အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဆင်းရဲသူတို့၏အကျိုးနှင့် ချို့တဲ့နွမ်းပါးသူတို့၏အခွင့်အရေးများကို ကွယ်ကာတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
၁ သက် 4:6 - Common Language Bible ဤအမှုမျိုးတွင်သင်တို့သည်ညီအစ်ကို အချင်းချင်းမပြစ်မှားရ။ အခွင့်ကောင်း ကိုမယူရ။ သခင်ဘုရားသည်ဤအပြစ် မျိုးကူးလွန်သောသူတို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်းသင်တို့အား ငါတို့ကြပ်တည်းစွာသတိပေးပြီးဖြစ်သည်။- Garrad Bible မည် သူ မ ဆို ညီ အစ် ကို ချင်း ကို ထို အ မှု မျိုး၌ မ လွန် ကျူး မ ပြစ် မှား ဘဲ နေ ခြင်း များ တည်း။ ဤ အ ပြစ် မျိုး နှင့် စပ်၍ ငါ တို့ တင် ရင် နှိုး ဆော် သ တိ ပေး ခဲ့ ကြ သည့် အ တိုင်း၊ အ ရှင် ဘု ရား သည် ဒဏ် စီ ရင် တော် မူ၏။ Judson Bible ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှာလည်းကောင်း၊ အလိုတော်ရှိ၏။ ငါတို့သည် အထက်က ဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကို ခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ဤသို့သော ကိစ္စများတွင် မည်သူမျှ မိမိတို့ ညီအစ်ကိုအပေါ် အခွင့်ကောင်းယူ၍ သူ၏ သားမယားနှင့် မပြစ်မှားရ။ သင်တို့ကို ကျွန်ုပ်တို့ သတိပေးပြောဆိုခဲ့သည့်အတိုင်း အထက်ပါအပြစ်တို့ကို ကျူးလွန်သော သူတို့ကို သခင်ဘုရား ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ |
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဆင်းရဲသူတို့၏အကျိုးနှင့် ချို့တဲ့နွမ်းပါးသူတို့၏အခွင့်အရေးများကို ကွယ်ကာတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အပြစ်ပေးပိုင်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အမျက်တော်ကိုပေါ်လွင်ထင်ရှား စေတော်မူပါ။
``သူတစ်ပါး၏အိမ်ကိုလိုချင်တပ်မက်သော စိတ်မရှိနှင့်။ သူတစ်ပါး၏မယား၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်ဆိုင်သမျှတို့ကို မတပ်မက်နှင့်'' ဟုမိန့်တော်မူသတည်း။
မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။
အလေးချင်းမတူသော အလေးတို့ကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ စဉ်းလဲသောချိန်ခွင် လည်း အပြစ်ရှိ၏။
ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
တိုင်းတစ်ပါးသားများ၊ မိဘမဲ့သူများနှင့် မုဆိုးမများအပေါ်တွင်အခွင့်ကောင်းမယူ ကြနှင့်တော့။ ဤသန့်ရှင်းရာဌာနတော်တွင် အပြစ်မဲ့သူတို့အားသတ်ဖြတ်မှုမပြုကြ နှင့်တော့။ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်မှုသည်သင်တို့အားအကျိုးယုတ်စေ မည်ဖြစ်၍ထိုအမှုကိုရပ်စဲလိုက်ကြလော့။-
