၂ ကော 2:5 - Common Language Bible တစ်စုံတစ်ယောက်သည်လူတစ်ဦးအားဝမ်းနည်း စေသောအခါငါ့အားသာမက သင်တို့အားလုံး ကိုမဟုတ်လျှင်သင်တို့အချို့အဝက်ကိုလည်း ဝမ်းနည်းစေသည်။ (ထိုသူကိုကျပ်တည်းစွာ မစီရင်လို၍ဤသို့ဆိုခြင်းဖြစ်သည်။-) Garrad Bible ပူ ပန် စေ သူ ရှိ လျှင် ငါ့ ကို သာ မ ဟုတ်။ သင် တို့ ရှိ သ မျှ ကို မ နည်း မ များ ပူ ပန် စေ ကြောင်း အ ပြစ် ကြီး မ တင် လို၍ ငါ ဆို၏။ Judson Bible တစ်စုံတစ်ယောက်သောသူသည် ဝမ်းနည်းခြင်းအကြောင်းကို ပြုသည်မှန်လျှင်၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ကို ဝမ်းနည်းစေ၏။ သင်တို့ရှိသမျှကို ကျပ်တည်းစွာ မစီရင်လို။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် တစ်စုံတစ်ယောက်သည် ဝမ်းနည်းခြင်းကိုဖြစ်စေခဲ့လျှင် သူသည် ငါ့ကိုဝမ်းနည်းစေသည်မဟုတ်ဘဲ မယုတ်မလွန်ပြောရလျှင် အတိုင်းအတာတစ်ခုအထိ သင်တို့အားလုံးကိုဝမ်းနည်းစေခဲ့၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်သည် အပြစ်ကျူးလွန်ခြင်းအားဖြင့် ဝမ်းနည်းစရာဖြစ်စေလျှင် သူသည် ကျွန်ုပ်ကို ဝမ်းနည်းစေသည်ထက် အတိုင်းအတာတစ်ခုအထိ သင်တို့အားလုံးကို ပို၍ ဝမ်းနည်းစေသည်ဟု ကျွန်ုပ်ပြောလျှင် လွန်ရာကျမည်မဟုတ်ပါ။ |
ထိုဒေသတွင်နေထိုင်သူခါနာန်အမျိုးသမီး တစ်ယောက်သည်အထံတော်သို့လာပြီးလျှင် ``အရှင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနား တော်မူပါ။ ကျွန်မ၏သမီးသည်နတ်မိစ္ဆာပူး ဝင်နေသဖြင့်ပြင်းပြစွာဝေဒနာခံလျက် နေပါသည်'' ဟုလျှောက်၏။
ညီအစ်ကိုတို့၊ သင်တို့သည်ငါကဲ့သို့ဖြစ်ကြရန် ငါတောင်းပန်၏။ ငါသည်သင်တို့ကဲ့သို့ပင်ဖြစ်၏။ သင်တို့သည်ငါ့အားအဘယ်သို့မျှမပြစ်မှား ခဲ့ကြ။-
သို့ရာတွင်ငါသည်သင်တို့ကို ယနေ့တိုင်အောင် ယုံကြည်စိတ်ချခြင်းရှိ၏။ ငါနှင့်သင်တို့သည် သခင်ဘုရား၌တစ်လုံးတစ်ဝတည်းဖြစ်ကြ သဖြင့် သင်တို့သည်ကွဲလွဲသောအယူကို လက်ခံကြလိမ့်မည်မဟုတ်ဟု ငါယုံကြည် စိတ်ချ၏။ သို့ရာတွင်သင်တို့အားနှောင့်ယှက် သူမည်သူမဆို ဘုရားသခင်၏အပြစ်ဒဏ် ခတ်တော်မူခြင်းကိုခံရမည်။