သို့ရာတွင်သင်တို့အားလုံးသည်ညီအစ်ကို များဖြစ်လျက် သင်တို့မှာဆရာတော်တစ်ပါး တည်းသာရှိသည်ဖြစ်၍ဆရာတော်ဟု အခေါ်မခံကြနှင့်။-
၂ ကော 4:5 - Common Language Bible ငါတို့သည်မိမိတို့၏အကြောင်းကိုဟော ပြောကြသည်မဟုတ်။ ယေရှုခရစ်သည်အရှင် သခင်ဖြစ်တော်မူကြောင်း၊ ငါတို့သည်သခင် ယေရှု၏အတွက်သင်တို့၏အစေခံများ ဖြစ်ကြကြောင်းကိုဟောပြောကြ၏။- Garrad Bible မု ချ အား ဖြင့် မှောင် ကျ ရာ မှ အ လင်း တောက် စေ ဟု မိန့် တော် မူ ခဲ့ သော ဘု ရား သ ခင် ကား ခ ရစ် တော် ၏ မျက် နှာ တော် ရှိ ဘု ရား သ ခင့် ဘုန်း တော် ဆိုင် ရာ အ သိ ပ ညာ ရောင် ခြည် ဖြင့် ထွန်း လင်း ကြ စေ ရန် ငါ တို့ စိတ် နှလုံး တွင် တောက် သော အ ရှင် ဖြစ် တော် မူ သော ကြောင့် ယေ ရှု အ တွက် သင် တို့ ကျွန် မျှ သာ ဖြစ် သော ငါ တို့ သည် ကိုယ့် အ ကြောင်း မ ဟုတ်၊ ခ ရစ် တော် ယေ ရှု အ ရှင် ဘု ရား အ ကြောင်း ကြော် ငြာ ကြ ၏။ Judson Bible ငါတို့သည် ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ ငါတို့သည် ယေရှုအတွက် သင်တို့၏ကျွန် ဖြစ်ကြောင်းကိုလည်းကောင်း ဟောပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်ဘဲ ယေရှုခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်းကို ဟောပြောကြ၏။ ငါတို့ကိုယ်တိုင်မူကား ယေရှုအတွက် သင်တို့၏အစေအပါးများဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။ |
သို့ရာတွင်သင်တို့အားလုံးသည်ညီအစ်ကို များဖြစ်လျက် သင်တို့မှာဆရာတော်တစ်ပါး တည်းသာရှိသည်ဖြစ်၍ဆရာတော်ဟု အခေါ်မခံကြနှင့်။-
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
မိမိကိုယ်ပိုင်တရားစကားကိုဟောပြောသွန် သင်သူသည် မိမိကိုယ်ပိုင်ဘုန်းအသရေကို ရှာလိမ့်မည်။ သို့သော်မိမိအားစေလွှတ်တော် မူသောအရှင်၏ဘုန်းအသရေကိုရှာသော သူမူကား ရိုးသားဖြောင့်မှန်စွာဟောပြော တတ်၏။ သူ့မှာမုသားမရှိ။-
ဣသရေလအမျိုးသားတို့ထံသို့ပေးပို့သော ဘုရား၊ လူခပ်သိမ်းတို့၏အရှင်သခင်ဖြစ်တော် မူသောသခင်ယေရှုခရစ်အားဖြင့် ကြေညာ တော်မူသည့်ရန်ငြိမ်းခြင်းဆိုင်ရာသတင်း ကောင်းကိုသင်တို့သိကြ၏။-
သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့၊ မေရှိယအဖြစ်ဖြင့်လည်းကောင်း၊ အရှင် သခင်အဖြစ်ဖြင့်လည်းကောင်း ဘုရားသခင် ခန့်ထားတော်မူသောသူကား သင်တို့လက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြသည့် ယေရှုပင် ဖြစ်ကြောင်းအတပ်ဧကန်သိမှတ်ကြလော့'' ဟုဟောလေ၏။
ဣသရေလအမျိုးသားတို့သည်နောင်တရ ၍ မိမိတို့အပြစ်များမှပြေလွတ်စိမ့်သောငှာ ဘုရားသခင်သည်ထိုသခင်အားမိမိ၏ လက်ယာတော်ဘက်တွင်စံပယ်စေ၍ ဦးစီး ခေါင်းဆောင်အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် ချီးမြှင့်တော်မူ၏။-
ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။-
သင်တို့သည်လည်းငါကဲ့သို့ပြုကြလော့။ ငါ သည်လူတို့ကယ်တင်ခြင်းခံရစေရန်မိမိပြု သမျှသောအမှုတို့တွင် ကိုယ်ကျိုးကိုမငဲ့ ဘဲလူအပေါင်းတို့၏အကျိုးကိုငဲ့၍သူ တို့နှစ်သက်အောင်ပြု၏။
အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။
