သူယုတ်မာသည်မိမိ၏ဆိုးညစ်သော အလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။ လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။
၂ တိ 3:2 - Common Language Bible လူတို့သည်တစ်ကိုယ်ကောင်းစိတ်ရှိသူ၊ လောဘ ကြီးသူ၊ ကြွားဝါသူ၊ မိမိကိုယ်ကိုအထင်ကြီး သူ၊ စော်ကားသူ၊ မိဘတို့ကိုတော်လှန်သူ၊ ကျေးဇူး တရားမသိသူ၊ ဘုရားတရားမကြည်ညိုသူ၊- Garrad Bible အ သို့ ဆို သော် လူ တို့ သည် ကိုယ် ကို ချစ် သူ၊ လော ဘ ရှိ သူ၊ ဝင့် ဝါ သူ၊ မာ န ထောင် လွှား သူ၊ ကဲ့ ရဲ့ သူ၊ မိ ဘ စ ကား ကို မ လိုက် နာ သူ၊ ကျေး ဇူး ကန်း သူ၊ မ သန့် ရှင်း သူ၊ Judson Bible လူတို့သည် ကိုယ်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ကြွားဝါသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ မသန့်ရှင်းသောသူ၊ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊ |
သူယုတ်မာသည်မိမိ၏ဆိုးညစ်သော အလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။ လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။
ထိုသူတို့သည်မိမိတို့၏စည်းစိမ်ဥစ္စာကို ယုံကြည်အားကိုးသူများ၊ချမ်းသာကြွယ်ဝမှုကို ကြွားဝါသူများဖြစ်ပေသည်။
တန်ခိုးကြီးသောအချင်းလူ၊အဘယ်ကြောင့် မိမိ၏ဆိုးညစ်မှုကိုကြွားဝါသနည်း။ ဘုရားသခင်၏သစ္စာတော်သည်အစဉ်အမြဲတည်၏။
ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊
သို့ရာတွင်ထာဝရဘုရားက``ပုဆိန်သည် မိမိကိုအသုံးပြုသူထက်ကြီးမြတ်သည် ဟုဆိုနိုင်ပါမည်လော။ လွှသည်လည်းမိမိ ကိုကိုင်၍တိုက်သူထက်အရေးပါအရာ ရောက်သည်ဟုဆိုနိုင်ပါမည်လော။ တင်းပုတ် ကလူကိုကိုင်သည်မဟုတ်၊ လူကတင်းပုတ် ကိုကိုင်သတည်း'' ဟုမိန့်တော်မူ၏။
``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။-
ထိုသူသည်မိဘအားထောက်ပံ့ရန်မလိုဟုသင် တို့သွန်သင်ကြ၏။ ဤသို့လျှင်သင်တို့သည်မိမိ တို့၏ထုံးတမ်းစဉ်လာများကိုလိုက်နာရန်ဘုရား သခင်၏ပညတ်တော်ကိုပစ်ပယ်ကြ၏။-
ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။
ငွေကိုတပ်မက်သူများဖြစ်သည့်ဖာရိရှဲများ သည်ထိုစကားများကိုကြားလျှင်ကိုယ်တော် ကိုသရော်ကြ၏။-
သင်တို့မူကားရန်သူကိုချစ်ကြလော့။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ရာကိုပြန်လည်ရရှိရန် မမျှော်လင့်ဘဲချေးငှားကြလော့။ ယင်းသို့ပြုပါ မူသင်တို့သည်ကြီးမြတ်သောဆုလာဘ်ကိုရ လျက်အမြင့်မြတ်ဆုံးသောဘုရားရှင်၏သား များဖြစ်ကြလိမ့်မည်။ ထိုအရှင်သည်ကျေးဇူး မသိတတ်သူများ၊ ဆိုးညစ်သူများအား ကျေးဇူးပြုတော်မူ၏။-
