ငါတို့ရှိသမျှသည်ယုံကြည်ခြင်းမခိုင်မာသေး သောညီအစ်ကိုများ၏ယုံကြည်ခြင်းခိုင်မာလာ စေရန် သူတို့၏အကျိုးကိုထောက်၍သူတို့၏ အလိုကိုလိုက်သင့်၏။-
၂ ကော 13:9 - Common Language Bible ငါတို့အားနည်း၍သင်တို့အားကြီးသောအခါ ငါတို့ဝမ်းသာသည်။ သို့ဖြစ်၍သင်တို့သည်အပြစ် ဆိုဖွယ်မရှိသူများဖြစ်လာကြစေရန်ကိုလည်း ငါတို့ဆုတောင်းပတ္ထနာပြု၏။- Garrad Bible သို့ နှင့် အ ညီ ငါ တို့ သည် အား နည်း သော် လည်း သင် တို့ အား ကြီး သော် ရွှင် လန်း ကြ၏။ သင် တို့၌ စုံ လင် ခြင်း ရှိ စေ ရန် လည်း ငါ တို့ ပ တ္ထ နာ ပြု ကြ၏။ Judson Bible သမ္မာတရားဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည် အားနည်း၍ သင်တို့သည် အားကြီးသောအခါ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့အားနည်းလျှင်လည်း သင်တို့အားကြီးသောအခါ ငါတို့ဝမ်းမြောက်ကြ၏။ သင်တို့သည် ပြည့်ဝစုံလင်သောသူဖြစ်ကြရန်အတွက်လည်း ငါတို့ဆုတောင်းကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အားနည်းနေလျှင်ပင် သင်တို့အားကြီးပါက ကျွန်ုပ်တို့ဝမ်းမြောက်၏။ ကျွန်ုပ်တို့ဆုတောင်းသည်မှာ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် ဖြစ်၏။ |
ငါတို့ရှိသမျှသည်ယုံကြည်ခြင်းမခိုင်မာသေး သောညီအစ်ကိုများ၏ယုံကြည်ခြင်းခိုင်မာလာ စေရန် သူတို့၏အကျိုးကိုထောက်၍သူတို့၏ အလိုကိုလိုက်သင့်၏။-
ညီအစ်ကိုတို့၊ ငါတို့အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြု၍သင်တို့အားတောင်း ပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမရှိစေရန်သင် တို့စကားအပြောအဆိုတွင်ညီညွတ်မှုရှိ ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့်စည်းလုံး မှုရှိကြလော့။-
သို့ဖြစ်၍ငါသည်သင်တို့ထံသို့လာချိန် ၌ အားနည်း၍ကြောက်ရွံ့တုန်လှုပ်လျက်၊-
ငါတို့သည်ခရစ်တော်အတွက်လူမိုက်ဖြစ် ရ၏။ သင်တို့ကားခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်သူပညာရှိများဖြစ်ကြ သည်။ ငါတို့သည်ချည့်နဲ့သူ၊ သင်တို့ကား စွမ်းသန်သူ၊ ငါတို့သည်အသရေမဲ့သူ၊ သင်တို့ကားအသရေရှိသူများဖြစ်ကြ ပါသည်တကား။-
ငါသည်ဝါကြွားရမည်ဆိုလျှင် မိမိ၏အား နည်းမှုကိုသာအကြောင်းပြု၍ဝါကြွားမည်။-
ညီအစ်ကိုတို့၊ ကျန်းမာရွှင်လန်းကြပါစေ။ အပြစ် ဆိုဖွယ်မရှိသူများဖြစ်စေရန်ဆက်လက်ကြိုးစား ကြလော့။ ငါ၏မေတ္တာရပ်ခံချက်များကိုနာယူကာ အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိ လျက်ငြိမ်းချမ်းစွာနေကြလော့။ သို့ပြုလျှင်မေတ္တာ တော်နှင့်ငြိမ်သက်ခြင်းအရှင်ဘုရားသခင် သည်သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ကိုယ်တော်သည်လက်ဝါးကပ်တိုင်တွင်အသတ်ခံရ စဉ်အခါ၌စွမ်းအားနည်းသည့်အခြေအနေ၌ ရှိတော်မူခဲ့သော်လည်း၊ ယခုအခါဘုရားသခင် ၏တန်ခိုးတော်အားဖြင့်အသက်ရှင်လျက်နေတော် မူလေပြီ။ ငါတို့သည်လည်းကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းရှိသဖြင့်စွမ်းအားနည်းရကြ၏။ သို့ ရာတွင်ငါတို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ခရစ်တော်နှင့်အတူအသက်ရှင်လျက် သင်တို့နှင့်ဆက်ဆံမည်။
သို့ဖြစ်၍ငါတို့တွင်သေခြင်းတရားသည် ရှင်သန်လျက်ရှိသော်လည်း သင်တို့တွင်မူ ကားအသက်ရှင်ခြင်းတရားသည်ရှင်သန် လျက်ရှိပေသည်။
ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။
သို့ဖြစ်၍ငါတို့သည်လူအပေါင်းတို့အား ခရစ်တော်၏အကြောင်းတော်ကိုဟောပြော ကြ၏။ လူတိုင်းအားရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရှိ ရန်ပို့ဆောင်နိုင်အံ့သောငှာ ငါတို့သည်ဉာဏ် ပညာရှိသမျှဖြင့်လူတိုင်းကိုသတိပေး သွန်သင်ကြ၏။-
ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-
သင်တို့ထံသို့ရောက်ရှိပြီးလျှင်သင်တို့ ယုံကြည်ခြင်းပါရမီကိုဖြည့်တင်းပေးခွင့် ကိုရနိုင်ရန် ငါတို့သည်နေ့ရောညပါစိတ် အားထက်သန်စွာဆုတောင်းပတ္ထနာပြုကြ၏။
ဘုရားသခင်၏အမှုတော်ဆောင်သည်ကောင်း မြတ်သည့်အမှုအမျိုးမျိုးတို့ကိုဆောင်ရွက် ရန်လိုအပ်သည့်ပြင်ဆင်မှုရှိပြီးလျှင် အရည် အချင်းများနှင့်ပြည့်ဝစုံလင်၍လာပေအံ့။
သင်တို့သည်ကောင်းကင်ဘုံစာရင်းဝင်သား ဦးများပျော်ရွှင်စွာစုဝေးရာသို့ရောက်ရှိ နေကြ၏။ သင်တို့သည်လူအပေါင်းတို့ကို တရားစီရင်တော်မူသောအရှင်ဘုရား သခင်၏ထံတော်သို့လည်းကောင်း၊ အြုပစ် ဆိုဖွယ်မရှိသောသူတော်ကောင်းတို့၏ ဝိညာဉ်များထံသို့လည်းကောင်းရောက်ရှိ နေကြ၏။-
သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်ဆိုင်သော အခြေခံသွန်သင်ချက်ကိုချန်ထား၍ ရင့်ကျက် သည့်ခံယူယုံကြည်ချက်သို့တက်လှမ်းကြကုန် အံ့။ ထိုမူလအခြေခံတရားများကိုသင်တို့ အား ငါတို့သွန်သင်ပေးပြီးဖြစ်သဖြင့်ထပ်မံ သွန်သင်ပေးရန်မသင့်။ အကျိုးမပေးတတ်သည့် အကျင့်အကြံများကိုစွန့်လွှတ်ကာ ဘုရား သခင်အားယုံကြည်ရန်လိုအပ်ကြောင်းသင် တို့သိရှိကြပြီးဖြစ်ပေသည်။-
သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။-