တရားစီရင်တော်မူရာနေ့၌ထိုသူ၏ ဝိညာဉ်သည်ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏ခန္ဓာကိုဖျက်ဆီးပစ်ရန်စာတန်၏ လက်သို့ပေးအပ်ကြလော့။
၂ ကော 13:2 - Common Language Bible ဒုတိယအကြိမ်ငါလာရောက်ခဲ့စဉ်အခါက ``နောက် တစ်ကြိမ်ငါလာလျှင်သင်တို့အားငါညှာတာလိမ့် မည်မဟုတ်'' ဟုယခင်အပြစ်ကူးခဲ့သူများနှင့် အခြားသူအပေါင်းတို့အားငါကိုယ်တိုင်ကြို တင်သတိပေးခဲ့၏။ ယခုလည်းဤအတိုင်း ပင်အဝေးမှငါထပ်မံ၍သတိပေးလိုက်၏။- Garrad Bible ပြစ် မှား မြဲ ပြစ် မှား သူ တို့ မှ စ၍ ကြွင်း သူ တို့ အား ဒု တိ ယ အ ကြိမ် ငါ ရှိ စဉ် အ ခါ ပြော ဆို ခဲ့ သည့် အ တိုင်း ငါ့ အား ဖြင့် ခ ရစ် တော် မိန့် ဆို တော် မူ ကြောင်း သက် သေ ကို သင် တို့ ရှာ ကြ သည် ဖြစ်၍ ယ ခု ကွဲ ကွာ လျက် ရှိ စဉ် ဆို ဦး မည် မှာ ငါ ပြန် ရောက် လျှင် ညှာ မည် မ ဟုတ်။ ထို အ ရှင် သည် သင် တို့ နှင့် စပ်၍ အား မ နည်း ဘဲ သင် တို့ ဘောင် တွင် တန် ခိုး နှင့် ပြည့် စုံ တော် မူ၏။ Judson Bible တစ်ဖန် ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသောသူမှစ၍ ကြွင်းသောသူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း၊ တစ်ဖန် ရှိဘိသကဲ့သို့ ငါပြောနှင့်၏။- မြန်မာ့စံမီသမ္မာကျမ်း ယခင် အပြစ်ကျူးလွန်ခဲ့သူများနှင့် အခြားသောသူအပေါင်းတို့အား ဒုတိယအကြိမ်ရောက်ခဲ့စဉ်က ငါသတိပေးခဲ့သည့်အတိုင်း ယခု သင်တို့နှင့်ကွဲကွာနေစဉ် ငါသတိပေးသည်ကား ငါသည် နောက်တစ်ဖန်ရောက်လာလျှင် ညှာတာလိမ့်မည်မဟုတ်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒုတိယအကြိမ် ကျွန်ုပ်သင်တို့နှင့်အတူ ရှိခဲ့စဉ်က ယခင် အပြစ်ကျူးလွန်သူများနှင့် အခြားသူအပေါင်းတို့အား နောက်တစ်ကြိမ် ရောက်လာလျှင် ညှာတာမည်မဟုတ်ဟု သတိပေးခဲ့သည့်အတိုင်း ယခုအဝေး၌ ရှိစဉ်တွင်လည်း ထပ်မံ၍ သတိပေးလိုက်၏။ |
တရားစီရင်တော်မူရာနေ့၌ထိုသူ၏ ဝိညာဉ်သည်ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏ခန္ဓာကိုဖျက်ဆီးပစ်ရန်စာတန်၏ လက်သို့ပေးအပ်ကြလော့။
ကောရိန္သုမြို့သို့မလာဘဲနေရန်ငါဆုံးဖြတ် ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာသောကြောင့်ဖြစ် ကြောင်းဘုရားသခင်သည်ငါ၏သက်သေ ဖြစ်တော်မူ၏။-
ငါသည်ယခုသင်တို့ထံသို့တတိယအကြိမ် လာရန်အသင့်ရှိပြီ။ သို့ရာတွင်ငါ၏အတွက် သင်တို့အားတာဝန်ကြီးလေးစေမည်မဟုတ်။ သင်တို့၏ငွေကြေးဥစ္စာများကိုငါအလို မရှိ။ သင်တို့ကိုသာလျှင်ငါအလိုရှိ၏။ သား သမီးများကမိဘများအဖို့စုဆောင်း ရကြသည်မဟုတ်။ မိဘများကသာလျှင် သားသမီးများအဖို့စုဆောင်းရကြသည်။-
သင်တို့နှင့်ဝေးကွာသည်ကာလဤစာကိုရေးရ ခြင်းမှာငါလာသောအခါ သခင်ဘုရားငါ့အား ပေးတော်မူသည့်အခွင့်အာဏာကိုပြင်းပြင်းထန် ထန်အသုံးမပြုရစေရန်ပင်ဖြစ်ပေသည်။ ထိုအခွင့် အာဏာသည်သင်တို့အားပြုစုပျိုးထောင်ပေးရန် အတွက်ဖြစ်၏။ ဖြိုဖျက်ပစ်ရန်အတွက်မဟုတ်။