ထိုနောက်သူသည်မိမိ၏ဇနီးနှင့်ကိုယ်လက် နှီးနှောပြန်သဖြင့် ဇနီးသည်တွင်ကိုယ်ဝန် ရှိ၍သားတစ်ယောက်ကိုဖွားမြင်လေသည်။ သူတို့သည်မိမိတို့အိမ်ထောင်သို့ဆိုက်ရောက် ခဲ့သောဒုက္ခကိုအကြောင်းပြု၍ထိုသား အားဗေရိယဟုနာမည်မှည့်ကြ၏။
နောက် တစ် ဖန် မ ယား ထံ ဝင် သ ဖြင့် သ န္ဓေ ရ၍ သား ကို ဖွား မြင် သော် အ ဘ သည် အိမ် ထောင်၌ ဘေး သင့် သည် ကို အ စွဲ ပြု၍ ဗေ ရိ ယ အ မည် ဖြင့် မှည့် သ တည်း။
နောက်တစ်ဖန် မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ၍ သားကိုဖွားမြင်၏။ ထိုသားကို ဗေရိယအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ကိုယ်အိမ်ထောင်၌ အမင်္ဂလာရောက်သတည်း။
ထို့နောက် ဧဖရိမ်သည် မယားထံဝင်သဖြင့် မယားသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွား၏။ မိသားစုဒုက္ခရောက်ချိန်၌ မွေးသောကြောင့် သူ့ကို ဗေရိယ ဟုအမည်ပေး၏။
ထိုနည်းတူစွာဘုရားသခင်သည်ငါ၏သား မြေးတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မပျက်နိုင်မပြောင်းလဲနိုင်သော၊ထာဝရ ပဋိညာဉ်ကို ငါနှင့်ပြုထားတော်မူသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ငါ၏လိုအင်ဆန္ဒပြည့်စုံပြီ။ ဤကားငါ၏အောင်ပွဲပေတည်း။ ယင်းသို့ဖြစ်စေရန်ဘုရားသခင်သည် ဧကန်မုချစီမံတော်မူလိမ့်မည်။
ဖခင်ဖြစ်သူဧဖရိမ်သည်သားနှစ်ယောက် အတွက် ရက်ပေါင်းများစွာငိုကြွေးမြည် တမ်းလျက်နေသဖြင့် သူ၏ညီအစ်ကို များလာရောက်၍သူ့အားနှစ်သိမ့်ကြ၏။-
ဧဖရိမ်တွင်ရှေရနာမည်တွင်သောသမီး တစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန် မြို့နှင့်သြဇင်ရှေရမြို့တို့ကိုတည်ထောင် သူဖြစ်၏။