လူတိုင်းပင်မိမိတို့မိတ်ဆွေများကို သတိထား ရကြလိမ့်မည်။ အဘယ်သူမျှမိမိ၏ညီအစ်ကိုကိုယုံ၍မရ။ အဘယ်ကြောင့်ဆိုသော်ညီအစ်ကိုတိုင်းပင်လျှင် လှည့်စားတတ်၍ လူတိုင်းသည်လည်း၊မိမိမိတ်ဆွေများကို အသရေဖျက်တတ်ကြသောကြောင့်ဖြစ်၏။
``ငါသည်သင်၏မတရားစီးပွားရှာမှု အတွက်အမျက်ထွက်လျက်၊ လက်ဝါးချင်း ရိုက်၍၊ လုယက်သတ်ဖြတ်မှုတို့ကိုရပ်စဲ စေမည်။-
``သူတစ်ပါး၏ပစ္စည်းကိုမခိုးရ။ သူတစ်ပါး ကိုမလှည့်စားရ။ မုသားစကားမပြော ရ။-
``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
သို့မှသာသင်သည်အမျိုးသားချင်းနှင့် အရောင်းအဝယ်ပြုလုပ်သည့်အခါ ထိုက် တန်သောတန်ဖိုးကိုဖြတ်ရမည်။-
သင်တို့သည်အမျိုးသားချင်းကိုမလှည့်စား ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့ရိုသေရမည်။
သူတို့သည်သူတစ်ပါး၏အိမ်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ၊ တပ်မက်လာလျှင်အနိုင် အထက်သိမ်းယူတတ်ကြသည်။ မည်သူ၏အိုး အိမ်နှင့်အမွေပစ္စည်းဟူသမျှလုံခြုံသည် ဟူ၍မရှိ။
မိမိ၏မြို့သားများကိုပင်လျှင်ညှင်းပန်း နှိပ်စက်ကာအကျင့်ပျက်ပုန်ကန်တတ်သည့် ယေရုရှလင်မြို့သည်အမင်္ဂလာရှိ၏။-
သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့ တွင်ရှိနေတော်မူပါသေး၏။ ကိုယ်တော် သည်တရားသောအမှုကိုသာလျှင်ပြု တော်မူ၍မတရားသည့်အမှုကိုအဘယ် အခါ၌မျှပြုတော်မမူ။ နံနက်တိုင်းမိမိ ၏လူမျိုးတော်အားမလွဲမသွေဖြောင့်မှန် စွာတရားစီရင်တော်မူ၏။ သို့သော်လည်း ထိုအရပ်ရှိလူမသမာတို့သည်မကောင်း မှုကိုဆက်လက်ပြုကျင့်လျက်နေကြပေ သည်။ သူတို့တွင်ရှက်ကြောက်မှုလည်းမရှိ ကြ။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
သူ့အိမ်ရာကိုမပြစ်မှားနှင့်၊ သူ့ဥစ္စာကိုမခိုး နှင့်၊ မမှန်သောသက်သေကိုမခံနှင့်၊ လိမ်လည် လှည့်စားမှုကိုမပြုနှင့်၊ မိဘကိုရိုသေမြတ် နိုးလော့ဟူသောပညတ်တော်များကိုသင်သိ သည်မဟုတ်လော'' ဟုမိန့်တော်မူ၏။
သင်တို့ကြောက်သင့်သူကိုငါဖော်ပြမည်။ ကိုယ် ခန္ဓာကိုသတ်ပြီးနောက်သင်တို့အားငရဲသို့ ချနိုင်သူဘုရားသခင်ကိုကြောက်ကြလော့။ သင်တို့အားငါဆိုသည်ကားထိုအရှင်ကို ကြောက်ကြလော့။
အကျွန်ုပ်မှာညီငါးယောက်ရှိပါ၏။ သူတို့သည် လည်း ဤဝေဒနာခံရာအရပ်သို့မရောက် ကြစေခြင်းငှာ သူတို့အားသတိပေးရန် လာဇရုကိုစေလွှတ်တော်မူပါ' ဟုလျှောက်၏။-
အမှန်တရားကိုလူတို့မသိစေရန်ဆီးတား ပိတ်ပင်သော၊ ဆိုးညစ်မှုကိုပြုကျင့်သောဘုရား မဲ့သူတို့၏အပြစ်နှင့်ဆိုးညစ်မှုအပေါင်းတို့ အပေါ်သို့ ကောင်းကင်မှဘုရားသခင်၏အမျက် တော်သည်သက်ရောက်လျက်ရှိကြောင်းပေါ်လွင် ထင်ရှားလာပြီ။-
မိတ်ဆွေတို့ဘယ်သောအခါမျှလက်စား မချေကြနှင့်။ ဘုရားသခင်ကသာအပြစ် ဒဏ်စီရင်တော်မူပါစေ။ ကျမ်းစာတော်တွင် ``ထာဝရဘုရားက `ငါသည်လက်စားချေ မည်။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်' ဟုမိန့်တော်မူ၏'' ဟုဖော်ပြသည်။-
အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။-
ဘုရားသခင်သည်သင်တို့၏ဝမ်းနည်းမှုကိုမည် သို့အသုံးပြုတော်မူသည်ကိုကြည့်ရှုကြလော့။ သင်တို့သည်စိတ်ထက်သန်၍လာကြလေပြီ။ မိမိတို့၌အပြစ်ကင်းကြောင်းဖော်ပြရန်အလွန် လိုလားကြလေပြီ။ လွန်စွာဒေါသထွက်ကြ လေပြီ။ လွန်စွာစိုးရိမ်ကြလေပြီ။ လွန်စွာတမ်း တကြလေပြီ။ လွန်စွာစေတနာထက်သန် ကြလေပြီ။ အပြစ်ရှိသူကိုဒဏ်ပေးရန် လိုလားကြလေပြီ။ သင်တို့သည်ဤအမှု တွင်မိမိတို့အပြစ်ကင်းကြောင်းကိုထင်ရှား စေကြလေပြီ။
ငြူစူခြင်း၊ သေရည်သောက်ကြူးခြင်း၊ သောက်စား ပျော်ပါးခြင်းအစရှိသည်တို့ဖြစ်၏။ ဤနည်း အတိုင်းပြုကျင့်ကြသူတို့သည်ဘုရားသခင် ၏နိုင်ငံတော်ကိုအပိုင်ရကြမည်မဟုတ်။
သို့ဖြစ်၍သင်တို့သည်ဘုရားမဲ့သူများနည်း တူဆက်လက်မကျင့်ကြံကြရန် သခင်ဘုရား ၏နာမတော်ကိုအမှီပြု၍ငါသတိပေး လို၏။ သူတို့၏အကြံအစည်များကား အချည်းနှီးသာဖြစ်သည်။-
ခိုးဝှက်ဖူးသူသည်နောက်တစ်ဖန်မခိုးဝှက်တော့ဘဲ ချို့တဲ့သူများအားဝေမျှပေးကမ်းနိုင်ရန် မိမိ လက်ဖြင့်အလုပ်ကိုရိုးဖြောင့်စွာကြိုးစားလုပ် ကိုင်စေ။-
အချည်းနှီးသောစကားဖြင့်အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုများ ကြောင့်ဘုရားသခင်၏အမိန့်တော်ကိုမနာ ခံသူတို့သည်အမျက်တော်သင့်ကြလိမ့်မည်။-
``ဣသရေလအမျိုးသားချင်းအားအဋ္ဌမ္မ ဖမ်းဆီး၍ ကျွန်စေစားသူသို့မဟုတ်ကျွန်အဖြစ် ရောင်းသူအားသေဒဏ်စီရင်ရမည်။ ဤနည်း အားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှား နိုင်လိမ့်မည်။
ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။
ဖခင်သည်မိမိ၏သားသမီးတို့နှင့်ဆက်ဆံ သကဲ့သို့ ငါတို့သည်သင်တို့ရှိသမျှနှင့်ဆက် ဆံကြောင်းသင်တို့သိကြ၏။-
ထိမ်းမြားမင်္ဂလာပြုခြင်းအမှုကိုလူတိုင်း လေးစားကြရမည်။ လင်နှင့်မယားသည် တစ်ဦးကိုတစ်ဦးသစ္စာရှိရမည်။ ဘုရား သခင်သည်အကျင့်ပျက်သူများနှင့်သူ တစ်ပါးအိမ်ရာပြစ်မှားသူများကိုတရား စီရင်တော်မူလိမ့်မည်။
ကျမ်းစာတော်တစ်နေရာတွင်၊ ``လူသည်အဘယ်သို့သောသူဖြစ်၍ကိုယ်တော် သည် သူ့အားသတိရတော်မူပါသနည်း။ သာမန်လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်သူ့အားဂရုပြုတော်မူရပါ သနည်း။
သို့ရာတွင်သင်တို့ကဆင်းရဲသူတို့အား ရှုတ်ချကြသည်တကား။ ကြွယ်ဝသူတို့သည် သင်တို့အားနှိပ်စက်၍တရားသူကြီးများ ရှေ့သို့ဆွဲငင်ခေါ်ဆောင်သွားကြသည် မဟုတ်လော။-
သင်တို့အသီးအနှံများကိုရိတ်သိမ်းပေး သူတို့၏လုပ်အားခများကိုမပေးကြ။ သူ တို့၏တိုင်တန်းခြင်းကိုနားထောင်ကြလော့။ သူ တို့ကျယ်စွာဟစ်အော်တောင်းခံသံကိုအနန္တ တန်ခိုးရှင်ထာဝရဘုရားသခင်ကြားတော် မူလေပြီ။-