လွန်ခဲ့သောနှစ်အနည်းငယ်ကသုဒဆိုသူ သည် မိမိကိုယ်ကိုခေါင်းဆောင်ကြီးတစ်ဦးဟု ဆိုကာပေါ်ပေါက်ခဲ့၏။ သူသည်နောက်လိုက်လူ လေးရာခန့်ရရှိခဲ့၏။ သို့ရာတွင်သူအသတ် ခံရပြီးနောက် သူ၏နောက်လိုက်များသည်တစ် ကွဲတစ်ပြားဖြစ်လျက် သူဦးဆောင်ခဲ့သော လှုပ်ရှားမှုသည်လည်းပျောက်ပျက်သွား၏။-
သို့ဖြစ်၍သင်တို့သည်ခုတ်ဖြတ်ပစ်လိုက်သည့် အကိုင်းများနှင့်တူသောသူတို့ကိုအထင် မသေးကြနှင့်။ သင်တို့သည်အဘယ်သို့လျှင် ဝါကြွားနိုင်သနည်း။ သင်တို့သည်အကိုင်း အခက်မျှသာဖြစ်၍အမြစ်ကိုထောက်မ သည်မဟုတ်။ အမြစ်သည်သာလျှင်သင်တို့ ကိုထောက်မ၏။
ကိုယ်တော်သည်လူအပေါင်းတို့အတွက် အသေခံခြင်းမှာလူတို့သည်အသက်ရှင်စဉ် ကိုယ်ကျိုးအတွက်ဆက်လက်၍အသက်မရှင် ကြတော့ဘဲ မိမိတို့အတွက်အသက်ကိုစွန့် တော်မူပြီးနောက်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသောအရှင်၏အဖို့အသက်ရှင်ကြ စေရန်ဖြစ်ပေသည်။
အခြားသောသူအပေါင်းတို့သည်ကားကိုယ့် အကျိုးကိုသာလျှင်ရှာကြ၏။ ယေရှုခရစ် ၏အကျိုးကိုမရှာကြ။-
သို့ဖြစ်၍ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းစွာ ကျင့်ခြင်း၊ ပြင်းပြသောတဏှာရမ္မက်၊ မကောင်းမှု ပြုလုပ်လိုသောစိတ်ရှိခြင်း၊ လောဘလွန်ကူး ခြင်းအစရှိသောလောကီအာသာရမ္မက်များ ကိုသေစေကြလော့။ (လောဘကူးခြင်းသည် ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပင်ဖြစ်၏။-)
သူသည်လူတို့ကိုးကွယ်သောအမည်ခံ ဘုရားမှန်သမျှကိုအတိုက်အခံပြု၍ မိမိသည်ဘုရားတကာတို့ထက်တန်ခိုး ကြီးသည်ဟုဆိုလိမ့်မည်။ သူသည်ဘုရား သခင်၏ဗိမာန်တော်ထဲသို့ပင်လျှင်ဝင်၍ ထိုင်ကာမိမိကိုယ်ကိုဘုရားဟုကြေ ညာလိမ့်မည်။
ထိုသူတို့အထဲတွင်ဟုမေနဲနှင့်အာလေ ဇန္ဒြုတို့လည်းပါကြ၏။ သူတို့သည်ဘုရား သခင်အားပြစ်မှားပြောဆိုမှုကိုမပြုရန် သင်ခန်းစာရစေအံ့ငှာ ငါသည်သူတို့ကို စာတန်၏လက်သို့ပေးအပ်လိုက်လေပြီ။
သို့ရာတွင်တရားဥပဒေများကိုလူကောင်း တို့အတွက်မဟုတ်။ တရားလက်လွတ်စည်းမဲ့ ကမ်းမဲ့ကျင့်ကြံသူများ၊ ပြစ်မှုကူးလွန်သူ များ၊ ဘုရားကိုမကြည်ညိုသူများ၊ အပြစ် ကူးသူများ၊ ဘာသာတရားကိုင်းရှိုင်းမှု မရှိသူများ၊ အဖကိုသတ်သူများနှင့် အမိကိုသတ်သူများ၊ သူသတ်သမားများ၊-
သေသောက်ကြူးသူမဖြစ်စေရ။ သူသည် ကြမ်းတမ်းသူမဟုတ်ဘဲနူးညံ့သိမ်မွေ့သူ၊ ငြိမ်းချမ်းမှုကိုလိုလားသူဖြစ်ရမည်။ ငွေ ကိုခုံမင်တပ်မက်သူမဖြစ်ရ။-
အဘယ်ကြောင့်ဆိုသော်ငွေကိုစွဲလမ်းတပ် မက်ခြင်းသည်မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည်ငွေကိုခုံမင်လှ သဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ သွား၍ ပူဆွေးလျက်ဝမ်းနည်းပက်လက် ဖြစ်ရကြ၏။
မာနကြီးလျက်အဘယ်အမှုအရာကို မျှမသိသူတည်း။ သူသည်စကားအသုံး အနှုန်းနှင့်စပ်လျဉ်း၍ ငြင်းခုံခြင်းဝါသနာ ထုံသောသူဖြစ်သည်။ ထိုအပြုအမူသည် မနာလိုမှု၊ အငြင်းပွားမှု၊ စော်ကားမှု၊ ဆိုးရွားသောမယုံသင်္ကာရှိမှု၊-
