အဘယ်ကြောင့်ဤသို့ငါဆိုရသနည်း။ သင်တို့ အားမချစ်၍လော။ ငါချစ်ကြောင်းကိုဘုရား သခင်သိတော်မူ၏။
၂ ကော 7:3 - Common Language Bible ဤသို့ဆိုရာ၌သင်တို့အားပြစ်တင်ရှုတ်ချ လို၍မဟုတ်။ ယခင်ကဖော်ပြခဲ့သည်အတိုင်း ငါတို့သည်သင်တို့နှင့်သေအတူရှင်မကွဲ ဖြစ်လိုသည်တိုင်အောင် သင်တို့အားချစ်သော ကြောင့်ဖြစ်၏။- Garrad Bible ထို သို့ ဆို သည် မှာ သင် တို့ ကို အ ပြစ် မ စီ ရင် လို၊ အ ထက် က ငါ ဆို ခဲ့ သည့် အ တိုင်း သေ သည် ဖြစ် စေ၊ ရှင် သည် ဖြစ် စေ၊ သင် တို့ ကို ငါ တို့ စိတ်၌ ထား ကြ ပြီ။ Judson Bible သင်တို့ကို အပြစ်တင်၍ ဤသို့ငါဆိုသည်မဟုတ်။ သင်တို့နှင့်အတူ အသက်ရှင်ခြင်းငှာလည်းကောင်း၊ သေခြင်းငှာလည်းကောင်း၊ အလိုရှိသည်တိုင်အောင်၊ ငါတို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြောခဲ့ပြီ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား အပြစ်တင်လို၍ ဤသို့ ငါပြောသည်မဟုတ်။ အကြောင်းမူကား ယခင်က ငါပြောခဲ့သည့်အတိုင်း သင်တို့သည် ငါတို့၏စိတ်နှလုံးထဲ၌ သေအတူရှင်မကွာရှိနေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ပြောသည်မှာ သင်တို့ကို အပြစ်တင်လို၍ မဟုတ်။ ယခင်က ကျွန်ုပ်ပြောခဲ့သည့်အတိုင်း သင်တို့သည် ကျွန်ုပ်တို့၏ နှလုံးသားထဲ၌ သေအတူရှင်မကွဲ ရှိနေကြသောကြောင့်ဖြစ်၏။ |
အဘယ်ကြောင့်ဤသို့ငါဆိုရသနည်း။ သင်တို့ အားမချစ်၍လော။ ငါချစ်ကြောင်းကိုဘုရား သခင်သိတော်မူ၏။
ငါသည်သင်တို့ကိုကူညီရန်ဝမ်းမြောက်စွာ မိမိ၏ဥစ္စာနှင့်အားအင်ကိုကုန်ခန်းစေမည်။ ငါသည်သင်တို့ကိုဤမျှချစ်လျှင်သင်တို့ ကငါ့ကိုလျော့၍ချစ်ကြမည်လော။
သင်တို့နှင့်ဝေးကွာသည်ကာလဤစာကိုရေးရ ခြင်းမှာငါလာသောအခါ သခင်ဘုရားငါ့အား ပေးတော်မူသည့်အခွင့်အာဏာကိုပြင်းပြင်းထန် ထန်အသုံးမပြုရစေရန်ပင်ဖြစ်ပေသည်။ ထိုအခွင့် အာဏာသည်သင်တို့အားပြုစုပျိုးထောင်ပေးရန် အတွက်ဖြစ်၏။ ဖြိုဖျက်ပစ်ရန်အတွက်မဟုတ်။
သင်တို့ကိုယ်တိုင်ပင်လျှင်ငါတို့၏ထောက်ခံ စာဖြစ်ကြ၏။ ထိုစာကိုလူတိုင်းဖတ်ရှုသိ ရှိနိုင်ရန်ငါတို့၏နှလုံးသားတွင်ရေးသား ထားပေသည်။-
သို့ဖြစ်၍ယခင်ကသင်တို့ထံသို့ငါစာရေးခဲ့ရ ခြင်းမှာပြစ်မှားသောသူ၏ကိစ္စကြောင့်မဟုတ်။ ပြစ် မှားခြင်းကိုခံရသူ၏ကိစ္စကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ရှေ့တော်တွင်ငါတို့အားသင်တို့ အဘယ်မျှချစ်ခင်စွဲလန်းကြသည်ကိုကောင်း စွာသိသာထင်ရှားစေလို၍ရေးခဲ့ခြင်းဖြစ်၏။-
သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
ငါတို့သည်သင်တို့အားလွန်စွာချစ်မြတ်နိုး ကြသည်ဖြစ်၍ငါတို့သည်ဘုရားသခင် ၏သတင်းကောင်းကိုသာမက ငါတို့၏ အသက်ကိုပင်သင်တို့အားပေးလိုသော ဆန္ဒရှိကြ၏။-