ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။-
၂ ကော 9:4 - Common Language Bible အကယ်၍ငါနှင့်အတူမာကေဒေါနိပြည် သားအချို့တို့လိုက်ပါလာ၍ သင်တို့မှာ အသင့်ပြင်ဆင်ထားမှုမရှိသည်ကိုတွေ့ရှိ ရပါက သင်တို့သာလျှင်အရှက်ရကြလိမ့် မည်မဟုတ်။ ငါတို့သည်လည်းသင်တို့အား များစွာယုံကြည်စိတ်ချမိသည်အတွက် အရှက်ရကြလိမ့်မည်။- Garrad Bible အ ကယ်၍ ငါ နှင့် အ တူ မာ ကေ ဒေါ နိ အ သင်း တော် သား တို့ လိုက် လာ လျက် သင် တို့ အ သင့် မ ရှိ ကြောင်း တွေ့ မြင် လျှင် သင် တို့ ကို မ ဆို နှင့် ဦး။ ငါ တို့ ပင် ထို သို့ ယုံ ကြည် အား ကိုး မိ သော ကြောင့် ရှက် ရ လိမ့် မည်။ Judson Bible သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူလာ၍ သင်တို့သည် အသင့်မရှိကြသည်ကိုတွေ့လျှင်၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ်လျှင် မာကေဒေါနိပြည်သားတို့သည် ငါနှင့်အတူလိုက်လာ၍ သင်တို့သည် အသင့်ပြင်ဆင်ထားခြင်းမရှိကြောင်း တွေ့ရှိပါက သင်တို့ကိုမဆိုထားနှင့် ဤအမှု၌ သင်တို့ကိုစိတ်ချယုံကြည်ထားသောငါတို့ပါ အရှက်ရကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့မဟုတ်ဘဲ မာကေဒေါနိပြည်သားတချို့သည် ကျွန်ုပ်နှင့်အတူ သင်တို့ထံရောက်လာ၍ သင်တို့၌ အသင့်ပြင်ဆင်ထားခြင်းမရှိသည်ကို တွေ့ရလျှင် သင်တို့သာမက ဤအမှု၌ သင်တို့ကို စိတ်ချယုံကြည်ထားသော ကျွန်ုပ်တို့သည်လည်း အရှက်ကွဲရကြလိမ့်မည်။ |
ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။-
ယခုကြွားဝါပြောဆိုနေခြင်းသည်သခင် ဘုရား၏အလိုတော်အရမဟုတ်။ လူမိုက် ကဲ့သို့ငါကြွားဝါပြောဆိုနေခြင်းဖြစ်၏။-
ထိုကြောင့်သင်တို့အကြောင်းငါတို့ဂုဏ်ယူ ဝါကြွားသည့်အတိုင်းမှန်ကန်ကြောင်းထို သူတို့သည်လည်းကောင်း၊ အသင်းတော်များ သည်လည်းကောင်းသိရှိနိုင်ကြစေရန်သူ တို့အားမေတ္တာပြကြလော့။
သင်တို့ကူညီထောက်ပံ့ရန်စိတ်စေတနာ ထက်သန်ကြသည်ကိုငါသိ၏။ သို့ဖြစ်၍သင် တို့အကြောင်းကိုမာကေဒေါနိပြည်သား တို့အားငါကြွားဝါခဲ့၏။ ``အခါယပြည် ရှိညီအစ်ကိုတို့သည်ယမန်နှစ်ကပင်လျှင် ပေးလှူရန်အသင့်ရှိကြ၏'' ဟုသူတို့အား ငါပြောကြားခဲ့၏။ သင်တို့၏စိတ်စေတနာ ထက်သန်မှုကြောင့်ထိုသူတို့အားလုံးလို လိုပင်စိတ်အားတက်ကြွလာပေပြီ။-
``ငါပေါလုသည်ထိုအကြွေးကို ပေးဆပ်ပါ မည်'' ဟူ၍ ငါကိုယ်တိုင်လက်မှတ်ရေးထိုးပါ၏။ (သင့်ကိုယ်တိုင်ပင်လျှင် သင်၏ဘဝသစ်အတွက် ငါ့အားပေးဆပ်စရာရှိကြောင်း ဖော်ပြရန် မလိုပါ။-)