သူသည်ခမည်းတော်၏ဘုရားကိုကိုးကွယ် ၍ဘုရားသခင်၏အမိန့်တော်ကိုနာခံ တော်မူ၏။ ဣသရေလဘုရင်တို့၏လမ်းစဉ် ကိုလိုက်တော်မမူ။-
၁ သက် 4:1 - Common Language Bible ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။- Garrad Bible အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ အ ရှင် ယေ ရှု အား ဖြင့် ငါ တို့ တောင်း ပန် နှိုး ဆော် သည် ကား၊ သင် တို့ သည် မည် သို့ ကျင့် ကြံ ပြု မူ လျက် ဘု ရား သ ခင့် စိတ် တော် နှင့် တွေ့ ရ မည့် အ ကြောင်း ငါ တို့ ထံ နာ ခံ ခဲ့ သည့် အ တိုင်း ကျင့် ကြံ ပြု မူ သည် နှင့် အ ညီ တိုး တက် ကျင့် ကြံ ပြု မူ ကြ လော့။ Judson Bible ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကိုအမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။ |
သူသည်ခမည်းတော်၏ဘုရားကိုကိုးကွယ် ၍ဘုရားသခင်၏အမိန့်တော်ကိုနာခံ တော်မူ၏။ ဣသရေလဘုရင်တို့၏လမ်းစဉ် ကိုလိုက်တော်မမူ။-
ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
ကိုယ်တော်ရှင်သည်ငါ၌အသီးမသီးသော အကိုင်းအခက်ရှိသမျှကိုခုတ်ပစ်တော်မူ ၏။ အသီးသီးသည့်အကိုင်းအခက်ရှိသမျှ ကိုလည်းပို၍သီးစေရန်သုတ်သင်ရှင်းလင်း တော်မူ၏။-
အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။-
မိမိတို့ဇာတိသဘောအလိုအတိုင်းပြု ကျင့်သူတို့သည် ဘုရားသခင်၏စိတ်တော် နှင့်မတွေ့နိုင်။
သင်တို့အားယခုငါပေးအပ်မည့်သွန်သင် ချက်ကိုသခင်ဘုရားထံတော်မှငါရရှိ၏။ ရန်သူ့လက်သို့အပ်နှံခြင်းခံတော်မူသည့် ည၌အရှင်ယေရှုသည်မုန့်ကိုယူ၍၊-
ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောသည့် သတင်းကောင်းကိုပြန်လည်သတိရစေလို၏။ ထိုသတင်းကောင်းကိုသင်တို့ခံယူကာယင်း အပေါ်၌ သင်တို့၏ယုံကြည်ခြင်းခိုင်မြဲစွာ အမြစ်စွဲလျက်ရှိပေသည်။-
သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
ခရစ်တော်၏စိတ်နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုတို့ ကိုအကြောင်းပြု၍ငါသည်သင်တို့အားမေတ္တာ ရပ်ခံပါ၏။ ငါကားသင်တို့ရှေ့မှောက်တွင်ပျော့ ညံ့၍သင်တို့မျက်ကွယ်တွင်မူရဲစွမ်းသတ္တိရှိ သူပေါလုပင်ဖြစ်ပေသည်။-
ညီအစ်ကိုတို့၊ ကျန်းမာရွှင်လန်းကြပါစေ။ အပြစ် ဆိုဖွယ်မရှိသူများဖြစ်စေရန်ဆက်လက်ကြိုးစား ကြလော့။ ငါ၏မေတ္တာရပ်ခံချက်များကိုနာယူကာ အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိ လျက်ငြိမ်းချမ်းစွာနေကြလော့။ သို့ပြုလျှင်မေတ္တာ တော်နှင့်ငြိမ်သက်ခြင်းအရှင်ဘုရားသခင် သည်သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ငါတို့သည်ဤအရပ်၌ရှိသည်ဖြစ်စေ၊ ထို အရပ်၌ရှိသည်ဖြစ်စေငါတို့ကိုစိတ်တော် နှင့်တွေ့ရန်အထူးသဖြင့်လိုလားကြ၏။-
သို့ဖြစ်၍ငါတို့သည်ဘုရားသခင်၏လုပ် ဖော်ဆောင်ဘက်များအနေဖြင့်သင်တို့အား တောင်းပန်လိုသည်ကား သင်တို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုခံယူရရှိသူများ ဖြစ်သည့်အားလျော်စွာ ထိုကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေကြနှင့်။-
ညီအစ်ကိုတို့လူတစ်ဦးတစ်ယောက်သည်မကောင်း မှုတစ်စုံတစ်ရာပြုသည်ကို သင်တို့တွေ့ရှိလျှင် ဝိညာဉ်ပါရမီရှိသောသင်တို့က နူးညံ့သိမ်မွေ့ စွာထိုသူကိုပြုပြင်ပေးရမည်။ သင်တို့သည် မိမိတို့ကိုယ်တိုင်လည်း စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်သတိပြုကြလော့။-
သို့ဖြစ်၍သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောကြောင့် အကျဉ်းခံရသူငါ သည်သင်တို့အားနှိုးဆော်ပါ၏။ သင်တို့ သည်ဘုရားသခင်ရွေးချယ်ခေါ်ယူတော် မူခြင်းကိုခံရသည်နှင့်အညီကျင့်ကြံ ပြုမူကြလော့။-
ခရစ်တော်၏လမ်းစဉ်သည်ထိုလမ်းစဉ်မဟုတ် ကြောင်းကိုသင်တို့သင်ကြားခဲ့ကြပြီ။-
ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။
ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။-
သင်တို့သည်အမြတ်ဆုံးသောအရာကိုရွေးယူ နိုင်အံ့သောငှာအသိပညာ၊ ပိုင်းခြားဝေဖန်တတ် သောစွမ်းရည်တို့နှင့်ပြည့်စုံ၍မေတ္တာပါရမီတိုး သည်ထက်တိုးလာကြစေရန်သင်တို့အတွက် ငါဆုတောင်းပတ္ထနာပြုပါသည်။ သို့မှသာလျှင် သင်တို့သည်ခရစ်တော်ကြွလာတော်မူသော နေ့ရက်၌အပြစ်ဆိုဖွယ်မရှိဘဲအညစ် အကြေးနှင့်ကင်းစင်လိမ့်မည်။-
သို့ဖြစ်၍ငါသည်ဆုကိုရရန်ပန်းတိုင်သို့ရှေးရှု လျက်ပြေး၏။ ထိုဆုကားအထက်အရပ်၌အသက် ရှင်ရေးအတွက်ခရစ်တော်ယေရှုအားဖြင့်ဘုရား သခင်ဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။
သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။-
သင်တို့သည်ခရစ်တော်ယေရှုအားအရှင် သခင်အဖြစ်လက်ခံခဲ့ကြသဖြင့် ကိုယ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်အသက် ရှင်ကြလော့။-
မိမိတို့အချင်းချင်းနှင့်လူခပ်သိမ်းတို့ အပေါ် သင်တို့ထားရှိသောမေတ္တာသည် သင် တို့အပေါ် ငါတို့ထားရှိသည့်မေတ္တာတမျှ ကြီးမားလာစေရန် သင်တို့အားသခင် ဘုရားကူမတော်မူပါစေသော။-
သင်တို့အဘယ်သို့ပြုကျင့်ရမည်နှင့်ပတ် သက်၍ သခင်ယေရှုပေးအပ်ထားသည့် အခွင့်အာဏာအရ၊ သင်တို့အားငါတို့ ညွှန်ကြားထားသည့်အချက်များကိုသင် တို့သိကြ၏။-
ညီအစ်ကိုတို့၊ သင်တို့ထံတွင်အမှုတော်ကို ဆောင်ရွက်နေသော၊ သင်တို့အားလမ်းပြသွန် သင်ရန် သခင်ဘုရားခန့်ထားတော်မူသော သူများကိုကြည်ညိုလေးစားကြရန်ငါတို့ တိုက်တွန်း၏။-
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-
ညီအစ်ကိုတို့၊ ငါတို့အရှင်ယေရှုခရစ်တစ် ဖန်ကြွလာတော်မူခြင်းအကြောင်း၊ ကိုယ်တော် နှင့်အတူရှိရန်ငါတို့စုရုံးရကြခြင်း အကြောင်းတို့နှင့်ပတ်သက်၍သင်တို့အား ငါပြောလို၏။-
ညီအစ်ကိုတို့၊ နောက်ဆုံးအနေဖြင့်မှာကြား လို၏။ သခင်ဘုရား၏တရားတော်သည်သင် တို့ထံမှာကဲ့သို့အရပ်တကာတွင်လျင်မြန် စွာပျံ့နှံ့၍ ဘုန်းအသရေတော်ထွန်းတောက် နိုင်စေရန်ငါတို့အတွက်ဆုတောင်းကြလော့။-
သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ဘဲ ကောင်းသောအကျင့်ကိုပြုကျင့်ကြလော့။-
ဤညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့်ခရစ်တော်ယေရှု၏ရှေ့တော် ၌လည်းကောင်း၊ သန့်ရှင်းမြင့်မြတ်သောကောင်းကင် တမန်များရှေ့၌လည်းကောင်းသင့်အားငါသစ္စာ ပေး၏။ သင်သည်အဘယ်အခါ၌မျှကြိုတင် စီရင်ဆုံးဖြတ်မှုနှင့်ဘက်လိုက်မှုကိုမပြုနှင့်။-
ဘုရားသခင်၏ရှေ့တော်မှောက်၌လည်းကောင်း သေသူရှင်သူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်မှောက်၌လည်း ကောင်း ကိုယ်တော်သည်အုပ်စိုးရန်ဘုရင်အဖြစ် ကြွလာမည်ဖြစ်၍သင့်အားငါသစ္စာပေး၏။-
ယုံကြည်ခြင်းမရှိသူသည်ဘုရားသခင် ၏စိတ်တော်နှင့်မတွေ့နိုင်ရာ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ထံတော်သို့ချဉ်းကပ် သူသည်ကိုယ်တော်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်သည်မိမိကိုရှာ သောသူအား အကျိုးပေးတော်မူကြောင်းကို လည်းကောင်းယုံကြည်ရမည်ဖြစ်သောကြောင့် တည်း။
သင်တို့သည်အချင်းချင်းအားကျေးဇူးပြု ရန်နှင့်ကူညီမစရန်မမေ့ကြနှင့်။ ထိုသို့ သောယဇ်များကိုဘုရားသခင်နှစ်သက် တော်မူ၏။
ညီအစ်ကိုတို့၊ ဤအားပေးတိုက်တွန်းချက် ကိုသည်းခံလျက်နာယူကြရန်သင်တို့ အားငါတောင်းပန်၏။ ယခုသင်တို့ထံသို့ ငါရေးလိုက်သောစာသည်များစွာမရှည် ပါ။-
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။
ငါတို့သည်ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းသူများ၊ ကိုယ်တော်နှစ်သက်တော် မူသောအမှုတို့ကိုပြုသူများဖြစ်သဖြင့် ငါတို့တောင်းလျှောက်သမျှသောအရာတို့ ကိုအထံတော်မှရရှိကြ၏။-