သူသည်မိမိနန်းတော်၏စည်းစိမ်နှင့်ဘုန်း အသရေကို ခြောက်လတိုင်တိုင်ခင်းကျင်း ပြသထားတော်မူ၏။
၁ သက် 2:6 - Common Language Bible ငါတို့သည်ခရစ်တော်၏တမန်တော်များ အနေဖြင့်သင်တို့ထံတွင်အခွင့်အရေးများ ကိုတောင်းဆိုနိုင်၏။ သို့သော်သင်တို့၏အချီး အမွမ်းကိုသော်လည်းကောင်း၊ အခြားသူတို့ ၏အချီးအမွမ်းကိုသော်လည်းကောင်းခံ ရစေရန်ငါတို့မကြိုးစား။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ်အခါက သား သမီးများအားယုယစွာပြုစုသည့် မိခင်ကဲ့သို့သင်တို့အားပြုစုခဲ့ကြ၏။- Garrad Bible ခ ရစ် တော်၏ တ မန် တော် များ အ ဖြစ် သြ ဇာ ရှိ သော် လည်း သင် တို့ ဖြစ် စေ၊ အ ခြား သူ တို့ ဖြစ် စေ၊ လူ့ ထံ မှ ဘုန်း အ သ ရေ ကို မ ရှာ။ နို့ စို့ သူ ငယ် တို့ ကို မိ ခင် မွေး မြူ သည့် နည်း တူ သင် တို့ ဘောင် တွင် သိမ် မွေ့ စွာ နေ လျက် သင် တို့ ကို ချစ် ခင် စုံ မက် သ ဖြင့်၊ Judson Bible ထိုမှတစ်ပါး၊ ခရစ်တော်၏တမန်တော်ဖြစ်၍၊ လေးသောဝန်ကို တင်ပိုင်သော်လည်း၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ၊ အခြားသူတို့တွင်လည်း မရှာဘဲ၊- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ခရစ်တော်၏တမန်တော်များအနေဖြင့် ဩဇာအာဏာကိုအသုံးပြုနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ အခြားသောသူတို့ထံမှဖြစ်စေ လူတို့ပေးသောဂုဏ်ပြုချီးမွမ်းခြင်းကိုမရှာဘဲ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်၏ တမန်တော်များဖြစ်သည့် ကျွန်ုပ်တို့သည် မိမိတို့၏ အခွင့်အာဏာကို သုံးနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ တစ်ဦးတစ်ယောက်ထံမှဖြစ်စေ လူတို့၏ချီးမွမ်းခြင်းကို ခံရရန် မကြိုးစားဘဲ |
သူသည်မိမိနန်းတော်၏စည်းစိမ်နှင့်ဘုန်း အသရေကို ခြောက်လတိုင်တိုင်ခင်းကျင်း ပြသထားတော်မူ၏။
ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
``ငါ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေ ရန်နေပြည်တော်အဖြစ်ဖြင့် ငါတည်ထောင်ခဲ့ သောဗာဗုလုန်မြို့သည်လွန်စွာကြီးကျယ် ခမ်းနားလှပါသည်တကား'' ဟုမြွက်ဆို၏။
သူတို့သည်ကားလူတို့၏အချီးအမွမ်းကို ပို၍နှစ်သက်ကြသူများဖြစ်သတည်း။
``လူတို့ချီးမွမ်းဂုဏ်ပြုခြင်းကိုငါမခံလို။ သို့ရာတွင်သင်တို့အကြောင်းကိုငါသိ၏။ သင်တို့စိတ်နှလုံးတွင်ဘုရားသခင်ကို ချစ်ခြင်းမရှိကြ။-
