၁ ရာချုပ် 7:7 - Common Language Bible ဗေလတွင်ဧဇဗုန်၊ သြဇိ၊ သြဇေလ၊ ယေရိ မုတ်၊ ဣရိဟူ၍သားငါးယောက်ရှိ၏။ သူတို့ သည်မိမိတို့သားချင်းစုထဲတွင်အိမ်ထောင် ဦးစီးများ၊ ထင်ပေါ်ကျော်စောသောစစ်သူရဲ များဖြစ်ကြ၏။ သူတို့၏သားမြေးများထဲ တွင်စစ်မှုထမ်းရန်အရည်အချင်းပြည့်သူ နှစ်သောင်းနှစ်ထောင့်သုံးဆယ့်လေးယောက် ရှိ၏။ Garrad Bible ဗေ လ သား များ ကား ဧ ဇ ဗုန်၊ သြ ဇိ၊ သြ ဇေ လ၊ ယေ ရိ မုတ်၊ ဣ ရိ၊ အိမ် ထောင် များ တွင် အ အုပ် အ ချုပ် ဖြစ် သော စစ် ခေါင်း မာ သူ ငါး ယောက် တို့ တည်း။ Judson Bible ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်းနှစ်ထောင် သုံးဆယ်လေးယောက်ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဗေလ၏သားများမှာ ဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ ပေါင်းငါးယောက်ရှိ၏။ သူတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သကဲ့သို့ စစ်သူရဲများလည်း ဖြစ်ကြ၏။ သူတို့၏ဆွေစဉ်မျိုးဆက်စာရင်းအရ နှစ်သောင်းနှစ်ထောင်သုံးဆယ့်လေးဦး ရှိ၏။ |
ဗေခါတွင်ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိ သြနဲ၊ သြမရိ၊ ယေရိမုတ်၊ အဘိယ၊ အာန သုတ်၊ အာလမက်ဟူ၍သားကိုးယောက်ရှိ၏။-