အိမ်ထောင်ဦးစီးများဖြစ်ကြသည့်ယဇ်ပုရော ဟိတ်တို့၏အရေအတွက်မှာ စုစုပေါင်းတစ် ထောင့်ခုနစ်ရာခြောက်ဆယ်ဖြစ်၏။ သူတို့သည် ဗိမာန်တော်အတွင်း၌ဆောင်ရွက်ရသောအမှု ကိစ္စမှန်သမျှတို့တွင်အထူးကျွမ်းကျင်သူ များဖြစ်ကြ၏။
ဆွေ မျိုး သား ချင်း အိမ် ထောင် များ တွင် အ အုပ် အ ချုပ် တစ် ထောင့် ခု နစ် ရာ့ ခြောက် ဆယ် တို့ တည်း။ ဤ သူ တို့ သည် ဘု ရား သ ခင့် ဗိ မာန် တော် ဝေ ယျာ ဝ စ္စ ကို တတ် စွမ်း သူ များ ဖြစ် ကြ၏။
အဆွေအမျိုးသူကြီး အမျိုးသားချင်းတစ်ထောင်ခုနစ်ရာခြောက်ဆယ် ရှိကြ၏။ ဤသူတို့သည် ဘုရားသခင်၏အိမ်တော်အမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သောသူပေတည်း။
သူတို့သည် ကိုယ့်ညီအစ်ကိုများတွင် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြပြီး စုစုပေါင်း အယောက်တစ်ထောင့်ခုနစ်ရာခြောက်ဆယ် ရှိ၏။ ဘုရားသခင်၏အိမ်တော်၌ အမှုတော်ကိုထမ်းဆောင်ရန် အရည်အချင်းရှိသူများ ဖြစ်၏။
ဟေဗြုန်၏သားမြေးတို့အနက်ဟာရှဘိနှင့် သူ၏ဆွေမျိုးသားချင်းတစ်ထောင့်ခုနစ်ရာ တို့သည် ယော်ဒန်မြစ်အနောက်ဘက်ရှိဣသရေလ အမျိုးသားတို့၏ဘာသာရေးနှင့်မြို့ပြရေး ရာအမှုကိစ္စမှန်သမျှကို စီမံအုပ်ချုပ်ရန် တာဝန်ယူရကြလေသည်။ သူတို့အားလုံး ပင်ထူးချွန်သူများဖြစ်သတည်း။-
ဒါဝိဒ်မင်းသည်ယေရိယ၏ဆွေမျိုးများ ထဲမှ ထူးချွန်သူအိမ်ထောင်ဦးစီးနှစ်ထောင့် ခုနစ်ရာကိုရွေးချယ်၍ရုဗင်ပြည်၊ ဂဒ် ပြည်နှင့်မနာရှေအရှေ့ပိုင်းတို့တွင်ဘာသာ ရေးနှင့် မြို့ပြရေးရာအမှုကိစ္စမှန်သမျှ တို့ကိုစီမံအုပ်ချုပ်ရန်တာဝန်ပေးအပ် တော်မူ၏။
သြဗဒေဒုံ၏သားဦးရှေမာယတွင်စွမ်းရည် ကြီးမားသဖြင့် မိမိတို့ဆွေမျိုးစု၌အရေး ပါအရာရောက်သည့်သားများရှိလေသည်။ သူ တို့၏နာမည်များမှာသြသနိ၊ ရေဖေလ၊ သြဗက်၊ ဧလာဇာဗဒ်၊ ဧလိဟုနှင့်သေမခိ ဟူ၍ဖြစ်၏။ နောက်ဆုံးဖော်ပြသူနှစ်ဦးမှာ အထူးပင်အစွမ်းအစကောင်းသူများ ဖြစ်ကြ၏။
အောက်ပါလေဝိအနွယ်ဝင်တို့သည်ယေရုရှလင် မြို့တွင်နေထိုင်ကြ၏။ မေရာရိသားချင်းစုဝင်၊ ဟာရှဘိနှင့်အာဇရိကံ တို့မှ ဆင်းသက်လာသောဟာရှုပ်၏သားရှေမာရ။ ဗာကဗက္ကာ၊ဟေရက်နှင့်ဂလာလ။ အာသပ်၊ဇိခရိတို့မှဆင်းသက်လာသော မိက္ခာ၏သားမဿနိ။ ဂလာလ၊ ယေဒုသုံတို့မှဆင်းသက်လာ သော ရှေမာယ၏သားသြဗဒိ။ ဧလကာန၏မြေး၊အာသ၏သားဗေရခိ၊ ဧလကာနသည်နေတောဖာသိမြို့အပိုင် နယ်မြေသားဖြစ်၏။
ဤသားချင်းစုတွင်ထူးချွန်သောစစ်သူရဲ တစ်ရာနှစ်ဆယ့်ရှစ်ယောက်ရှိ၏။ သူတို့၏ခေါင်း ဆောင်မှာအရေးပါအရာရောက်သည့်အိမ် ထောင်စုဝင် ဇာဗဒေလဖြစ်၏။ အာဇရိကံ၏မြေး၊ ဟာရှုပ်၏သားရှေမာယ။ သူ၏ဘိုးဘေးများတွင်ဟာရှဘိနှင့်ဗုန္နိတို့ ပါဝင်သည်။