သင်တို့သည်အချင်းချင်းချီးမွမ်းဂုဏ်ပြုခြင်း ကိုခံလိုကြ၏။ သို့ရာတွင်တစ်ဆူတည်းရှိတော် မူသောဘုရားသခင်၏ချီးမွမ်းဂုဏ်ပြုခြင်း ကိုခံရန်ကိုမူမကြိုးစားကြ။ သို့ဖြစ်၍သင် တို့သည်ငါ့ကိုအဘယ်သို့ယုံကြည်နိုင်ကြ မည်နည်း။-
မိမိကိုယ်ပိုင်တရားစကားကိုဟောပြောသွန် သင်သူသည် မိမိကိုယ်ပိုင်ဘုန်းအသရေကို ရှာလိမ့်မည်။ သို့သော်မိမိအားစေလွှတ်တော် မူသောအရှင်၏ဘုန်းအသရေကိုရှာသော သူမူကား ရိုးသားဖြောင့်မှန်စွာဟောပြော တတ်၏။ သူ့မှာမုသားမရှိ။-
အမျိုးသားကိုအမျိုးသမီးအတွက်ဘုရား သခင်ဖန်ဆင်းတော်မမူ။ အမျိုးသမီးကိုသာ လျှင်အမျိုးသားအတွက်ဖန်ဆင်းတော်မူ၏။-
သင်တို့နှင့်ဝေးကွာသည်ကာလဤစာကိုရေးရ ခြင်းမှာငါလာသောအခါ သခင်ဘုရားငါ့အား ပေးတော်မူသည့်အခွင့်အာဏာကိုပြင်းပြင်းထန် ထန်အသုံးမပြုရစေရန်ပင်ဖြစ်ပေသည်။ ထိုအခွင့် အာဏာသည်သင်တို့အားပြုစုပျိုးထောင်ပေးရန် အတွက်ဖြစ်၏။ ဖြိုဖျက်ပစ်ရန်အတွက်မဟုတ်။
ငါတို့သည်မိမိတို့၏အကြောင်းကိုဟော ပြောကြသည်မဟုတ်။ ယေရှုခရစ်သည်အရှင် သခင်ဖြစ်တော်မူကြောင်း၊ ငါတို့သည်သခင် ယေရှု၏အတွက်သင်တို့၏အစေခံများ ဖြစ်ကြကြောင်းကိုဟောပြောကြ၏။-
ဤသို့ပြောဆိုရာ၌ငါသည် လူ၏ထောက်ခံမှုကို ရရန်ကြိုးစားနေပါသလော။ ငါသည်ဘုရားသခင် ၏ထောက်ခံမှုမှလွဲ၍ မည်သူ့ထောက်ခံမှုကိုလိုပါ သနည်း။ ငါသည်လူတို့ထံမှမျက်နှာရအောင်ကြိုး စားဆောင်ရွက်နေပါသလော။ အကယ်၍ငါသည် လူတို့ထံမှမျက်နှာရအောင်ကြိုးစားဆောင်ရွက် နေသေးပါမူခရစ်တော်၏အစေခံမဖြစ်နိုင်။
ငါတို့သည်မာန်မာနမရှိရ။ အချင်းချင်း အမျက်ထွက်အောင်မဆွရ။ မနာလိုခြင်း မရှိရ။
အရေဖျားလှီးမင်္ဂလာခံယူကြသူတို့ပင်လျှင် ပညတ်တရားကိုမစောင့်ထိန်းကြချေ။ အရေ ဖျားလှီးမင်္ဂလာကိုသင်တို့ခံယူသည့်အတွက် ဂုဏ်ယူဝါကြွားလိုသဖြင့်သင်တို့အားခံယူ စေလိုခြင်းဖြစ်၏။-
ညီအစ်ကိုတို့၊ ငါတို့သည်အဘယ်မျှပင်ပန်း စွာလုပ်ဆောင်ခဲ့ကြသည်ကိုသင်တို့သတိ ရလိမ့်မည်။ သင်တို့ဝန်မလေးစေရန်ငါတို့ သည်မိမိတို့အသက်မွေးဝမ်းကျောင်းအလုပ် ကို နေ့ရောညပါအားထုတ်လုပ်ကိုင်လျက် ဘုရားသခင်ထံတော်မှသတင်းကောင်းကို ကြေညာဟောပြောခဲ့ကြ၏။
သင်းအုပ်ဆရာအလုပ်ကိုကောင်းစွာလုပ်ဆောင် သူတို့သည် လစာငွေနှစ်ဆခံစားထိုက်သူများ ဖြစ်သည်ဟုမှတ်ယူအပ်၏။ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်းတို့ကို ကြိုးစား၍လုပ်ဆောင်သူများသည်ယင်းသို့ ခံစားထိုက်ပေသည်။-