ဆက်လက်၍ကိုယ်တော်က``သင်တို့သည်မိမိတို့ ၏ထုံးတမ်းစဉ်လာများအတိုင်းကျင့်သုံးနိုင် ကြစေရန် ဘုရားသခင်၏ပညတ်တို့ကိုပစ် ပယ်ပုံမှာကျွမ်းကျင်လေစွတကား။-
၂ ကော 11:4 - Common Language Bible လူတစ်စုံတစ်ယောက်သည်သင်တို့ထံရောက်လာ၍ ငါတို့မကြေညာဘူးသည့်အခြားတစ်ပါးသော ယေရှု၏အကြောင်းကိုဟောပြောကြေညာသော အခါ သင်တို့သည်ဝမ်းမြောက်စွာလက်ခံခွင့်ပြု ကြ၏။ သင်တို့သည်ငါတို့ထံမှကြားသိရသည့် သတင်းကောင်းနှင့်လုံးဝမတူသည့်သတင်း ကောင်းကိုလည်းကောင်း၊ ယခင်ကခံယူရရှိ သည့်ဝိညာဉ်တော်နှင့်လုံးဝကွဲပြားခြားနား သည့်ဝိညာဉ်ကိုလည်းကောင်းလက်ခံကြ၏။ Garrad Bible ငါ တို့ မ ဟော သော တ ပါး ယေ ရှု အ ကြောင်း အ ခြား သူ လာ ရောက် ဟော ပြော သ ဖြင့် သင် တို့ သည် ခံ ရင်း မ ဟုတ် သော တ ပါး ဝိ ညာဉ် ကို သော်လည်း ကောင်း၊ နာ ယူ ရင်း မ ဟုတ် သော တ ပါး သ တင်း ကို သော်လည်း ကောင်း ခံ ယူ လျှင် သည်း ခံ ခြင်း ကောင်း လေ စွ တ ကား။ Judson Bible သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်လည်းကောင်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်လည်းကောင်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်လည်းကောင်း၊ ထိုသူကို သည်းခံကောင်း၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား တစ်စုံတစ်ယောက်သောသူသည်လာ၍ ငါတို့မဟောပြောခဲ့သည့် အခြားသောယေရှုအကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သင်တို့မရရှိဖူးသော အခြားဝိညာဉ်ကို သင်တို့ရရှိလျှင်ဖြစ်စေ၊ သင်တို့မခံယူခဲ့သော အခြားကောင်းမြတ်သောသတင်းကို သင်တို့ခံယူလျှင်ဖြစ်စေ သင်တို့သည် ကောင်းစွာသည်းခံနေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။ |
ဆက်လက်၍ကိုယ်တော်က``သင်တို့သည်မိမိတို့ ၏ထုံးတမ်းစဉ်လာများအတိုင်းကျင့်သုံးနိုင် ကြစေရန် ဘုရားသခင်၏ပညတ်တို့ကိုပစ် ပယ်ပုံမှာကျွမ်းကျင်လေစွတကား။-
ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။
ဘုရားသခင်ထံတော်မှသင်တို့ခံယူရရှိ သည့်ဝိညာဉ်တော်သည် သင်တို့အားကျွန်ဖြစ် စေသည်မဟုတ်။ ကြောက်စိတ်ကိုလည်းရှိစေ သည်မဟုတ်။ ဝိညာဉ်တော်သည်ငါတို့အား ဘုရားသခင်၏သားသမီးများဖြစ်စေ တော်မူသဖြင့် ငါတို့သည်ဝိညာဉ်တော်၏ တန်ခိုးဖြင့်ဘုရားသခင်အား``အဗ္ဗ၊ အဖ'' ဟု ခေါ်ကြ၏။-
ယေရှုခရစ်တည်းဟူသောချထားပြီးတိုက် မြစ်မှတစ်ပါး အခြားတိုက်မြစ်ကိုအဘယ် သူမျှမချနိုင်။-
ငါ၏အနည်းငယ်မိုက်မဲမှုကိုသင်တို့သည်းခံ ကြလိမ့်မည်ဟုမျှော်လင့်ပါ၏။ ကျေးဇူးပြု၍ သည်းခံကြလော့။-
ခရစ်တော်၏အကြောင်းသတင်းကောင်းကိုကြေ ညာရန်တရောမြို့သို့ငါရောက်ရှိလာသောအခါ အမှုတော်ကိုထမ်းဆောင်နိုင်ရန်တံခါးကို သခင်ဘုရားဖွင့်ပေးတော်မူ၏။-
ဝိညာဉ်တော်ကိုသင်တို့ခံယူရကြခြင်းမှာ ပညတ်တရားကိုစောင့်ထိန်းခြင်းကြောင့်လော။ သို့တည်းမဟုတ်သတင်းကောင်းကိုကြား၍ ယုံကြည်ကြသောကြောင့်လော။ ဤမေးခွန်း ကိုသာလျှင် ငါ့အားဖြေကြားကြလော့။-
မာကေဒေါနိပြည်သို့ငါထွက်ခွာစဉ်အခါ က သင့်အားငါမှာကြားခဲ့သည်အတိုင်း ဧဖက် မြို့တွင်ဆက်လက်နေထိုင်စေလို၏။ လူအချို့ တို့သည်မိစ္ဆာအယူဝါဒများကိုဟောပြော သွန်သင်လျက်ရှိကြပေသည်။ မကုန်မဆုံးနိုင် သောဒဏ္ဍာရီများနှင့်ဆွေစဉ်မျိုးဆက်စာရင်း များကို အပတ်တကုတ်အားထုတ်လေ့လာ တတ်သူတို့အား ထိုအမှုတို့ကိုရပ်စဲကြ စေရန်ပြောကြားလော့။ ထိုအမှုအရာများ သည်အငြင်းပွားမှုများကိုသာလျှင်ပြုစု ပေးတတ်၏။ ဘုရားသခင်၏အကြံအစည် တော်ကိုအကျိုးမပြုတတ်။ ယုံကြည်ခြင်း အားဖြင့်သာလျှင် ထိုအကြံအစည်တော် ကိုသိနိုင်လေသည်။-
ဘုရားသည်တစ်ဆူတည်းရှိတော်မူ၍ဘုရား နှင့်လူအကြားတွင် စေ့စပ်ပေးသူလူခရစ် တော်ယေရှုတစ်ပါးတည်းသာရှိပေသည်။-