ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍ တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။
၂ တိ 4:1 - Common Language Bible ဘုရားသခင်၏ရှေ့တော်မှောက်၌လည်းကောင်း သေသူရှင်သူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်မှောက်၌လည်း ကောင်း ကိုယ်တော်သည်အုပ်စိုးရန်ဘုရင်အဖြစ် ကြွလာမည်ဖြစ်၍သင့်အားငါသစ္စာပေး၏။- Garrad Bible ဘု ရား သ ခင့် မျက် မှောက် တော် ရှင် သူ သေ သူ တို့ ကို စီ ရင် ဆုံး ဖြတ် တော် မူ မည့် ခ ရစ် တော် ယေ ရှု မျက် မှောက် တော်၌ ထို အ ရှင် ထင် ရှား၍ တည် ထောင် သော နိုင် ငံ တော် ကို တိုင် တည် လျက် ငါ သ တိ ပေး သည် မှာ တ ရား တော် ကို ကြော် ငြာ လျက်၊ Judson Bible ကိုယ်တော်တိုင်ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသောသူတို့ကို စစ်ကြောစီရင်တော်မူသော သခင်ယေရှုခရစ် ရှေ့မှာလည်းကောင်း၊ ဘုရားသခင် ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ အသက်ရှင်သောသူတို့နှင့်သေသောသူတို့ကိုစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းနှင့် ကိုယ်တော်၏နိုင်ငံတော်ကိုအကြောင်းပြု၍ သင့်အား အလေးအနက်တိုက်တွန်းသည်ကား ခေတ်သစ်မြန်မာ သမ္မာကျမ်း နိုင်ငံတော်တည်ထောင်ရန် ကြွလာပြီး အသက်ရှင်သောသူနှင့် သေသောသူတို့ကို တရားစီရင်မည့်ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း၊ ဘုရားသခင်ရှေ့တော်၌လည်းကောင်း သင့်အား ကျွန်ုပ်အလေးအနက်တိုက်တွန်းလိုက်ပါ၏။ |
ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍ တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။-
ထိုသူကားဘုရင်အရာကိုခံယူ၍ပြန်လာ၏။ သူသည်ချက်ချင်းပင်မိမိရင်းနှီးငွေပေးခဲ့သည့် အစေခံများကို ကုန်သွယ်၍အဘယ်မျှလောက် အမြတ်ရသည်ကိုသိလိုသဖြင့်သူတို့အား ဆင့်ခေါ်၏။-
ထိုနောက်သခင်ယေရှုအား ``အရှင်အုပ်စိုးရန် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိ ရတော်မူပါ'' ဟုလျှောက်၏။-
ကိုယ်တော်သည်လူတို့အားသတင်းကောင်းကို ကြေညာရန်နှင့် ကိုယ်တော်သည်အသက်ရှင်နေ သူ၊ သေလွန်သူများကိုတရားစီရင်သော သခင်အဖြစ်ဖြင့် ဘုရားသခင်ခန့်ထားတော် မူကြောင်းဟောပြောသက်သေခံရန် ငါတို့ အားပညတ်ပေးတော်မူခဲ့၏။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
သို့ဖြစ်၍ငါဟောပြောကြေညာသည့်သတင်း ကောင်းအရ တရားစီရင်တော်မူရာနေ့၌ ဘုရား သခင်သည်ယေရှုခရစ်အားဖြင့်လူခပ်သိမ်း တို့၏လျှို့ဝှက်သောအကြံအစည်များကို ထို သို့စစ်ဆေးစီရင်တော်မူပေအံ့။
သင်တို့အသက်အစစ်အမှန်သည်ခရစ်တော် ဖြစ်သည်။ ကိုယ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်းကိုယ်တော်နှင့်အတူဘုန်း အသရေတော်ကိုခံစားရကြလတ္တံ့။
ထိုအခါသူယုတ်မာကြီးသည်ပေါ်လွင်ထင် ရှားလာပေအံ့။ သို့ရာတွင်အရှင်ယေရှုကြွ လာတော်မူသောအခါသူယုတ်မာကြီးအား မိမိ၏ထွက်သက်လေဖြင့်ကွပ်မျက်၍ဘုန်း ရောင်ခြည်တော်ဖြင့်ပယ်ရှားတော်မူလိမ့်မည်။-
ဤညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့်ခရစ်တော်ယေရှု၏ရှေ့တော် ၌လည်းကောင်း၊ သန့်ရှင်းမြင့်မြတ်သောကောင်းကင် တမန်များရှေ့၌လည်းကောင်းသင့်အားငါသစ္စာ ပေး၏။ သင်သည်အဘယ်အခါ၌မျှကြိုတင် စီရင်ဆုံးဖြတ်မှုနှင့်ဘက်လိုက်မှုကိုမပြုနှင့်။-
သို့ရာတွင်ယခုအခါငါတို့၏ကယ်တင် ရှင်ခရစ်တော်ယေရှုကြွလာတော်မူခြင်း အားဖြင့် ထိုကျေးဇူးတော်သည်ပေါ်လွင် ထင်ရှားလာလေပြီ။ ကိုယ်တော်သည်သေ ခြင်းတရားကိုပယ်ရှားတော်မူပြီးလျှင် သတင်းကောင်းအားဖြင့် သင်္ခါရကင်းခြင်း တရားကိုပေါ်လွင်ထင်ရှားစေတော် မူသတည်း။
ဤအကြောင်းအရာများကိုသင်၏လူစု အားသတိပေးလော့။ စကားအသုံးအနှုန်း နှင့်ပတ်သက်၍ငြင်းခုံမှုသည်မည်သည့် အကျိုးကိုမျှမပြုစုတတ်။ ကြားရသူတို့ ၏အကျိုးကိုသာယုတ်စေတတ်၏။-
သခင်ဘုရားသည်ငါ့အားဘေးအန္တရာယ် အပေါင်းတို့မှကယ်နုတ်တော်မူ၍မိမိ၏ ကောင်းကင်နိုင်ငံတော်သို့လုံခြုံစွာပို့ဆောင် တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာအဆက် ဆက်ဘုန်းအသရေထွန်းတောက်တော်မူပါ စေသတည်း။ အာမင်။
ယခုအခါ၌ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံသူအားပေးအပ်သည့်အောင်ဆုသည် ငါ့အတွက်အသင့်ရှိနေပြီ။ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောတရားသူကြီး တည်းဟူသောသခင်ဘုရားသည် ထိုဆုကို တရားစီရင်တော်မူရာနေ့၌ငါ့အားပေး အပ်တော်မူလိမ့်မည်။ ငါ့ကိုသာမကဤ လောကသို့နောက်တစ်ဖန်ကိုယ်တော်ပေါ် ထွန်းတော်မူမည်ကိုတောင့်တစောင့်မျှော်သူ အပေါင်းတို့အားလည်းပေးတော်မူလိမ့်မည်။
ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
ဤသို့ပြုကြသည့်အတွက်သူတို့သည်အသက် ရှင်သူနှင့်သေသူများအား တရားစီရင်ရန် အသင့်ရှိနေတော်မူသောဘုရားသခင်၏ ထံတော်၌စစ်ဆေးစီရင်ခြင်းကိုခံရလတ္တံ့။-
သင်တို့သည်သိုးထိန်းချုပ်ကြီးပေါ်ထွန်းတော် မူသောအခါဘုန်းအသရေထွန်းတောက်သော၊ အဘယ်အခါ၌မျှအရောင်အဝါမမှေး မှိန်နိုင်သောသရဖူကိုရရှိကြလိမ့်မည်။
ဤနည်းအားဖြင့်သင်တို့သည်ငါတို့ကိုအရှင် သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှု ခရစ်၏ထာဝရနိုင်ငံတော်သို့ဝင်နိုင်ရန် အခွင့် အရေးအပြည့်အဝကိုရရှိကြလိမ့်မည်။
အကြီးမြတ်ဆုံးသောဘုန်းအသရေရောင်ခြည် တော်ရှင်က``ဤသူကားငါနှစ်သက်မြတ်နိုး သောငါ၏ချစ်သားဖြစ်၏'' ဟူသောအသံ တော်မိန့်တော်မူသောအချိန်၌ ခမည်းတော် ဘုရားသခင်ထံတော်မှကိုယ်တော်သည်ဂုဏ် အသရေတော်နှင့်ဘုန်းအသရေတော်ကို ခံယူတော်မူ၏။-
သားသမီးတို့၊ ကိုယ်တော်ကြွလာတော်မူသော နေ့၌ငါတို့သည်ရှက်ကြောက်၍ ပုန်းအောင်းနေ ကြရန်မလိုဘဲ ရှေ့တော်၌ရဲရင့်ခွင့်ရရှိစေ ခြင်းငှာ၊ ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း တည်ရှိနေကြလော့။-
ကြည့်ရှုလော့။ ကိုယ်တော်သည်မိုးတိမ်စီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်အားလှံဖြင့် ထိုးဖောက်ခဲ့သူများပါမကျန် လူအပေါင်း တို့သည်ကိုယ်တော်ကိုဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးရှိသမျှတို့သည်ဝမ်း နည်းကြေကွဲကြလိမ့်မည်။ ထိုအတိုင်း ဖြစ်ပါစေသော။