သစ္စာဖောက်သူ၊ အရမ်းမဲ့ပြုမူသူ၊ မာနကြီးသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက်ကာမဂုဏ် ခံစားမှုကိုပို၍နှစ်သက်သူ၊-
သင်တို့သည်``သင်၏အိမ်နီးချင်းကိုကိုယ်နှင့် အမျှချစ်လော့'' ဟုကျမ်းစာတော်တွင်ဖော် ပြပါရှိသည့်ရွှေပညတ်တော်ကိုစောင့်ထိန်း လျှင်သင့်လျော်ပေ၏။-
ယခုမူကားသင်တို့သည်မာန်မာနကြီးကာ ကြွားဝါတတ်ကြ၏။ ယင်းသို့ကြွားဝါမှုရှိ သမျှသည်အပြစ်ဖြစ်၏။
သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-
သို့ရာတွင်ထိုသူတို့သည်ထောင်ဖမ်း၍သတ် ဖြတ်ပစ်ရန်အတွက် ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သောသားရဲတိရစ္ဆာန် များနှင့်တူကြသည်။ သူတို့သည်မိမိတို့ မသိနားမလည်သည့်အရာဟူသမျှကို ကဲ့ရဲ့ပြောဆိုတတ်ကြ၏။ အသိဉာဏ်ကင်း မဲ့သည့်သားရဲတိရစ္ဆာန်များနည်းတူ ပျက်စီးရကြလိမ့်မည်။-
သူတို့သည်မှားယွင်းလမ်းလွဲသောလူစု အထဲမှလွတ်မြောက်ခါစဖြစ်သောသူတို့ အား ကြွားဝါသောအချည်းနှီးစကားများ ကိုသုံးကာ ကာမဂုဏ်လိုက်စားမှုဖြင့်သွေး ဆောင်လမ်းလွဲစေကြ၏။-
ဤမိစ္ဆာဆရာတို့သည်လောဘကူးလျက် မဟုတ်မမှန်လုပ်ကြံပြောဆိုကာအမြတ် ထုတ်ကြလိမ့်မည်။ ရှေးကာလကပင်လျှင်သူတို့ အားတရားစီရင်မည့်အရှင်သည်အသင့်ရှိနေ တော်မူလေပြီ။ သူတို့အားသုတ်သင်ဖျက်ဆီး တော်မူမည့်အရှင်သည်အိပ်ပျော်လျက်နေ တော်မမူ။
ဤလူစုသည်အစဉ်ညည်းညူလျက်သူတစ် ပါးအား အပြစ်တင်လျက်သာနေတတ်ကြ၏။ မိမိတို့၏ဆိုးညစ်သည့်လိုအင်ဆန္ဒကိုလိုက် ၍ပြုကျင့်တတ်ကြ၏။ မိမိတို့အကြောင်း ကိုကြွားဝါတတ်ကြ၏။ ကိုယ်ကျိုးအတွက် သူတစ်ပါးတို့အား မြှောက်ပင့်ပြောဆိုတတ် ကြ၏။
ထိုနောက်ပင်လယ်ထဲမှဦးချိုဆယ်ချောင်း နှင့်ဦးခေါင်းခုနစ်လုံးရှိသော သားရဲတစ် ကောင်တက်လာသည်ကိုငါမြင်ရ၏။ သူ၏ ဦးချိုတစ်ချောင်းစီတွင်သရဖူဆောင်းထား ၏။ သူ၏ဦးခေါင်းတစ်လုံးစီပေါ်၌လည်း ဘုရားသခင်၏အသရေတော်ကိုရှုတ်ချ သည့်အမည်နာမကိုရေးသားထား၏။-
မိမိတို့၏ဝေဒနာနှင့်အနာစိမ်းများကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကိုကျိန်ဆဲကြ ၏။ မိမိတို့၏အပြစ်များအတွက်နောင်တမရ ကြ။
ကောင်းကင်မှပေါင်တစ်ရာမျှအလေးချိန်ရှိသော မိုးသီးကြီးများသည်လူတို့အပေါ်သို့ကျကုန် ၏။ လူတို့သည်ထိုဆိုးရွားလှသောမိုးသီးဘေး ဒဏ်ကြောင့်ဘုရားသခင်ကိုကျိန်ဆဲကြ၏။
လူတို့သည်အားကြီးသောအပူရှိန်ဖြင့်ကျွမ်း လောင်ခြင်းခံရသဖြင့် ဘေးဒဏ်တို့ကိုအစိုးရ သောဘုရားသခင်၏နာမတော်ကိုကျိန်ဆဲ ကြ၏။ သို့ရာတွင်သူတို့သည်နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုမချီးမွမ်း ကြ။