ယင်းသို့သင်မေးလျှောက်နေစဉ်အကျွန်ုပ်သည် ဝင်လာ၍ သင်၏စကားကိုအတည်ပြုမည်'' ဟု ဆို၏။
၂ ကော 13:1 - Common Language Bible ယခုငါသည်တတိယအကြိမ်သင်တို့ထံသို့ လာခဲ့မည်။ ကျမ်းစာတော်ကဖော်ပြသကဲ့သို့ ``အမှု ကိစ္စမှန်သမျှကိုသက်သေနှစ်ဦးသုံးဦး၏ထွက် ဆိုချက်အရစီရင်ဆုံးဖြတ်ရမည်။-'' Garrad Bible တ တိ ယ ကြိမ် သင် တို့ ထံ ငါ ရောက် လာ သည် မှာ သက် သေ ခံ နှစ် ဦး သုံး ဦး ထွက် ဆို က ပြစ် မှု ရှိ သ မျှ တည် စေ မည်။ Judson Bible ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံ နှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ယခု တတိယအကြိမ် သင်တို့ထံသို့ ငါလာခဲ့မည်။ သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးသည် အတည်ပြုခြင်းခံရလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခု ကျွန်ုပ်သည် တတိယအကြိမ် သင်တို့ထံသို့ လာခဲ့မည်။ ကျမ်းစာ၌ “အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်ရမည်” ဟု ဖော်ပြထား၏။ |
ယင်းသို့သင်မေးလျှောက်နေစဉ်အကျွန်ုပ်သည် ဝင်လာ၍ သင်၏စကားကိုအတည်ပြုမည်'' ဟု ဆို၏။
ထိုနောက်သူ့ကိုမျက်နှာပြောင်တိုက်၍`ဤသူသည် ဘုရားသခင်နှင့်ဘုရင်မင်းမြတ်အားပုတ်ခတ် ပြောဆိုသူဖြစ်ပါသည်' ဟုမသမာသူလူနှစ် ယောက်ကိုပြစ်တင်စွပ်စွဲခိုင်းကြလော့။ ထို့နောက် သူ့အားမြို့ပြင်သို့ထုတ်၍ခဲနှင့်ပေါက်သတ်ကြ လော့'' ဟူသတည်း။
မသမာသူလူနှစ်ယောက်ကလည်းဘုရားသခင် နှင့် မင်းကြီးအားပုတ်ခတ်ပြောဆိုမှုနှင့်နာဗုတ် အားလူပုံအလယ်တွင်ပြစ်တင်စွပ်စွဲကြလေ သည်။ ထို့ကြောင့်လူတို့သည်သူ့ကိုမြို့ပြင်သို့ ထုတ်ပြီးလျှင်ခဲနှင့်ပေါက်သတ်ကြ၏။-
``လူသတ်မှုဖြင့်စွပ်စွဲခြင်းခံရသူအား သက် သေနှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပို၍ရှိမှ သေဒဏ်စီရင်ရမည်။ သက်သေတစ်ဦးတည်း ၏စွပ်စွဲချက်ဖြင့် ထိုသူအားသေဒဏ်မစီ ရင်ရ။-
သို့ရာတွင်သူသည်သင်၏စကားကိုနားမထောင် ပါမူသင်၏စွပ်စွဲချက်မှန်သမျှအတည်ဖြစ် စေရန် ကျမ်းစာလာသည်အတိုင်းအသိသက်သေ နှစ်ယောက်သုံးယောက်ကိုခေါ်လော့။-
ငါသည်ယခုသင်တို့ထံသို့တတိယအကြိမ် လာရန်အသင့်ရှိပြီ။ သို့ရာတွင်ငါ၏အတွက် သင်တို့အားတာဝန်ကြီးလေးစေမည်မဟုတ်။ သင်တို့၏ငွေကြေးဥစ္စာများကိုငါအလို မရှိ။ သင်တို့ကိုသာလျှင်ငါအလိုရှိ၏။ သား သမီးများကမိဘများအဖို့စုဆောင်း ရကြသည်မဟုတ်။ မိဘများကသာလျှင် သားသမီးများအဖို့စုဆောင်းရကြသည်။-
သို့ရာတွင်သက်သေခံနှစ်ဦးသုံးဦးရှိမှ သာထိုအပြစ်ရှိသူကိုသေဒဏ်စီရင်ရ မည်။ သက်သေတစ်ဦးတည်း၏ထွက်ချက် ဖြင့်ထိုသူကိုသေဒဏ်မစီရင်ရ။-
``သက်သေတစ်ဦးတည်း၏ထွက်ဆိုချက်ဖြင့် လူတစ်ယောက်အား ပြစ်မှုကူးလွန်သည်ဟု မစီရင်ရ။ အနည်းဆုံးသက်သေနှစ်ဦးရှိ မှလူတစ်ယောက်အား အပြစ်ရှိသည်ဟု ဆုံးဖြတ်ရမည်။-