ပထမလူအာဒံသည်မြေမှုန့်မှဖန်ဆင်းထားသူ ဖြစ်၏။ ဒုတိယလူမူကားကောင်းကင်ဘုံမှလာ သူတည်း။-
သင်တို့နှင့်အတူရှိစဉ်အခါကငါသည် ယေရှုခရစ်၏အကြောင်း၊ အထူးသဖြင့်လက် ဝါးကပ်တိုင်တွင်ကိုယ်တော်အသေခံတော်မူ သည့်အကြောင်းမှလွဲ၍ အခြားအရာမှန် သမျှကိုမေ့ပျောက်ပစ်ရန်စိတ်ပိုင်းဖြတ် ထား၏။-
သင်တို့သည်ခရစ်တော်ကိုလက်ခံပြီးနောက် သင်တို့အားသွန်သင်မည့်ဆရာထောင်ပေါင်း များစွာရှိသော်လည်း ဖခင်ကားတစ်ဦးတည်း သာရှိပေသည်။ ငါသည်သတင်းကောင်းကို ကြေညာခြင်းအားဖြင့် သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေသည့်မွေး သဖခင်ဖြစ်လာ၏။-
ငါတို့အဖို့မှာအဖခမည်းတော်ဘုရား တစ်ပါးတည်းသာလျှင်ရှိတော်မူ၏။ ကိုယ် တော်သည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူ၏။ ကိုယ်တော်၏အဖို့ငါတို့အသက် ရှင်ကြ၏။ ငါတို့မှာအရှင်သခင်တစ်ပါး တည်းသာလျှင်ရှိ၏။ ထိုအရှင်သခင်ကား ယေရှုခရစ်ပေတည်း။ ထိုအရှင်အားဖြင့် ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းခြင်း ကိုခံကြရ၏။ ထိုအရှင်အားဖြင့်ငါတို့ သည်အသက်ရှင်ကြ၏။
သင်တို့အားငါမှစ၍သိလွာနုနှင့်တိမောသေ တို့ဟောပြောကြေညာခဲ့သောဘုရားသခင်၏ သားတော်ယေရှုခရစ်သည်တစ်ချိန်တည်းမှာပင် ``ဟုတ်မှန်သည်'' ဟူ၍လည်းကောင်း၊ ``မဟုတ် မမှန်'' ဟူ၍လည်းကောင်းဖော်ပြတော်မူသော အရှင်မဟုတ်။ စင်စစ်အားဖြင့်ကိုယ်တော်သည် ဘုရားသခင်၏ ``ဟုတ်မှန်သည်'' ဖြစ်တော်မူပေ သည်။-
သင်တို့သည်မည်သည့်အရာကိုယုံကြည်ရ မည်ကိုသင်တို့အားအမိန့်ပေးရန်ငါတို့ ကြိုးစားနေခြင်းမဟုတ်။ သင်တို့၏ယုံကြည် ခြင်းသည်ခိုင်မာလျက်ရှိကြောင်းငါတို့သိ ကြ၏။ ငါတို့သည်သင်တို့၏ရွှင်လန်းဝမ်း မြောက်မှုအတွက်သင်တို့နှင့်အတူလုပ် ဆောင်နေခြင်းသာဖြစ်၏။
ညီအစ်ကိုတို့၊ လွတ်လပ်မှုရစေရန်ဘုရားသခင် သည်သင်တို့ကိုရွေးကောက်တော်မူပေသည်။ သို့ ရာတွင်လွတ်လပ်မှုကိုအကြောင်းပြ၍ လူ့ဇာတိ အလိုသို့မလိုက်ကြဘဲမေတ္တာဖြင့်အချင်း ချင်းကျေးဇူးပြုကြလော့။-
အချို့သောသူတို့သည်မနာလိုသောစိတ်၊ ရန်တွေ့ လိုသောစိတ်နှင့်ခရစ်တော်အကြောင်းကိုဟော ပြောကြ၏။ အချို့သောသူတို့မူကားစေတနာ စိတ်နှင့်ဟောပြောကြပေသည်။-
ယေရှုခရစ်သည်အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရားသခင်၏ဘုန်းအသရေ တော်ကို ထွန်းတောက်စေကြလိမ့်မည်။
ထို့ကြောင့်ငါသည်ဘုရားသခင်ရွေးကောက် တော်မူသောလူစုတော်၏အတွက်မည့်သည့် ဒုက္ခဆင်းရဲကိုမဆိုခံ၏။ ဤသို့ခံခြင်းမှာ သူတို့သည်လည်းထာဝရဘုန်းအသရေ နှင့်တကွယေရှုခရစ်အားဖြင့်ကယ်တင် ခြင်းကိုခံရစေရန်ဖြစ်၏။-
ထိုသူတို့၏နှုတ်ကိုပိတ်ရန်လိုအပ်လာပေ ပြီ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ငွေ ရရှိရေးရည်ရွယ်ချက်ဖြင့် မသွန်သင်သင့် သောအရာများကိုသွန်သင်ခြင်းအားဖြင့် အိမ်ထောင်စုများကိုကမောက်ကမဖြစ်စေ ကြသောကြောင့်တည်း။-
ဤမိစ္ဆာဆရာတို့သည်လောဘကူးလျက် မဟုတ်မမှန်လုပ်ကြံပြောဆိုကာအမြတ် ထုတ်ကြလိမ့်မည်။ ရှေးကာလကပင်လျှင်သူတို့ အားတရားစီရင်မည့်အရှင်သည်အသင့်ရှိနေ တော်မူလေပြီ။ သူတို့အားသုတ်သင်ဖျက်ဆီး တော်မူမည့်အရှင်သည်အိပ်ပျော်လျက်နေ တော်မမူ။