အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။
၂ ကော 13:4 - Common Language Bible ကိုယ်တော်သည်လက်ဝါးကပ်တိုင်တွင်အသတ်ခံရ စဉ်အခါ၌စွမ်းအားနည်းသည့်အခြေအနေ၌ ရှိတော်မူခဲ့သော်လည်း၊ ယခုအခါဘုရားသခင် ၏တန်ခိုးတော်အားဖြင့်အသက်ရှင်လျက်နေတော် မူလေပြီ။ ငါတို့သည်လည်းကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းရှိသဖြင့်စွမ်းအားနည်းရကြ၏။ သို့ ရာတွင်ငါတို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ခရစ်တော်နှင့်အတူအသက်ရှင်လျက် သင်တို့နှင့်ဆက်ဆံမည်။ Garrad Bible အား နည်း ခြင်း အ ဖြစ် ကြောင့် ကား တင် ခံ သည် မှန် သော် လည်း ဘု ရား သ ခင့် တန် ခိုး တော် ကြောင့် အ သက် ရှင် လျက် ရှိ တော် မူ သည့် နည်း တူ ကိုယ် တော်၌ အား နည်း သော ငါ တို့ လည်း ဘု ရား သ ခင့် တန် ခိုး တော် ကြောင့် ကိုယ် တော် ကဲ့ သို့ သင် တို့ နှင့် စပ်၍ အ သက် ပြည့် စုံ ရ ကြ လိမ့် မည်။ Judson Bible အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့် လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်းသော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထိုနည်းတူ ငါတို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်တို့ရှေ့၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့စဉ် လူသားအနေဖြင့် အားနည်းသောအခြေအနေ၌ ရှိခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်မည်ဖြစ်၍ သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းကြမည်မဟုတ်ပေ။ |
အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့၊ မေရှိယအဖြစ်ဖြင့်လည်းကောင်း၊ အရှင် သခင်အဖြစ်ဖြင့်လည်းကောင်း ဘုရားသခင် ခန့်ထားတော်မူသောသူကား သင်တို့လက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြသည့် ယေရှုပင် ဖြစ်ကြောင်းအတပ်ဧကန်သိမှတ်ကြလော့'' ဟုဟောလေ၏။
ထိုအရှင်၏နာမတော်တန်ခိုးအားဖြင့် ဤ ခြေမစွမ်းမသန်သူသည်စွမ်းသန်၍လာ၏။ ထိုအရှင်၏နာမတော်ကိုယုံကြည်ခြင်း အားဖြင့် ယခုသင်တို့တွေ့မြင်ကြရသည့် အမှုအရာသည်ဖြစ်ပွားခဲ့၏။ သင်တို့တွေ့ မြင်သည့်အတိုင်းသခင်ယေရှုကိုယုံကြည် ခြင်းကသာလျှင် ထိုသူအားကျန်းမာလာ စေခြင်းဖြစ်၏။''
ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်သည်သေ သူ၊ ရှင်သူတို့၏အရှင်သခင်ဖြစ်အံ့သောငှာ အသေခံ၍ရှင်ပြန်ထမြောက်တော်မူသော ကြောင့်ဖြစ်၏။-
သို့ဖြစ်၍ငါတို့သည်ဗတ္တိဇံအားဖြင့်ခရစ်တော် နှင့်အတူ မြှုပ်နှံခြင်းကိုခံသဖြင့်ကိုယ်တော် နှင့်အတူအသေခံကြ၏။ ကိုယ်တော်နှင့်အတူ အသေခံရသည့်အကြောင်းမှာခမည်းတော် သည်ဘုန်းတန်ခိုးတော်အားဖြင့် ကိုယ်တော်အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသည် နည်းတူငါတို့အားလည်းဘဝသစ်၌ကျင် လည်ရကြစေရန်ဖြစ်သတည်း။
ဘုရားသခင်၏ဉာဏ်ပညာမဲ့မှုဟုထင်ရ သောအရာသည် လူတို့ဉာဏ်ပညာရှိမှုထက် ပို၍ထက်မြက်၏။ ဘုရားသခင်၏အားနည်းမှု ဟုထင်ရသောအရာသည်လူတို့၏စွမ်းသန် မှုထက်ပို၍အားကြီး၏။
မြှုပ်နှံခြင်းခံရသောအခါအသရေပျက်၍ စွမ်းအားမရှိ။ ရှင်ပြန်ထမြောက်သောအခါ၌ အသရေနှင့်ပြည့်စုံလိမ့်မည်။-
သို့ဖြစ်၍ငါသည်သင်တို့ထံသို့လာချိန် ၌ အားနည်း၍ကြောက်ရွံ့တုန်လှုပ်လျက်၊-
ထာဝရဘုရားသည်သခင်ဘုရားကို ရှင်ပြန်ထမြောက်စေတော်မူ၏။ ငါတို့ကို လည်းတန်ခိုးတော်အားဖြင့်ရှင်ပြန်ထမြောက် စေတော်မူလိမ့်မည်။
``ပေါလု၏စာများသည်ပြင်းထန်၍အာဏာ ပါသည့်စာများဖြစ်၏။ သို့သော်ငါတို့ရှေ့မှောက် ၌မူသူသည်သတ္တိကြောင်သူ၊ အဟောအပြော ညံ့သူဖြစ်သည်'' ဟုပြောဆိုသူရှိလိမ့်မည်။-
ငါသည်အားနည်းသောအခါ၌တန်ခိုးနှင့် ပြည့်စုံလျက်ရှိသဖြင့် ခရစ်တော်၏အတွက် ကြောင့်အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲ ခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနှင့်အနှောင့် အယှက်တို့ကိုခံနေရစဉ်ရောင့်ရဲတင်းတိမ် မှုရှိ၏။
ငါတို့အားနည်း၍သင်တို့အားကြီးသောအခါ ငါတို့ဝမ်းသာသည်။ သို့ဖြစ်၍သင်တို့သည်အပြစ် ဆိုဖွယ်မရှိသူများဖြစ်လာကြစေရန်ကိုလည်း ငါတို့ဆုတောင်းပတ္ထနာပြု၏။-
ငါသည်ခရစ်တော်ကိုသိကျွမ်းခြင်း၊ ထမြောက် ရှင်ပြန်တော်မူခြင်း၏တန်ခိုးတော်ကိုခံစားခြင်း၊ ခရစ်တော်နှင့်အတူဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံတော်မူခြင်း၌ပါဝင်ခြင်းတို့ကိုသာ လိုချင်တောင့်တ၏။-
ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-
ထိုသခင်သည်ကောင်းကင်ဘုံသို့ဝင်တော်မူ ၍ ယခုအခါဘုရားသခင်လက်ယာတော် ဘက်တွင်ရှိတော်မူပြီးလျှင်ကောင်းကင်တမန် များ၊ ကောင်းကင်အာဏာပိုင်များနှင့်တန်ခိုး ရှင်များကိုအုပ်စိုး၍နေတော်မူ၏။