်ုပ်တို့ကိုမည်သို့ပြုလိုတော်မူပါ သနည်း။ အချိန်မကျမီအကျွန်ုပ်တို့အားဒဏ် ခတ်ရန်ဤအရပ်သို့ကြွလာတော်မူပါသလော'' ဟုဟစ်အော်လျှောက်ထားကြ၏။
ကိုယ်တော်က ``ကောင်းကင်မှလျှပ်စစ်ကျသကဲ့ သို့စာတန်ကျသည်ကိုငါမြင်ရ၏။-
နတ်မိစ္ဆာတို့သည် ``အကျွန်ုပ်တို့အားတွင်းနက်ကြီး ထဲသို့လားစေရန်အမိန့်ပေးတော်မမူပါနှင့်'' ဟုတောင်းပန်ကြ၏။
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
ဘုရားသခင်သည်သံလွင်ပင်မှနဂိုမူရင်း အကိုင်းများသဖွယ်ဖြစ်ကြသူ ယုဒအမျိုး သားတို့ကိုသက်ညှာတော်မမူလျှင် အဘယ် သို့လျှင်သင်တို့ကိုသက်ညှာတော်မူမည်နည်း။-
မိမိ၏သားတော်ရင်းကိုပင်မနှမြောဘဲငါ တို့ရှိသမျှအတွက် ယဇ်အဖြစ်ပူဇော်တော် မူသောဘုရားသခင်သည်ဆန့်ကျင်မည်မဟုတ်။ ငါတို့အတွက်သားတော်ကိုပူဇော်သောအရှင် သည်အရာခပ်သိမ်းကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။-
ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
ဤမိစ္ဆာဆရာတို့ထက်များစွာတန်ခိုးစွမ်း ရည်ကြီးသောကောင်းကင်တမန်များပင် လျှင် သူတို့အားထာဝရဘုရား၏ရှေ့ တော်မှောက်တွင်စော်ကားပြောဆိုခြင်းကို မပြုကြ။-
ကိုယ်တော်သည်ရှေးခေတ်ကမ္ဘာသူကမ္ဘာသား တို့ကိုလည်းချမ်းသာပေးတော်မမူခဲ့ပေ။ ထိုစဉ်အခါကကိုယ်တော်သည်ဘုရားမဲ့နေ သူတို့၏ကမ္ဘာမြေကြီးကိုရေလွှမ်းမိုးစေတော် မူ၏။ ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူ နောဧကိုမူကားအခြားသူခုနစ်ယောက်နှင့် အတူကယ်တင်တော်မူ၏။-
သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-
အြုပစ်တရားကိုကျင့်သုံးသူသည်မာရ်နတ် ၏ဘက်သားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မူလအစကတည်းကပင်လျှင် အပြစ်ကူးသူဖြစ်သောကြောင့်တည်း။ ဘုရား သခင်၏သားတော်ပေါ်ထွန်းတော်မူသည့် အကြောင်းမှာ မာရ်နတ်ပြုခဲ့သည့်အမှုကို ချေဖျက်ရန်ပင်ဖြစ်ပေသည်။
ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။
မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။-
သူတို့အားမှောက်မှားလမ်းလွဲစေသူစာတန် သည်လည်း ကန့်မီးအိုင်ထဲသို့ပစ်ချခြင်းကို ခံရလေ၏။ ထိုအိုင်ထဲသို့သားရဲနှင့်မိစ္ဆာပရော ဖက်တို့ပစ်ချခြင်းခံရပြီးဖြစ်သည်။ သူတို့ သည်ကမ္ဘာအဆက်ဆက်နေ့ရောညဥ့်ပါ ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရကြလတ္တံ့။